အကြွေးနှင့် အချစ်

မောင်လေးငယ်
အိမ်မှာ သားယေင်္ကျားလေး အငယ်ဆုံးဖြစ်လို့ သူ့ ကို အမတွေက ချစ်စနိုးနှင့် ခေါ်ရာကနေ ဒီနာမည် တွင်ခဲ့ရတာ။
သူ့မှာ နာမည် အရင်းရှိပေမယ့် အတန်းထဲမှာ ဆရာမက ခေါ်တာက လွဲလို့ အားလုံးက သူ့ကို မောင်လေးငယ်
လို့ပဲ ခေါ်ကြ သိကြတယ်။သူ့ဘဝလေးက အဆင်ပြေတယ်လို့ ဆိုရမယ်။သူနေတဲ့ မြို့ ငယ်လေးမှာ သူတို့မိသားစုက
လူလတ်တန်းစား လို့ ပြောရမယ်။သူ့အဖေက ဆီစက်ငယ်လေးတစ်လုံးနှင့် နေ့တိုင်း အလုပ်ရှုပ်နေတာ။အမေက
အိမ်ရှင်မကောင်းပီသတဲ့ အမေကောင်းတစ်ယောက်။သူ့မှာအကိုတွေမရှိဖူး အမလေးယောက်နှင့် နေရတော့
အငယ်ဆုံးသားလေးဆိုတော့ လိုတိုင်းတ ရမယ်ဆိုတဲ့ မိသားစုရဲ့ အချစ်ဆုံးလေး။ပြီးတော့ သူနေတဲ့ မြို့ငယ်လေးမှာ
သူနှင့် သက်တူရွယ်တူ သူငယ်ချင်းတစ်ယောက် ရှိတယ်။သူအရမ်းခင် အရမ်းချစ်တဲ့ ကောင်မလေးပေါ့။
မောင်ငယ်လေးက မိသားစုထဲမှာ အခွင့်ထူးတွေ ရနေပေမယ့် သူကလိမ်မာတယ်။စာကြိုးစားတယ်။
ယဉ်ကျေးတယ် ပတ်ဝန်းကျင်ကလဲ မောင်ငယ်လေးကို ချစ်ကြတယ်။သူ့ဘဝက ဘယ်လောက်အားကြစ၇ာ
ကောင်းလဲ။ဒါပေမယ့် သူ့ပတ်ဝန်းကျင်မှာ သူတစ်သက်လုံးနေလို့ မရမယ့် ကံသူ့မှာ ပါလာတယ်လို့ပြောရမလား။
သူရွေးချယ် ခဲ့တဲ့လမ်းက သူ့ပတ်ဝန်းကျင်မှာ လုပ်လို့ မရတဲ့ အလုပ်ဖြစ်နေတယ်။သူကျောင်းသွားတက်ရတော့မယ်။သူအားလုံးကို နှုတ်ဆက်ပြီးပေ မယ့်သူနှုတ်ဆက်ချင်တဲ့
တစ်ယောက်ကျန်နေသေးတယ်။ဒီလိုနှင့် သူလည်း မုသားတချို့ကို ဘဝမှာ မိသားစုအပေါ် ပထမဆုံး
သုံးပြီး သူချစ်တဲ့ သူကို သွားနှုတ်ဆက်တယ်။တကယ်တော့ အိမ်ကလည်း သိတာပါပဲ။ဖွင့်မပြောတာပဲရှိတယ်။
မောင်ငယ်လေးကလည်း အ၇မ်းရိုးသားတော့ ဖွင့်မပြောရဲဖူး။
မောင်ငယ်လေးရဲ့ ကောင်မလေးက သူတို့ မြို့လေးမှာ စတိုးဆိုင်လေး ဖွင့်ထားတာ မောင်ငယ်လေးက
လူကြီးတွေ အထူးသဖြင့်သူ့အကို မသိအောင် တွေကြရတာ မြိုလေးက သေးတော့ တွေ့ယင်တောင်
စကားလေးပြောခွင့်ရယင် ကံကောင်းတယ်။ပြီးတော့ ကောင်မလေးအကိုကလည်း မောင်ငယ်လေးကို
သိပ်မကြည်ဖူး။ကောင်မလေးကလည်း မောင်ငယ်လေးကို ချစ်ရှာပါတယ်။
မောင်ငယ်လေးက ကျောင်းသွားတက်တော့မှာ ဆိုတော့ နှတ်ဆက်ချင်တာပေါ့။
ဒါနှင့်တွေ့ကြပါပြီ။တွေ့တဲ့နေရာက သူတို့မြို့လေးရဲ့ အလှဆုံးဆိုတဲ့ ဆိပ်ကမ်းနားက ဘုရားလေးမှာ။ဘုရားက
သူတို့မြို့လေးရဲ့ အနောက်ဖက် မြို့စွန်နားမှာ။ဘုရားနားက အသုတ်ဆိုင်လေးကတော့ ချစ်သူတွေ စကားပြော
ဆုံတွေ့ကြတဲ့ နေရာလေးပေါ့။
“ဗီးနပ် မနက်ဖြန်ငါ ရန်ကုန်သွားရတော့မယ်”
“ငါသိပြီးပါပြီ”
“ငါကတော့နင့်ကို လွမ်းနေမှာ”
“နင်ကပြောတော့ လွမ်းနေမှာ ငါကတော့ နင့်ကိုစိတ်မချဖူး”
“ဘာဖြစ်လို့လဲ”
“ရန်ကုန်သူတွေက လည်ကလည်နှင့် နင်ငါ့ကို ပြစ်သွားမှာ စိုးတယ်။”
“ငါ့ရင်ထဲမှာ နင်ပဲရှိတာပါဟာ”
ဒီလိုနှင့် အလွမ်းလေးတွေသယ်ပြီး မောင်ငယ်လေးလည်း ရန်ကုန်ရွှေ မြို့တော်ကြီးမှာ စာသင် တစ်နှစ်
ဆယ်ခေါက်လောက် မြိုလေးကို ပြန် အကြောင်းပြချက်ကတော့ အိမ်ကိုလွမ်းလို့ တကယ်တော့
ဗီးနပ် ထက် သူ့ကိုဆွဲဆောင်နိုင်တာ သူတို့မြို့လေးမှာ မရှိပါဖူး။မိသားစုတော့ လွမ်းတာပေါ့။

အဲဒီနှစ်ကတော့ မောင်ငယ်လေးအတွက် ကံကောင်းခြင်းတွေ ပြည့်စုံတယ်လို့ ပြောရမဲ့နှစ်ပါ။
ကံဆိုးတာကတော့ တစ်ခုပါပဲ သူ့အတွက် အိမ်ကပိုက်ဆံမပို့တော့တာပဲ။
သူကခလေးမဟုတ်တော့ဖူး ဘွဲ့ရပြီးအလုပ်တောင်ရနေပြီ ကိုယ်ပိုက်ဆံကိုယ် ရှာတတ်ပြီ
ဒီတော့ “ငါသား မင်းကိုယ့် ဝင်ငွေကိုယ် လောက်အောင်သုံး”ဆိုတဲ့ သူ့စည်းကမ်းကြီးတဲ့ သူ့မိဘရဲ့ မူကြောင့်
သူ့အိမ်ကသူ့ကို ငွေမပို့တော့တာပါ။မပို့လည်း ရပါတယ် ဘာလို့လဲ ဆိုတော့ မောင်ငယ်လေး ရဲ့အလုပ်ကလည်း
ဝင်ငွေကောင်းတယ်လေ ဝင်ငွေ ကောင်းလို့ပဲ သူငယ်ချင်းတွေနှင့် စုပြီး တိုက်ခန်းတောင်ငါးနေလိုက်သေးတယ်
ပိုပြီးဆိုးတာက သူတို့ငါးနေတဲ့ တိုက်ခန်းအောက်တယ်လီဖုန်းဆိုင်က မို့မို့လေးကပါ သူ့ကို စိတ်ဝင်စားနေတယ်
ဒါပေသည့် မောင်ငယ်လေးရဲ့ ရင်ထဲမှာတော့ ဗီးနစ်မှ ဗီးနပ် ပဲ ကျန်တာတွေသူစိတ်မဝင်စားဖူး။
မို့မို့လေးကလည်း ရိုးသားအေးဆေးတဲ့ မောင်ငယ်ကို စိတ်ဝင်စားတာမဆန်းပါဖူး ခက်တာက မောင်ငယ်
ကိုယ်တိုင်က ဗီါ်နပ်ကလွဲပြီး သူ့ရင်ထဲမှာ ဘယ်သူမှ မရှိဖူ။အဲလောက်ထိ အချစ်ကြီးတာ။
အဲဖြစ်ချင်တော့ ဒီနှစ်မှာပဲ ဗီးနပ် တို့ မိသားစုလိုက် ရန်ကုန်ပြောင်းလာကြတယ်။
မောင်ငယ်လေးက ပျော်တာပေါ့ ချစ်သူနှင့် နေ့တိုင်းနီးပါးတွေ့ခွင့်ရတာ။

အဲခက်တာက ဗီးနပ်က မောင်ငယ်လေးကို မို့မို့ လေးနှင့် မသင်္ကာဖူးဖြစ်လာပြီး နေရာပြောင်းဖို့ပြောတယ်။
ဒါပေမယ့်မောင်ငယ်လေးက သူငယ်ချင်းတွေပေါ် ခင်မင်မှု့နှင့် နေရာမပြောင်းပဲ ဆက်နေတယ်။
“ဗီးနပ်ရယ် ငါနင်တစ်ယောက်ထဲကိုပဲ ချစ်တာပါ”
“ဒါဆိုနင် ငါ့စကားကိုဘာလို့ နားနထောင်တာလဲ”
“သြော် သူငယ်ချင်းတွေ ကြောင့်ပါ ပြီးတော့ အခန်းကလည်း ငါးထားတာ မပြည့်သေးဖူး”

မောင်ငယ်လေး အကြောင်းပြလို့ ကောင်းနေတုန်း မောင်ငယ်လေးအလုပ်က ရုတ်တရက် အနားပေးခံရပါတော့တယ်။တကယ်တော့ သူမလုပ်တဲ့ အပြစ်တစ်ခုကို သူကကြားဝင် တာဝန်ယူတော့
သူ့ပဲ အရေးယူခံရတာပေါ့။အလုပ်မလုပ် ရတော့ လခမရတော့ဖူး။လခမရတော့ စားသောက်နေထိုင် စရိန်ကြီးတဲ့
ရန်ကုန်မှာ မောင်ငယ်လေးဘယ်လိုနေမလဲ။အသိသကြွမ်း မိတ်ဆွေကလည်းနည်း အိမ်ကလည်း မပို့တော့။
နောက်ဆုံး မောင်ငယ်လေး မိသားစုဆီကလည်း ပြန်မတောင်းချင်တော့ ဗီးနပ်ကို အပူကပ်မိတယ်။
ဗီးနပ်ကလည်း ကူညီချင်ပါတယ် ဒါပေမယ့် မောင်ငယ်လေးကို မကျေနပ်ဖူး မို့မို့ လေးနှင့်ဝေးအောင်နေဆိုလည်း
မနေဖူး ပြီးတော့ ဖြစ်တဲ့ဟာကလည်း သူများအစား ဝင်ပြီးသူတော်ကောင်းလုပ်တာ။
“ဗီးနပ်ရေ ငါ့ကို ပိုက်ဆံ တစ်သောင်းလောက် ခဏချေးပါဟာ”
“နင်ဘယ်တော့ ပြန်ပေးမှာလဲ”
“ငါနောက် လကြယင်ပြန်ပေးပါ့မယ်”
“တကယ်နော်”
“တကယ်ပါ နင်ကလည်း ငါတို့ ရီးစားဖြစ်လာတာလည်းကြာပြီ နောက်ဆို ငါရှာသမျှ နင့်ကိုအပ်ရမှာပဲဟာ”
“ပြီးရော နောက်လပြန်မပေးလို့ကတော့ တွေ့မယ်”

ဒီလိုနှင့် မောင်ငယ်လေးလည်း ဗီးနပ်ဆီက ငွေတစ်သောင်း ခဏချည်းပြီး အလုပ်သစ် လိုက်ရှာတာ လူသာမောတယ် အလုပ်က မရ ဒီကြားထဲ အဖေ့ ဆီကများ အကူအညီ ရမလားဆိုပြီး တောင်းကြည့်တယ်
မရတဲ့အပြင် အကြီမ်းတောင်ခံရသေးတယ်။အဖေက အလုပ်နားရတာ မသိသေးဖူးကိုး။
၂ လလောက်ကြာတော့ ဗီးနပ်က လာပြီ ပြောပြီ
“နင်ငါ့ ပိုက်ဆံ ပြန်ပေးတော့လေ”
“အေးပါ တစ်ပါတ်လောက်စောင့်ပါအုံး”
“တာနှင့်နင် ဟိုဖုန်းဆိုင်က ကောင်မလေးနှင့် တော်တော် တွေ့နေတယ်ဆို”
“နင်မသိပါဖူးဟာ”
“ဘာ၇ယ်”
“ဘာမှ မဟုတ်ဖူး ငါပြန်တော့မယ်”
“နင်နောက်တစ်ယောက် ရှိနေပြီဆို ငါ့ဆီလာမနေနဲ့”

ဟူး........အလုပ်ကလည်း မ၇သေး ချစ်သူဆီက ယူထားတဲ့ အကြွေးတစ်သောင်း ဘယ်လိုဆပ်ရမလဲ။
ဒီလိုနှင့် မောင်ငယ်လေးလည်း အကြွေးမဆပ် နိုင်သေးတော့ ကောင်မလေးကို ရှောင်
နောက်ပြီး ဖုန်းဆိုင်မှာ အကြွေး ဆက်နေရတော့ မို့မို့လေး ကြေနပ်အောင် စကားတွေ ထိုင်ပြော
ရီမောနေတုန်း ဗီးနပ်က တွေ့ အကြွေးပေးရမှာ မပေးနိုင်သေးတော့ ပြေး
တစ်ကြိမ် ။နှစ်ကြီမ် ။
လေးငါးကြိမ်လောက် ရှိတော့ ဗီးနပ် လေးလည်းပေါ်မလာတော့ ဖူး။

ဝူးအခုမှပဲ နည်းနည်းစိတ်အေးရတော့တယ်။
ချစ်သူကိုတွေ့ချင်ပေမယ့်လည်း အကြွေး တစ်သောင်း
ဟင်း.............
သက်ပြင်းရှည်လေးချပြီးတော့ နေတဲ့ မောင်ငယ်လေးရဲ့ ဘဝ
တစ်ရက်တော့ အမကအလုပ်နားရတာသိပြီး ပိုက်ဆံပို့ လိုက်မယ်ဆိုပြီးဖုန်းဆက်တော့ ပျော်လိုက်တာ။
နောက်နေ့ကြတော့ မနက် ၁၀ နာရီလောက် သူငယ်ချင်းတွေအားလုံး အလုပ်သွားကြပြီ
အိမ်မှာ မောင်ငယ်လေး တစ်ယောက်ပဲရှိနေတုန်း စာပို့သမားက ခေါင်းလောင်းကြိုးလာဆွဲတော့ ပျော်သွားတာပေါ့။ပိုက်ဆံရပြီ အယင်ဆုံးချစ်သူကို အကြွေးဆပ်ပြီး သေချာတောင်းပန်၇မယ်။
ခေါင်းလောင်းကြိုးကို ဆွဲယူတော့ စာက သုံးဆောင်ဖြစ်နေတယ်။ပထမ တစ်ဆောင်ဖောက်ကြည့်တော့
အမဆီက ငွေပို့တဲ့စာ OK သွားထုတ်ပြီး ဒီနေ့ ဗီးနပ်နှင့် တွေ့မယ်ပေါ့။

ဒါနှင့် နောက်တစ်စောင် ကြည့်လိုက်တော့ ရုံးက အလုပ်ပြန်ဆင်းခိုင်းတဲ့စာ မောင်ငယ်လေးမှာ အပြစ်မရှိဖူးဆိုတာ အားလုံးကသိသွားကြပြီးပြန်ခေါ်တဲ့စာ။ဒီနေ့တော့ မောင်ငယ်လေးတို့ ထီပေါက်ပြီ။
မတွေ့ရတာ ၆ လလောက် ရှိပြီ ဖြစ်တဲ့ ဗီးနပ်လေးနှင့် လည်းတွေ့ရတော့မယ်
အလုပ်ကလည်း ပြန်ခေါ်နေပြီ
ငါကွ

ဝမ်းသာအားရနှင့် နောက်ဆုံးတစ်စောင်ကို ဖွင့်ကြည့်တော့
အောင်မယ်သူက နည်းနည်းထူတယ် ကြည့်ရတာ လက်ဆောင်ပစ္စည်းတွေထင်တယ်
ဖွင့်လိုက်တော့

သို့// ကို ငယ်

ဗီးနပ် ကိုငယ့်ကို အရမ်းစိတ်နာတယ်။ဒီက ကိုငယ်အလုပ်နားနေရလို့ လာကြည့်တာတောင်
အတွေ့ မခံဖူး ပြီးတော့ မို့မို့နှင့် ကြတော့ ပျော်လို့ ရီလို့ ၆ လဆိုတဲ့ အချိန်က ကျွန်မကို အသိတွေ အများကြီး
ပေးခဲ့တယ် နာကြင်မှုတွေ အများကြီးပဲ။ကိုငယ် ဗီးနပ်ကို မချစ်တော့ယင်လည်း ဖွင့်ပြောသင့်တယ်။
အခုဗီးနပ်ရဲ့ အချစ်ကို ဖိတ်စာနှင့် အတူ ပြန်ပို့လိုက်တယ်။

ကိုငယ့် ဘဝပျော်ရွင်ပါစေ။
ပုံ
ဗီးနပ်
မှတ်ချက် အကြွေးတစ်သောင်း ကို မင်္ဂလာပွဲ မတိုင်ခင်လာဆပ်ပါ။


လုပ်ရက်ပါပေ့ အချစ်ရေ စောစောက ပျော်နေတာလေးတွေတောင် ဘယ်ရောက်သွားမှန်း မသိတော့ဖူး
အလုပ်လည်း ရပြီ ပိုက်ဆံလည်း ရပြီ
ချစ်သူကိုတော့ လွတ်ကျရပြီ

သြော် အကြွေးတစ်သောင်းနှင့် မောင့်အချစ်ကို တန်ဖိုးဖြတ်ရက်လေတယ်ကွယ်။

လုပ်ချင်အုံးဟဲ့ သင်္ဘောသား




စာများများရေးဖို့ အချိန်မရှိလို့ နောက်ကြမှ ဘာတွေ လုပ်နေလဲ ဆိုတာ ရေးပြမယ်
သင်္ဘောသီး လုပ်ဖို့ စိတ်ကူးတယ်ဆိုရင် သေချာကြည့် သေချာကြည့်။

ဆြာယောရှင်းတမ်း




မောင်ယောရဲ့ အတွေး(၃)မှာ ရေးခဲ့တာလေးတချို့ကို ပြန်ရှင်းချင်လို့ပါ။မနေ့က မောင်ယောရေးခဲ့တာ အကြောင်းမဲ့
မဟုတ်ပါဖူး။မောင်ယော တွေ့ရတဲ့ သဘောင်္အရာရှိ တချို့ အပါအဝင် ကြိုးစားနေဆဲ စာမေးပွဲဖြေရန် ကြိုးစားနေသူ
အများစု မောင်ယော မေးကြည့်တယ်။တချားသူတွေ ကိုမပြောလိုပါ။ရေကြောင်းစာမေးပွဲ ဖြေဖို့ ကြိုးစားနေသူ
ထဲမှာတောင် လူနည်းစုကိုပါ။ဘာဖြစ်လို့လဲဆိုတော့ သူတို့ကပြောကြတယ် D.M.A ရေကြောင်းဦးစီးက
ဆရာတွေက ရစ်တယ် စာမေးပွဲကို အအောင်မပေးကြဖူးဆိုပြီး။ဆရာတွေပြောတာရှင်းရှင်းလေးပါ မင်းတို့
တတ်သင့်တာတတ်ယင် အောင်မယ်။တတ်တတ်မတတ်တတ် များများ အအောင်ပေးယင် ငါတို့မြန်မာ လက်မှတ်
တွေ အမှိုက်ပုံးထဲရောက် သွားမယ်။ဆရာကြီးတွေပြောတာ မှန်နေတာပဲ။ကျောင်းမှာ စာသင်တော့ ဆရာကြီးတွေ
သေချာသင်ပေးပါတယ်။
မောင်ယောမေးကြည့်တယ် လူနည်းစုက အရှေ့အနောက် တောင်မြောက် ဘယ်လိုခွဲခြားတယ် ဆိုတာမသိကြဖူး။
ကမ္ဘာ့ရေ ပြင်ပေါ်မှာ တည်နေရာရှာကြမယ့် ရေကြောင်း အရာရှိတွေ အနေနဲ့ ဒါလေးတောင်မသိယင်
ဘယ်လိုလုပ်ကြမလဲ။

စာမေးပွဲ မအောင်တိုင်း ဆရာကြီးတွေကို အပြစ်မတင်သင့်ဖူးလို့ မောင်ယောယူဆတယ်။
မောင်ယောလည်း ပညာရှင်မ ဟုတ်ပေမယ့် ဆယ်တန်းတော့ အောင်ခဲ့ပါတယ်။
မောင်ယောလည်းနည်းနည်းသိတော့ ကြွားလိုက်အုံးမယ်။
စကြာသဠာ ကြီးရဲ့ အပေါ်ကို တက် ငုတ်တုတ်ထိုင် အောက်ကတော့ တွဲလောင်းဖြစ်မနေစေနှင့်။
ကမ္ဘာကြီးကို ငုံ့ကြည့် ကမ္ဘာကြီးလည်နေတာ ကိုတွေ့လိမ့်မယ် ကမ္ဘာလည်တဲ့ ဖက်ကို
အရှေ့
ကမ္ဘာ လည်တာနှင့် ပြောင်းပြန်ကို
အနောက်
နောက်ပြီး အီကွေတာတည့်တည့် ဘေးတိုက် လာကြည့်
ကမ္ဘာကြီးရဲ့ အပေါ် ဖက်ကို မြောက်အရပ်
ကမ္ဘာကြီးရဲ့ အောက်ဖက်ကို တောင်အရပ်
မောင်ယောကတော့ အဲလိုပဲ နားလည်တယ် မှားခဲ့ယင် ခွင့်လွတ်ကြပါဗျာ။ ။

ဒီနေ့တော့ ကုန်းချုပ်ကြီးလည်း AUDIT ကနောက်တစ်ပတ်
မနေ့ကလည်း မြွေ (၆) ကောင် မိထားတော့ နောက် နေ့တွေ စာရေးနိုင်အုံးမယ်မထင်ပါ။
မနေ့ညက အိပ်တော့ စဉ်းစားယင်းအိပ်ပျော် သွားတာမိုးလင်းတော့ အုံးလွဲပြီး ခေါင်းက ဘယ်ညာတောင်
စောင်းလို့မရဖူး။ ဟင်း.........ပိုက်ဆံရှာရတာလည်းမလွယ်ပါလားနော်.......
ဓာတ်ပုံကမနေ့က ရိုက်ထားတာ။
ညနေကနေ စပြီးရာ သီဥတုကလည်းဖောက်လာတယ်။
သတိနဲ့ စောင့်ကြည့်နေရတယ်။
သင်္ဘောသားတွေ လွယ်လွယ်နှင့် ပိုက်ဆံမရဖူး ဆိုတာ ဓာတ်ပုံတွေကြည့်လိုက်ပါ။
ဒါ မောင်ယောရဲ့ ဘဝ ဘဝ ဒါပါပဲကွယ်။
အတွေးမလွဲကြပါနှင့်

မောင်ယော ရဲ့ အတွေးများ (၃)

အယင်ကလည်း အခုရေးမယ့် အကြောင်းအရာတွေကို အယင်ကလည်းစဉ်းစားမိပါတယ်
အခုမှရေးဖြစ်တာပါ။
ရေးမယ့်အကြောင်းအရာကတော့ ဘာမှ မထူးဆန်းတဲ့

အရှေ့။အနောက်။တောင်။မြောက်

ဘယ်လို ခွဲခြား သိမလဲဆိုတာပါပဲ။
လူတိုင်းတော့ သိကြပါတယ် ဒါပေမယ့် ဒီပညာရပ်နှင့် ပတ်သက်ပြီး အသက်မွေး ဝမ်းကြောင်းကြတဲ့ လူတွေ
အနေနဲ့ ပိုပြီးသိသင့်တယ် ထင်လို့ပါ။ပညာရှင်တွေလိုတော့ မောင်ယောမသိဖူး။
ဒါပေမယ့် မောင်ယောသိသလောက်လေးကို မေးကြည့် တာ တော်တော်များများက မောင်ယောကို

အရူးဆိုပြီး ပြောကြတယ်ဗျာ။
မောင်ယောတွေ့ ဖူးသူ(အလုပ်နှင့် ပတ်သက်နေသူများ)အများစုကဘာပြောလဲဆိုတော့
နေထွက်တဲ့ အရပ်ကိုအရှေ့
နေဝင်တဲ့ အရပ်ကို အနောက်
လက်ယာဖက်ကို တောင်အရပ်
လက်ဝဲဖက်ကို မြောက်အရပ်တဲ့

လုံးဝ(လုံးဝ)မှားတယ်
မောင်ယော ပြန်မေးတယ်
မောင်ယော သူငယ်ချင်းတွေကို မောင်ယော ပြန်ပြောပြတာလေးက

မင်းတို့အိမ်ခြံ ဝင်းထဲကို ကျွန်တော်မောင်ယောက
နေထွက် တယ်ဆိုတဲ့ အရပ်က ဝင်လာပြီး
နေဝင်တယ် ဆိုတဲ့ အရပ်က ထွက်သွားယင်

ငါက မြန်မာစာ နားမလည်လို့
“အဝင်နှင့် အထွက်ကို”
မသိတာနေမှာပေါ့။
ဒါမှ မဟုတ် မောင်ယောများ နိုင်ငံခြားမှာ အနေများလို့
အဝင် အထွက်တွေ
မှားကုန်တာလားမသိ တော့ဖူး။

ဆြာယောရဲ့ အတွေးများ (၂)

အခုရေးမယ့် အကြောင်းအရာကတော့ ရေးဖို့တော်တော်စဉ်းစားပြီးမှ ရေးတာပါ။အယူအဆတွေ မှားခဲ့ယင်
ခွင့်လွတ်ကြပါလို့ အယင်းကြိုပြီးတောင်းပန်ထားပါတယ်။
မောင်ယော အယင်တနေ့က မောင်ယောရဲ့ တူလေးတစ်ယောက် နှင့်စကားပြောဖြစ်တယ်
သူက (၇) နှစ်လောက်ပဲ ရှိသေးတဲ့ ခလေး တခြားအကြောင်းအရာတွေတော့ ထားပါတော့ သူက
ဂိမ်းဆော့တာ ဝါသနာပါတယ် သူဆော့တဲ့ဂိမ်းလေးက Version အသစ်ထွက်တော့ သူလည်းဆော့
မောင်ယောလည်းဆော့ပေါ့။မောင်ယောက အသက်ကြီးလာပေမယ့် စိတ်ပျိုအောင်လို့ ခလေးတွေနှင့်ပဲနေတာများတယ်။ခလေးတွေဆော့တဲ့ ဂိမ်းလေးတွေလည်းဆော့တယ်။သူဆော့တဲ့ ဂိမ်းကို
မောင်ယောလည်းကြိုက်တော့ လိုက်ဆော့တယ် အယင်တုန်းကတော့ ဆော့လို့အဆင်ပြေတယ် အခုက
အလုပ်ထဲမှာဆိုတော့ အဆင်မပြေဖူး။အခုရေးနေယင်းနှင်တောင် ဆေ့လုပ်ပြီးဂိမ်း သွားဆော့နေတာ
၃ နာရီလောက်ကြာသွားတယ်။မောင်ယော စောစောက ခလေးနှင့်စကားပြောတဲ့ အကြောင်းပြန်ပြောရယင်
မောင်ယော ကိုသူကမေးတယ်။ဂိမ်းက Version အသစ်ထွက်တာသိလားတဲ့။ဘယ်ရမလဲမောင်ယောလဲ
ကိုယ်တိုင်တောင်ဆော့ပြီးနေတော့ သိတယ်လို့ပဲ ပြန်ဖြေတာပေါ့။
“ဦးယော ဆော့ကြည့်ပြီးပြီလား”
“ဆော့ကြည့်တာပေါ့ ငါ့တူရယ်”
“အောင်သွားပြီလား”
ကိုယ်က လူကြီးဖြစ်နေတော့ ပြီးစလွယ်ပဲ
“အောင်သွားပြီ အဆုံးထိ ပြီးသွားပြီ”
ခလေးအထင်ကြီးအောင် ပြောလိုက်မိတာ
တကယ်တော့ ကိုယ်တိုင်လည်း အဆုံးထိ မဆော့ကြည့်ရသေးဖူး။
ဒီတော့ခလေးကပြန်မေးတယ်
“အဆုံးမှာဘာတွေ့လဲ”
ကိုယ်လည်းနည်းနည်းတော့ ကြောင်သွားတာပေါ့ ဟုတ်တယ်လေ ခလေးကသိချင်လို့မေးတာ ဆိုပြီး
အ၇င်Version ကတွေ့တာလေးတွေနှင့်
“ဆုရတာပေါ့ငါ့တူရယ်”
ဒီလိုဖြေ လိုက်တော့ ခလေးမျက်နှာက တစ်မျိုးဖြစ်သွားတယ်။
“ဦးယော သားကိုမလိမ်ရဖူးနော်”
“ဟ ကောင်ရငါမလိမ် ပါဖူး မယုံယင် မင်းပြီးအောင်ဆော့ကြည့်ပေါ့”
ကျွန်တော်က အဲဒီလိုပြောလိုက်တော့ ခလေးပြန်ပြောတဲ့ စကားကိုကြားပြီး ကျွန်တော် တော်တော်
တုန်လှုပ်သွားတယ်။
“ဦးယောကလည်း သားကအဆုံးထိ ကစားပြီးသွားပြီ ဦးယောပြောတဲ့ ဟာမဟုတ်ဖူး”
“သားကိုယ်တိုင် ကစားပြီး တွေတယ်”
“ဦးယော သားကိုပြောတော့ လိမ်မပြောရဖူးဆို ဦးယောတို့ လူကြီးတွေကြတော့ ဘာလို့ ညာပြောတာလဲ”
ဘုရား ဘုရား
အမူးတောင်ပြေသွားတယ်
မောင်ယော လက်ရှိလုပ်နေတာ Management Level
၇ နှစ်သားခလေးက ပြန်ပြောနေပြီး
“လူကြီးတွေ ကြတော့ ညာပြောလို့ရလား”တဲ့

ဆြာယော နှင့်စာသင်ခြင်း

စာသင်တယ် ဆိုတာ တကယ်တော့ လွယ်တာမဟုတ်ဖူး။
ကိုယ်က အသင်ခံရတဲ့ ဘဝကဘာမှ ပြသာနာမရှိသေးဖူး ဆရာသင်ပေးတာကို လိုက်မှတ် ကျက်ခိုင်းတာကို
ရအောင်ကျက် ရေးခိုင်းတာကိုရအောင်ရေး လွယ်လွယ်လေး မသိယင် ဆရာကိုပြန်မေး။
ညနေက တနေရာမှာတွေ့လိုက်တယ် စာသင်ပေးရတဲ့ ပုဂ္ဂိုလ် ကညီးနေတာ အာပေါက်မတတ်ပြောလည်း
နားမလည်ကြလို့တဲ့။မောင်ယောက ညဏ်နည်းတယ် ပညာအရည်အချင်းကလည်း ဘွဲ့တောင်မရဖူး။
တွေးမိသလောက်လေးကို ရေးချင်စိတ်ပေါ်လာလို့ရေးမိတာနော်။
မောင်ယောတို့ အလုပ်စလုပ်တဲ့ အချိန်တုန်းကဆို စာတွေဆိုတာ စိတ်ညစ်ပြီး သေချင်စော်နံလောက်အောင်
ဖတ်ခဲ့ကျက်ခဲ့ရတာ။စာတွေးလည်းရေးခဲ့ရတာ တွက်ခဲ့ရတာ ဆရာတွေကို အဲဒီ့အချိန်တုန်းက တော်တော်
အမြင်ကတ်တာပေါ့။မောင်ယောက မသိလို့မေးတာကို တိုက်ရိုက်မဖြေဘဲ စာအုပ်ကြီးတွေထုတ်ပေးပြီး
တွေ့အောင်ရှာခိုင်းတယ်။မတွေ့ယင် အပြစ်ပေးခံရမှာ ဆိုတော့ နေ့မအိပ် ညမအိပ် ရှာရတာ။
အခုတော့ လည်းဆရာတွေကို ပြန်သတိရမိတယ် ကိုယ်သိချင်တာလေး ရှိယင်တောင် ဘယ်စာအုပ်ထဲမှာ
ကြည့်ရမလဲလို့ အနီးကပ် မေးစရာလူမရှိဖူး။
နောက်ပြီး ကိုကသူများတွေကို စာပြန်သင်ပေး၇တော့ မယ်ဆိုတဲ့အချိန်မှာ မောင်ယောတို့ အကြီးအကျယ်
ဒုက္ခရောက်တော့တယ်။အယင်တုန်းက အသင်ခံရတုန်းက မသိယင်ပြန်မေးလို့ရတယ်။အခုပြန်သင်ပေးတဲ့
အချိန်ကြတော့ ငါ့ကိုပြန်မေးလို့ ငါမဖြေနိုင် မရှင်းပြနိုင်ယင် လယ်လိုလုပ်မလဲ ဆိုတဲ့ အတွေးကြီးက
စိတ်ထဲမှာ ရှိနေတော့ အယင်ကထက်ပိုသိအောင်လုပ်ရတယ်။စာတွေပိုဖတ်ရတယ်။
နောက်တခု မောင်ယောဒီရက်ပိုင်းမှာနားလည်သွားတာက ကိုယ်တိုင်နားလည်သဘောပေါက်ပေမယ့်
ကိုယ်သင်ပေးတာကို ခံယူမယ့်သူတွေက သင်မယ့်ဘာသာ အကြောင်းအရာကို စိတ်ဝင်စားရဲ့လား။
ကိုယ်သင်ပေးမဲ့ဘာသာရပ်ကို သင်ယူမဲ့သူတွေက စိတ်မဝင်စားဖူးဆိုခဲ့ယင် စိတ်ဝင်စားလာအောင်
လှည့်ပတ်ပြီး စည်းရုံးရသေးတယ်။
သူတို့တွေ စိတ်ဝင်စားလာပြီဆိုတဲ့ အချိန်ကြတော့ သူတို့ဆီက သိချင်တဲ့ မေးခွန်းသံလေးတွေထွက်လာအောင်
လုပ်ယူရသေးတယ်။မေးခွန်းလေးတွေ ထွက်လာကြပြီ ဆိုတော့မှ သူတို့သိချင်တာနှင့် ကိုယ်သင်ပေးချင်တာနှင့်
အကြောင်းအရာနှစ်ခုကို ပြန်ပြီးချိန်ညှိ ပြီးမှသင်ဖို့အစီအစဉ်ကိုပြန်လုပ်ယူ။
အဲနောက်တစ်ခုက အသင်ခံရသူတွေက ကိုယ်သင်ပေးမယ့် အကြောင်းအရာပေါ်မှာ ဘယ်လောက်ထိ
အခြေခံ အသိ ရှိလဲ ဘယ်အတိုင်းအတာထိ လေ့လာထားတာရှိလဲဆိုတာ လေ့လာကြည့်ရသေးတယ်။
ဘာလို့လဲဆိုတော့ ဆယ်တန်းအောင်အသိလောက်ရှီတဲ့သူကို ဘွဲ့လွန်တန်းက ဘာသာရပ်တွေ သွားပြောနေယင်
သူဘယ်လို လိုက်နိုင်မလဲ။
မောင်ယောအမြင်မှာတော့ အဓိကအရေးကြီးတာက အခြေခံအချက်လေးတွေကို နားလည်အောင်
စိတ်ဝင်စားလာအောင် လုပ်ပေးဖို့ အရေးကြီးတယ်ထင်တာပဲ။နောက်ပြီး သင်ယူမယ့်သူတွေကိုလည်း
သင်ပေးမယ့် ပညာရပ်တွေဟာ သူတို့အတွက် ဘယ်လောက် အသုံးဝင်ပြီး ဘယ်လို အခွင့်အရေးတွေ
ရမယ်ဆိုတာကို အဓိကထားပြီး အယင်နားဝင်အောင်ပြောသင့်တယ်ထင်တယ်။
နောက် သင်ယူတဲ့သူတွေရဲ့ စိတ်ခံစားချက် ကိုလည်းလေ့လာရသေးတယ်။သင်ယူတဲ့သူက ရီးစားနှင့် ပြတ်လို့
စိတ်ညစ်နေပါတယ်ဆိုမှ သူ့ကို တော်လေးဝ ဝင်မိန်းမ အကြောင်းသွားသင်ပေးယင် စိတ်မဝင်စားတဲ့အပြင်
သင်ပေးတဲ့လူကိုပါ ထမဆဲယင်ကံကောင်းတယ်မှတ်ရမယ်။

အမှားပါယင် ခွင့်လွတ်ကြပါ။

ဆြာယောရဲ့ အတွေးများ

ယနေ့ အချိန်အခါမှာတော့ သီချင်းတချို့နားထောင်ယင်း ကဗျာ တချို့ ဖတ်ကြည့်ယင်း စိတ်ကူးထဲ ပေါ်လာတာလေး
တချို့ကို ရေးချချင်စိတ် ဖြစ်လာပါတယ်။အဲတာကဘာလဲ ဆိုတော့ နိုင်ငံခြားသား တွေရေးထားတဲ့ ကဗျာလေးတချို့
ဆြာယော ရဲ့ မှတ်ညဏ်ထဲ ပေါ်လာပါတယ်။လက်ရှိနားထောင်နေ မိတာက ဘိုဝ ဘီယာမန်း ရဲ့ ကျွဲကိုရိုက်တဲ့
ပုံတွေမှာ သီချင်းနားထောင်ယင်းပေါ်လာတဲ့ အတွေးစိတ်ကူးပါ။


သီချင်းလေး ကိုနောက်မှ အပြည့်အစုံ ရေးပြမယ်။
အမြည်းကတော့

Every Night When I Drink I fell ယူ
That Is Life
I Love You (ဂရန်းဝီစကီ)
နောက်မှ ဆက်ရေးမယ်
ဒီနေ့တော့ ဆြာယောဖတ်ခဲ့ဖူးသော ကိဗျာ တစ်ဗုတ် ကို ခံစားကြည့်မယ်။


အိုမာခရမ်(မှားယင်ခွင့်လွတ်ကြ)က ကဗျာရှည်ကြီး ရေးခဲ့တယ်။
ကဗျာကြီးရဲ့ အစိတ်အပိုင်း တချို့က သိသလောက် ရေးပြရယင်

ဒီလောကကြီးမှာ
အရိပ်ကောင်းသော သစ်တစ်ပင်အောက်
လှပသော ရှု့ခင်းလေးနှင့်
ပန်းသီးတစ်လုံး
ဝိုင်တစ်ခွက်နှင့်
ချစိသူလေး ကသာ
တယောထိုးပြီး သီချင်းလေး
သီဆိုနေမယ်ဆို
လောကဟာ ပြည့်စုံနေပြီ။


အိုမာခရမ် ကသူလိုချင်တာသူရေးတာ အားလုံးကအပျစ်တင်ချင်ကြတယ်
ဘာလဲဆိုတော့ သူကအလေလိုက်နေတဲ့လူဆိုပြီး။
ဘယ်သူတွေဘယ်လို အပြစ်တင်တင် ဆြာယောတို့ ကကြိုက်တယ်။

ဒီကဗျာကိုပဲကျွန်တော် က ဒီလိုပြန်ပြီးရေးဖွဲ့ချင်ပါတယ်။


အမိမြန်မာပြည်ကြီးမှာ
ခိုင်ခန့်တဲ့ တိုက်ခန်းကြီးတစ်ခုထဲ
မီးလည်းမပြတ်တဲ့နေရာလေးမှာ
Aircon လေးဖွင့်ပြီး
စည်ဘီယာခွက်လေးတွေစီလို့
အမည်းပန်ကန်လေးနှင့်
ချစ်သုဝေ လိုမိန်းခလေးကသာ
ကားယား OK သီဆိုနေယင်
ဒါ ဘဝပဲလို့။ ။

အိုမာခရမ်ရဲ့ မူရင်းလေးတွေ နေရာသိယင် လမ်းပေးကြပါဗျာ။
Scan ဖတ်ပြီးသား လေးတွေ ရှိခဲ့ ယင်းလည်း ကူကြပါအုံးဗျာ

အသက်ရှုပြွန်ပိတ်ခြင်း

အခုရေးတဲ့ အကြောင်းအရာလေးက ပညာရှင်တွေအတွက် ကလေးကစားစရာ လေးလို့ ယူဆစရာရှိပါတယ်။
ဒါပေမယ့် မောင်ယောကတော့ လူတိုင်းသိသင့်တယ်လို့ ယူဆပါတယ်။လူတော်တော်များများလည်း သိပြီးသား
ဖြစ်ပါလိမ့်မယ်။
တကယ်တမ်း အသက်ရှူပြွန်ပိတ်တာကို english လို အခေါ်အဝေါ် ရှိပေမယ့် စာလုံးမပေါင်းတတ်လို့
ဒီအတိုင်းပဲ ရေးလိုက်ပါတယ်။သူကဘယ် အခြေအနေ မျိုးမှာဖြစ်တာလဲဆိုတော့
မာကြောတဲ့အစားအစာတွေကို ကြေညက်အောင် မဝါးပဲမျိုချတဲ့အခါ
အစာကိုပလုတ်ပလောင်း မျိုချတဲ့အခါ
နောက် အရက်နည်းနည်းပဲ ရှိပြီးလူကများနေတော့ များများသောက်ရအောင်ဆိုပြီး နွားငတ်ေ၇ကျ သောက်တဲ့အချိန်
နောက်ခလေးတွေ ဂေါ်လီလုံးလိုဟာမျိုးတွေနှင့် ဆော့ယင်း လည်ချောင်းထဲ ဝင်သွားတဲ့ အခါမျိုးတွေ
ဒါ့အပြင် ဖြစ်ချင်တဲ့လူတွေ ဖြစ်တာပါပဲ။
ပါးစပ်ကနေ မျိုချလိုက်တဲ့ အရာတွေက အစာအိမ်ကိုသွားတဲ့ လမ်းကြောင်းကို တည့်တည့်မသွားပဲ
အသက်ရှူလမ်းကြောင်းကို သွားပိတ်တော့ လူကအသက်ရှူလို့ မရတော့ဖူး။
အသက်ရှူရပ်ယင်တော့ အဲဒီ့လူသေတာပေါ့။ဒါပေမယ့် ကယ်ရမယ့်နည်းလမ်းတော့ ရှိတာပေါ့။
လူရဲ့ အတွင်းပိုင်းမှာ ဝမ်းဗိုက်နှင့် ၇င်ဘတ်ကြီးကို ခြားထားတဲ့ ဒိုင်ယာဖရမ်(စာလုံးပေါင်းမှားမှာစိုးလို့)ဆိုတဲ့
ရင်ဝမ်းခြားကြွက်သားပြားကြီးရှိတယ်။ဓာတ်ပုံတွေက ရန်ကုန်မှာ ကျန်နေခဲ့လို နားလည်သလိုပဲရေးပေးလိုက်တယ် အမှားပါယင်ခွင့်လွတ်ကြ စာတွေကလည်း မေ့တဲ့ဟာတွေမေ့ကုန်ပြီ။
စောစောကပြောသလို လူတစ်ယောက် အသက်ရှူလမ်းကြောင်းပိတ်ပြီ ဆိုယင် ပိတ်တဲ့ဟာကို ပြန်ဖွင့်ပေးနိုင်ယင်
သူအသက်ရှင်နိုင်တာပေါ့။ပြန်ဖွင့်ပေးဖို့က မောင်ယောသိသလောက် တစ်နည်းပဲရှိတယ်။
ဘာလဲဆိုတော့ အသက်ရှူလမ်းကြောင်းပိတ်တဲ့လူရဲ့ ရင်ဝမ်းခြားကြွက်သားပြားကြီးကို ကစားပေးရပါမယ်။
ဒီလိုကစားပေးမှ နဂိုရင်ထဲမှာ ရှိနေတဲ့ လေကြွင်းလေကျန်တွေက အပေါ်ကို ပြန်ပြီးဆောင့်တက်သွားတော့
စောစောက အသက်ရှူလမ်းကြောင်းမှာ ပိတ်နေတဲ့ ပစ္စည်းက အပေါ်ကို ပြန်တက်သွားပြီး အသက်ရှူ လမ်းကြောင်း ပြန်ပွင့်သွားတယ်။ဒီလိုဆို အဲဒီလူ အသက်ပြန်ရှူလိုရပြီ။။။။။။။။ု့
ရင်ဝမ်းခြားကြွက်သားကြီးကို ဘယ်လို လှုပ်ရှားစေမလဲ ဆိုတော့ မိမိကိုယ်တိုင်သော်ငှင်း တခြားသူတယောက်ယောက် ပဲဖြစ်ဖြစ် အသက်ရှူလမ်းကြောင်းပိတ်တဲ့သူရဲ့ ဝမ်းဗိုက်နေရာကို နောက်ကနေ
လက် ၂ ဖက်နှင့် ယှက်သိုင်းပြီး ခတ်ဆတ်ဆတ်လေး ဖိပေးပါ။ဆွဲဖိခိုင်းတာမဟုတ်ဖူး။အပေါ်ကို ပင့်ပြီးဆွဲိရမှာ။
အဲလောက်ဆို ကိုယ့်ပတ်ဝန်းကျင်မှာ သောက်ယင်းစားယင်း မတော်တဆ ဖြစ်ခဲ့ယင် လုပ်တတ်လောက်ပါပြီ။
အသက်ရှူလမ်းကြောင်း ပိတ်တာက ဘယ်နေရာမှာမဆို ဘယ်အချိန်မှာမဆို အချိန်မရွေးနေရာမရွေး
ဖြစ်တတ်ပါတယ်။ဘယ်လိုသိနိုင်လဲ ဆိုတော့ ယေဘုယ အားဖြင့် အသက်ရှူလမ်းကြောင်းပိတ်သွားတဲ့လူဟာ
အသံလည်း မထွက်တော့ဖူး။မျက်လုံးကြီးပြူးလာပြီး မျက်နှာတွေလည်း ပြာလာတယ်။
သူငယ်ချင်းတွေ သောက်စားနေတုန်းတွေ့ယင် နောက်နေတယ်မထင်ပဲ သတိထားဆောင်ရွက်သင့်ပါတယ်။


နောက်တစ်ခု ဒါလေးရေးနေယင်း မောင်ယော လွဲခဲ့ဖူးတဲ့ အကြောင်းအရာလေး တစ်ခုကို သွားသတိရမိတယ်။
မောင်ယော India နိုင်ငံ ဘုံဘေ မြို့မှာ ရှိစဉ်တုန်းက မောင်ယောက အလုပ်ထဲမှာ မီးလောင်မှုတစ်ခုဖြစ်တယ်။
မီးစလောင်တဲ့ နေရာမှာရှိတဲ့ ကောင်က သူ့ကြောင့်လောင်တာဆိုတော့ အလုပ်ပြုတ်မှာ ကြောက်လန့်ပြီး
မအော်ပဲ Rise မလုပ်ပဲနှင့် ဟဲ့မီးဟဲမီး ဆိုပြီး လက်နှင့်လိုက်ရိုက်ပြီးသတ်နေတာ မီးကပိုကြီးလာတော့မှ
အားလုံးတွေ့သွားပြီး ဝိုင်းငြိမ်းမှပဲ ငြိမ်းသွားတယ်။
မီးလောင်တာပြီးသွားတော့ အားလုံးအေးဆေးသွားတော့ ကြည့်လိုက်တော့ မီးကိုလက်နှင့် လိုက်ရိုက်တဲ့ကောင်
လက်ကို မီးလောင်တာဒဏ်ရာရတာပေါ့။သူဒဏ်ရာရတော့ မောင်ယောတို့ အလုပ်ရှုပ်ပြီ။သူ့ကို ကုသပေး
ဆေးရုံတင်ဖို့ နောက်ဲ့ ရုံးချုပ်ကို သတင်းပို့ဖို့ Report တွေ စာတိုပေရှည်တွေ မောင်ယောရေးပေးရတာပေါ့။
သူဒဏ်ရာရတာက ဗယ်ဖက်လက်(Left) ၂% နှုန်းလောက်ရှိမယ်ထင်တယ်။သူ့ကိုလည်း မောင်ယောကိုယ်တိုင်
ဆေးစာရေးပြီး ဆေးရုံတင် ရုံးကိုလည်း သတင်းပို့ ဆေးစာတွေရဲ့ ထုံးစံမှာ ဒဏ်ရာကဘယ်နေရာမှာ
ခန့်မှန်းခြေ ဘယ်လောက်ဆိုတာရယ် ရေးပေးရတယ်။ရုံးကို သတင်းပို့တော့ စောစောကရေးထားတဲ့ ဆေးစာနှင့်
ဒဏ်ရာဓာတ်ပုံ တွေကိုပို့လိုက်တယ်။နောက်နေ့ကျတော့ ထိခိုက်မှု့ အာမခံ ပေးဖို့ အာမခံကိုယ်(စား)လှယ်
လာစစ်တယ်။အေးဆေးပဲ အာမခံ လျှော်ကြေးလည်းရမယ် ဆိုပြီးကိုယ်(စား)လှယ်ကပြောပါတယ်။
ဒါဆိုအားလုံးအဆင်ပြေပြီ ကျန်တာက ရုံးအပိုင်းဖြစ်သွားပြီ။

ဒါပေမယ့် အာမခံ ကိုယ်စားလှယ်က ပြန်ခါနီး ဆေးစာရေးတဲ့ သူနှင့်တွေ့ချင်တယ်ဆိုတော့ မောင်ယောလည်း
တွေ့ရတာပေါ့ မောင်ယောကတောင်မေးလိုက်သေးတယ်
“မင်းလူနာကိုယ်လည်း ဆေးရုံမှာ တွေ့ပြီးပြီ Report တွေလည်း ဖတ်ပြီးသွားပြီ ဖြစ်စဉ်တွေလည်းလေ့လာပြီးပြီ
ဘာလိုသေးလို့လဲ”
“လိုတယ်သူငယ်ချင်း မင်းငါ့ကို Report အသစ်ပြန်ရေးပေး မရေးပေးယင် မင်းတို့လျော်ကြေးရမှာမဟုတ်ဖူး”
ဒါနှင့် မောင်ယောလည်းတော်တော်လန့်သွားတယ် စောစောက အားလုံးအဆင်ပြေနေပြီးချမှ လျော်ကြေးမရယင်
မောင်ယောလည်း အလုပ်ပြုတ်သွားနိုင်တယ်။ဒါ့ကြောင့် ကိုယ်စားလှယ်ကို တိုးတိုးလေးကပ်မေးကြည့်တော့
သူက မောင်ယောေ၇းထားတဲ့ Report က တနေရာကိုလက်ငြိုးထောက်ပြတော့ မောင်ယောမျက်လုံးပြူးသွားတယ်။ ဟုတ်တယ်လေ
တကယ်ဒဏ်ရာ၇တဲ့လက်က ဗယ်ဖက် Left
မောင်ယောရေးတဲ့ Report ထဲမှာ ညာဖက် Right
တခါတလေတော့လည်းလွဲတတ်ပါတယ်။
="http://www.youtube.com/v/5A1NT3l1y4s&hl=en&fs=1

ဆြာယောနှင့် ယိုးဒယား အပိုင်းအစများ (၁)

ကျွန်တော် ဘလော့ တစ်ခုကိုဝင်ကြည့် ချိန်မှာ ဘန်ကောက် လုံပနီ ညဈေးမှာ စားသောက်နေတဲ့
ဓာတ်ပုံလေးတွေ တွေ့ တော့ ဘန်ကောက် ရောက်ခဲ့စဉ်က အကြောင်းအရာလေး တချို့ကို ပြန်သတိရမိတယ်။
အခုလောလော ဆယ်သတိရနေတဲ့နေရာလေးက ပတ်ပတန်း ဖယ်ရီဆိပ်က ဆူကီဆိုင်လေး ရယ်
နောက်ပြီး ငရုတ်သီးနှင့် ကိုလာ ရေခဲ အရမ်းကြိက်တတ်တဲ့ ယိုးဒယားပျိုဖြူလေးရယ်ပါ။အခုတော့ ဆူကီဆိုင်လေး
ရှိသေးလား မသိဖူး မရောက် တာလဲ (၁၀)နှစ်လောက် ရှိပြီ။လေဆိပ်တော့ ထရန်စစ်(စာလုံးမပေါင်းတတ်လို့)
တော့ ဖြတ်သွားရတာပေါ့။ဘန်ကောက်မြစ်(နာမည်သေချာမသိပါ)ကို ဟိုဖက်ဒီဖက် ကူးတဲ့ဖယ်ရီ ဆိပ်က
ပတ်ပတန်း(ကျွန်တော်သိတဲ့နာမည်)ဖက်ဆိပ်ကမ်းက မြစ်ကမ်းဘေးမှာ ညဖက်နှီးဖျာလေးတွေခင်းပြီးရောင်း တဲ
ဆူကီဆိုင်လေးတွေ လေးငါးဆိုင်လောက်ရှိမယ်ထင်တယ်။မောင်ယောတို့ စားသောက်နေကြဆိုင်ကတော့
မြန်မာလူမျိုး ပိုင်တဲ့ဆိုင်လေးပါ။အဲ့ဒီ ဆိုင်မှာ အကင်တွေ ဘီယာတွေလည်းရတော့ စားတယ်မူးတယ်ပေါ့။
ဖယ်ရီ ပေါ်က ဆင်းဆင်းချင်း ညာဖက်ကို ကိုက် ၅၀ လောက်ရှောက်သွားယင် မောင်ယောတို့သောက်နေကြ
ဆူကီဆိုင်လေးကို ရောက်တယ်။ညာဖက် မချိုးဘဲ ဗယ်ဖက် ကိုက် ၂၀ လောက်ချိုးသွားမယ်ဆိုယင်တော့
မောင်ယော ပြောနေကြ ဘန်ကောက်ရောက်ယင် ကျက်သရေ ရှိအောင် ကြက်သရေကြော် စားတယ်ဆိုတဲ့
ဆိုင်လေးရှိတယ်။ကြက်အရေခွန်ကြော်က ဘတ် ၂၀ ဖိုးလောက်ဆို စားပါလေ။အမှန်ပြောရယင် အဲဒီ့အချိန်တုန်းက ဆူကီဆိုတာ ပထမဆုံး အကြိမ်သောက်ဖူးခြင်းပဲ။ကျွန်တော်တို့ ကို ဦးဆောင်သူကတော့
အဲ့ဒီ့ အချိန်တုန်းက မောင်ယောတို့ရဲ့ ရှေ့ဆောင်လမ်းပြကြီး တစ်ရက်ကို Red Label တစ်လုံး Mild Seven
တစ်ဗူးပုံမှန် မှီဝဲတတ်တဲ့ ဆြာမောင်ကြီး ဖြစ်ပါတယ် အသက်ကလည်း ၃၀ ကျော် မိန်းမကလည်း မယူရဲတော့
အရက်နှင့် ဆေးလိပ်ပဲသောက်ပြီး ပျော်ပျော်နေတတ်တဲ့ လူပျိုကြီး လူပေကြီးပါ။ဟိုတလောက မောင်ယော
နိုင်ငံခြား ထွက်ခါနီး တွေ့တော့ သူကဘာပြောလည်းဆိုတော့
“ကောင်လေး မသောက်နဲ့တော့ အရက်သောက်တာ မကောင်းဖူး လိမ်လိမ်မာမာနေတော့ မပေနဲ့တော့”
ဆိုပြီး ဆုံးမနေတယ်။သူကိုယ်တိုင်လည်း တိုက်ပုံတွေ ဘာတွေနဲ့ သပ်သပ်ရပ်ရပ်နှင့် အရက်တွေ ဆေးလိပ်တွေ
မသောက်တော့ဖူးဆိုပဲ။ဒါနဲ့ မောင်ယောလည်း ကောင်းကောင်းမွန်မွန်ပြန်ဖြေခဲ့တယ်။
“ဟုတ်ကဲ့ ဒါတွေက အကိုတို့ပဲ သင်ပေးခဲ့တာလေ ကျွန်တော်လည်း အကို့ အသက်အရွယ်ရောက်ယင်
ရပ်ပါ့မယ်။”လူကြီးစကားနားထောင်တယ်လေ။
ဒါနဲ့ ဆူကီအကြောင်းဆက်ပါအုံးမယ်။ညနေရောက်တာနှင့် ထိုင်ပါပြီ ပထမဆုံးထိုင်တာဆိုတော့လည်း
မောင်ယောတို့ ဟိုကြည့်ဒီကြည့်ပေါ့ တစ်ယောက်ကလာမေးတော့ ဆူကီတစ်ပွဲနှင့် ဘီယာမှာလိုက်တယ်။
မောင်ယောက ဆူကီမမြင်ဖူးတော့ စိတ်ဝင်စားစွာနှင့်စောင့်နေတာပေါ့။ဖျာပေါ်မှာ စားပွဲဝိုင်းလေးခင်း ထားတာ။
ပထမဆုံးလာချတော့ မီးသွေးဖိုကြီးဖြစ်နေတယ်။ဒါနဲ့မောင်ယော က
“ဟေ့လူ ဆူကီမှာတာ ဘာလို့မီးသွေးဖိုကြီးလာချတာလဲ ငါတို့မချမ်းပါဖူး မီးလှုံစရာမလိုဖူး ပြန်ယူသွား”
မြန်မာစားပွဲထိုးလေး ခမျာ အူကြောင်ကြောင်နှင့် ဟိုကြည့်ဒီကြည့်လုပ်နေတုန်း ဆြာမောင်က
“ဟေ့ကောင် မသိယင် တိတ်တိတ်နေ ဘာမဝင်မပြောနှင့် စောင့်ကြည့်”“ညီလေးချထားခဲ့”
မောင်ယောလည်းဘာမှ မပြောသာတော့ပဲ ဘီယာသောက်ယင်း စိတ်ရှည်စွာစောင့်ကြည့်နေလိုက်တော့တယ်။
နောက်တော့မှ ဆြာမောင်ကရှင်းပြတော့မှ မောင်ယောလည်းဆူကီဆိုတာဘာလည်း သိရတော့တယ်။
စားကြည့်တော့ကြိုက်လည်းတော်တော်ကြိုက်သွားတာနဲ့ နောက်နေ့တွေကြတော့ ဆြာမောင်တို့ မပါလည်း
မောင်ယောတို့ နေ့တိုင်းနီးနီးသွားစားတော့တာပါပဲ။ဈေးကလည်းတန်တာကိုး။

အဲကျန်သေးတယ်ဗျ ပထမဆုံးသောက်တဲ့နေ့မှာပဲ ဝိုင်းထိုင်ပြီးသောက်နေတုန်း နောက်ကနေ
“အကိုကြီး”
မိန်းခလေး အသံကြားလို့ လှည့်ကြည့်တော့ မောင်ယောနောက်မှာ အသက်နှစ်ဆယ်လောက်ရှိမယ့်
ကုလားမလေး တစ်ယောက်မောင်ယောကို နှင်းဆီပန်းလေး လာပေးနေတာတွေ့တော့
“ကျွန်တော့်ကိုပေးတာလား”
“ဟုတ်ကဲ့”
ဟာဘယ်ပြောကောင်းမလဲ မောင်ယောနှလုံးတွေခုန်ပြီးရင်တွေပါ တုန်သွားတာပေါ့။ကုလားမလေးက
ရုပ်ရည်လေးက သနားကမားလေး မောင်ယောလည်း ပီတိတွေဖျာပြီး သူမရဲ လက်ထဲကပန်းလေးကို
လှမ်းယူနေတုန်း ဆြာမောင်က
“လုပ်ပြန်ပြီ ဒီကောင် ပြသနာရှာပြန်ပြီ အေးဆေးဆေးမသောက်ဖူး”
ဆိုပြီး ကောင်မလေးကို ဘတ်ငွေအကြွေတချို့ပေးပြီးသွားခိုင်းလိုက်တယ်။
ဒီတော့မ မောင်ယောလည်း သဘောပေါက်သွားတော့တယ်။

မောင်ယောစဉ်းစားကြည့်တယ်။
ရောက်နေတာက ယိုးဒယားနိုင်ငံ
စားသောက်နေတဲ့ဆိုင်က မြန်မာပိုင်ဆိုင်
ပြီးတော့မြန်မာစကားတတ်တဲ့ ကောင်မလေး....................



မောင်ယောနှင့်ကိုရီးယား

တခါတုန်းကပေါ့ အလုပ်တစ်ခုထဲမှာ ကိုရီးယားလူမျိုးက အကြီးဆုံး အသက်ရော ရာထူးရော သူ့အောက်မှာ
အင်ဒိုနီးရှား။ပြီးယင်မောင်ယောပေါ့ အလုပ်ထဲမှာက ဗမာကများတယ်။မောင်ယောက နှင့်နောက်တစ်ယောက်က
မြန်မာ အများစုကို ထိန်းသိမ်းပြီး နေရလုပ်ရတာပေါ့။ကိုရီးယားလူမျိုးသက်ကြီးပိုင်း အများစုက ပြောရဆိုရတာ
တယူသန်ကြတယ်ထင်တယ်။မောင်ယောရဲ့လူကြီးကတော့ တကယ်တယူသန် သူပြောတာမှ အမှန် သူပြောတဲ့
အတိုင်းလုပ်ကြရတယ်။ဥပဒေသ တွေလာမပြောနဲ့ ဂရုကိုမစိုက်ဖူး။နားချိန်မှာတောင် ပုဆိုးမဝတ်ရ ဆိုပြီးအမိန့်
ထုတ်ထားတယ်။မောင်ယောကလည်း ပြောင်းလာခါစ လူသစ် သူ့အကြောင်းကောင်းကောင်း မသိသေးတော့
ခဏခဏ စကားများငြင်းခုန်ရတယ်။ပြီးတော့ သူကခွေးသားလည်းအရမ်းကြိုက်တယ်။သူကြိုက်တာအကြောင်း
မဟုတ်ဖူး မောင်ယောတို့ကိုပါ ကျွေးတယ်။မစားယင်သူက စိတ်ဆိုးသေးတယ်။ခွေးသားအပြင် ကင်ချီ ဆာရှီးမီ
တွေလည်းစားခိုင်းတယ်။ပြီးတော့သူ ကပြောသေးတယ် တာတွေက အရမ်းဈေးကြီးတဲ့ အစားစသောက်တွေ ဆိုပြီး။မောင်ယောတို့ ဘဝစဉ်းစားသာကြည့်။သူထင်တာက တခြားသူနဲ့ အလုပ်အတူလုပ်ဖူးသူ မြန်မာ အများစု
တွေက အသားစိမ်းငါးစိမ်း ဆိုလုံးဝ မထိကြဖူး ခွေသားလည်းရှောင်ကြတယ်။မောင်ယောတို့က ဘယ်ရမလဲ
ခွေးသားတော့မစားဖူးဆိုပြီးငြင်းတယ်။ဝက်။ပုဇွန်။ကင်းမွန်။ငါး အကုန် အစိမ်းလိုက် တွယ်တာ သူစားဖို့တောင်
မလောက်ဖူးဖြစ်သွားလို့နောက်တခါမကျွေးရဲ့တော့ဖူး။
နောက်တစ်ခုဆိုးတာက သူက english လိုပီပီသသ မပြောနိုင်ဖူး ပြီးတော့သူပြောတဲ့ အသံထွက်တွေကမှ အမှန်
မောင်ယောတို့ ပြောတာတွေ ကမမှန်ဖူးပေါ့။တချို့သော အသုံးအနှုန်းတွေကလည်းမတူပြန်ဖူး။
မောင်ယောတော်တော် ဒုက္ခရောက်တာပေါ့ နဂိုကမှ english လိုညံရတဲ့ ထဲမှာ။တနေ့တော့ သူကျွန်တော့် ကို
တော်တော်လေး စိတ်ဆိုးစရာပေါ်လာပါတယ်။မောင်ယောတို့ အလုပ်ရုံးခန်းက သူရယ်။အင်ဒိုနီးရှားရယ်။မောင်ယောရယ် သုံးယောက်တစ်ခန်းထဲမှ လုပ်ရပါတယ်။ရုံးခန်းထဲမှာ ကကော်ဖီသောက်ယင် ဖျော်တဲ့နေရာလေး ရှိတယ်။အဲဒီ့နေရာမှာ တဘက်အသေးလေးတစ်ထည်ခင်းထားပါတယ်။တခါတလေ ကော်ဖီဖျော်ယင်း နှင့် ဖိတ်တာလျှံတာ ဖြစ်ယင်
ဘေးကိုမပေအောင်လို့ပါ။တစ်လလောက်ကြာတော့ တဘက်အဖြူလေးလည်း ကော်ဖီ ဖိတ်တာ လျှံတာနှင့်
အစွန်းကွက်လေးတွေ ဖြစ်လာတော့ ကိုရီးယားက မောင်ယောကို လျှော်ဖို့တာဝန်ပေ လာတော့ မောင်ယောလည်း သေသေချာချာလျှော်ပြီး နောက်တစ်နေ့ ယူလာခဲ့တယ်။ကော်ဖီစွန်းတာက ဘယ်လောက်
လျှော်လျှော် မပြောက်ပါဖူး ပြီးတော့အဖြူရောင် ပေါ်မှာထင်တဲ့ အစွန်းကွက်ဖြစ်နေတော့ ပိုဆိုးတာပေါ့။
မနက်ကျတော့ မေးပါတော့တယ် မောင်ယော သေချာလျှော်ပြီးပြီလား ဆိုတော့ ပြီးပြီပေါ့။
ကိုရီးယားကလည်း မောင်ယောလျှော်ထားတဲ့ တဘက်ကို သေချာကြည့် ပြီးတော့ မင်းဘာနှင့်လျှော်တာလဲ
လို့မေးပါတယ်။“လက်နှင့်လျှော်တာ”
ကိုရီးယားက မျက်နှာကြီးရဲတက်လာပြီး
“လက်နဲ့တော့ငါ သိတာပေါ့ Soft Powder မသုံးဖူးလား မင်းလျှော်ထားတာ ပြောင်လဲမပြောင်ဖူး”
မောင်ယောလည်း နည်းနည်းတော့ စိတ်တိုလာတာပေါ့ အလုပ်မဟုတ်တာလည်းခိုင်းသေးတယ် အပြစ်လည်း
အတင်ခံရသေးတယ်။
“ငါက Soft Powder မသုံးဖူး Detergent သုံးပြီးလျှော်ထားတာ”
“ဘာပြောတယ်ကွ အဝတ်လျှော်တာ Soft Powder မသုံးဖူးဟုတ်လား”
မောင်ယောလည်း Soft Powder ဆိုတာကြားမှ မကြားဖူးတော့ ဘာပြောမှန်းမသိတော့
“မသုံးဖူး မင်းပြောတဲ့ Soft Powder ဆိုတာလည်း ငါမသိဖူး Detergent ပဲ သုံးပြီးငါသေချာလျှော်ထားတာ”
“ဘာလည်း Detergent ငါလည်းမင်းပြောတဲ့ Detergent ကိုမသိဖူး။Soft Powder သုံးပြီးပြန်လျှော်”
“မလျှော်နိုင်ဖူး ငါ Detergent နှင့် သေချာလျှော်ထားတာ မင်းဟာက ဒီ့ထက်ပိုမဖြူနိုင်တော့ဖူး”
“မရဖူး Soft Powder သုံးပြီးလျှော်ရမယ်”
“Soft Powder ဆိုတာဘာလည်း”
“မင်းတာလေးတောင်မသိဖူးလား ဒါနဲ့ မင်းပြောတဲ့ Detergent ဆိုတာ ရောဘာကြီးလည်း”
နှစ်ယောက်သားငြင်းခုန် ဆူညံပွက်နေချိန် မှာ အင်ဒိုနီးရှား ကောင်ကရောက်လာပြီး
"OK stop stop"ဆိုပြီးတားတယ်။
ပြီးတော့ သူရှင်းပေးပါ့မယ် သူနားလည်ပါတယ်ဆိုပြီးကြာထဲကနေ သူပဲရှင်းပေးပါတယ်။
အင်ဒိုနီးရှားက ပြောတယ် "Soft Powder နှင့် Detergent" အတူတူပဲ ဆိုပြီး ပြောပြတယ်။နှစ်ခုလုံးကဆပ်ပြာမှုန့်ကိုပြောတာ။တာနဲ့ သိပ်မကျေနပ်တဲ့ ကျွန်တော် မောင်ယောက
ခဏလေးဆိုပြီး အခန်းပြန်လာပြီး ရန်ကုန်က ပါလာတဲ့ ဆပ်ပြာမှုန့် ထုပ်လေး ကိုအပြေးယူလာတယ်။
ကိုရီးယားကို ဒီမှာကြည့် ငါတို့နိုင်ငံမှာ ဆပ်ပြာမှုန့်ကို Detergent လို့ပဲသုံးတယ်။
အဲဒီမှာ ကိုရီးယားကြီးကဘာပြောလဲဆိုယင် သူ့နိုင်ငံကထုတ်တဲ့ ဆပ်ပြာမှုန့်ထုတ်လေးပြပြီး
“ဒီမှာကြည့် ငါတို့ ကိုရီးယားမှာ ဒါကို Soft Powder လို့ပဲသုံးတယ် မင်းအခုအလုပ်လုပ်နေတာ ကိုရီးယား
Company ဒီတော့နောက်တခါ ငါ့ရှေ့မှာ ဒါကို Soft Powder လို့ပဲခေါ်ပါ”


ကျွန်တော် မောင်ယောတစ်ခွန်းတည်းပြန်ပြောလိုက်နိုင်ပါတယ်။

“ဟုတ်ကဲ့ပါခင်ဗျား”

အညာဆေးရိုး ကုန်သည်လုပ်တော့လည်း ဆေးနံ့ နံတာခံရတာပေါ့။

ဆြာယောနှင့် ဖောင်

လွန်ခဲ့တဲ့ တစ်ပတ်လောက်က မောင်ယော စင်္ကာပူက သူငယ်ချင်း တစ်ယောက်ကို အကူအညီ တစ်ခုတောင်း
ကြည့်တယ်။မောင်ယောက နောက်ထပ်စာမေးပွဲ တစ်ခုကို ပြင်ဆင်ယင်း အလုပ်မှာလည်း ပိုပြီးကျွမ်းကျင်အောင်
ကြိုးစားချင်စိတ်လေးတွေ ပေါက်နေတာ တော်တော်ကြာပြီ။ဒါ့ကြောင့် အခုဒီလပိုင်းမှာ စာတွေတော်တော်လေးကို
ဖတ်ဖြစ်နေတယ်။စာတွေများများဖတ်လေ များများ သိလေပေါ့။ခက်တာက များများသိလေ မောင်ယော
ဒုက္ခရောက်လေဖြစ်နေတယ်။အလုပ်ထဲမှာ အယင်တုန်းကတော့ မသိလို့ မလုပ်ဖူး နောက်စာတွေဖတ်ပြီး
သိလာတော့ အလုပ်ကိုပိုပြီး နားလည်လာတယ်။စည်းကမ်းပေါင်းများစွာ ကြားထဲမှာ လုပ်နေရတာ ဆိုတော့
ပိုပြီးတော့ လေ့လာချင်စိတ်လေးတွေကလည်း ရှိလာတယ်။(ဘယ်လိုရှောင်ရ တိမ်းရမလဲ ဆိုတာသိအောင်ပေါ့)
လေ့လာတယ်ဆိုတာကလည်း တစ်ယောက်တည်း စာထိုင်ဖတ်နေလို့ အကုန်သိတာမှာမဟုတ်ဖူး။
ပတ်ဝန်းကျင်မှာ ရှိတဲ့ သူငယ်ချင်း အချင်းချင်း တွေ့ဆုံ သောက်စား ပြောဆို ဆွေးနွေး နေမ အသိအမြင်တွေ
ဖလှယ်နေမှ ပိုပြီး သိမှာ ပိုပြီး တတ်မှာ။ဒါနဲ့ စကားမစပ် မောင်ယောရဲ့ အလုပ်ထဲမှာ လည်းလိုက်နာလုပ်ဆောင်
ရမဲ့ စည်းကမ်းတွေ ဖောင်တွေ ပြည့်ပြည့်စုံစုံ ရှိပါတယ်။ဒါပေမယ့် နေရာတကာ စပ်စုတတ်တဲ့ကျွန်တော်
မောင်ယောက ကိုယ့်ရဲ့အလုပ်တောင် နိုင်အောင်မနဲ လုပ်နေရတာ သူများအလုပ်ကို သွားပြီးစပ်စုမိတယ်။
သူငယ်ချင်းကို ဖုန်းဆက်ပြီး သူ့အလုပ်က ဖောင်(FORM) တချို့ကို အယင်ကြည့်ပါရစေ ဆိုပြီးလေ့လာပါရ
စေဆိုပြီး ဖုန်းဆက် တောင်းဆိုမိတယ်။သူငယ်ချင်းက မောင်ယောကို ပြင်းပြင်းထန်ထန် ဆဲဆိုပြီးငြင်းပါတယ်။
သူ့အကြောင်းပြချက်က သူအရမ်းအလုပ်ရှုပ်လို့တဲ့ လိုချင်တာများ အင်တာနက်ကနေ ဒေါင်းလုပ်ဆွဲချယင်
လွယ်လွယ်လေး ကိစ္စကို သူ့ကိုမလှမ်းတောင်းရသလားဆိုပြီးတောင်စိတ်ဆိုးနေသေးတယ်။
ဒါပေမယ့် လွယ်လွယ်နှင့် လက်မလျှော့တတ်တဲ့ မောင်ယောက သူ့ကို မရ ရအောင်ပြောတော့ သူလည်း
မလုပ်ချင် လုပ်ချင်နှင့်ပဲ မောင်ယော အကူအညီတောင်းတာကို လုပ်ပေးရှာပါတယ်။လူကြုံနဲ့ ပေးလိုက်တယ်။
ဒါနဲ့ ဖွင့်ကြည့်လိုက်တော့ ဘာတွေထွက်လာတယ် ထင်ကြပါသလဲ။
မောင်ယော အလုပ်နှင့် နည်းနည်းလေးမှ မပတ်သက်တဲ့ မြန်မာစာ ဖောင့်(FONTS) မျိုးစုံ ထွက်လာတယ်။
ဒါနဲ့မောင်ယောလည်း စိတ်တိုတိုနဲ့ ဖုန်းလှမ်းဆက်ပြီး အဲလိုမနောက်ဖို့ သူငယ်ချင်းကို ပြောတော့ သူကလည်း
စိတ်ဆိုးတာပေါ့။ဟုတ်တယ်လေ သူ့ဖက်က ကြည့်တော့လည်း အမှန် မောင်ယောလိုချင်တာကိုလည်း လုပ်ပေးရ
သေးတယ် ပြီးတော့ မောင်ယောကပြန်ပြီးအပြစ်တင်နေတော့ ဘယ်လိုဖြစ်နေမလဲဆိုတာစဉ်းစားသာကြည့်။
ဒါနှင့် မောင်ယောတို့ သူငယ်ချင်းနှစ်ယောက် ဖုန်းထဲမှာ စကားများနေကြတာ အြီကီးအကျယ်ပဲ။နောက်တော့
သူငယ်ချင်းက မသင်္ကာဖြစ်လာပြီး
“ဟေ့ကောင် မောင်ယော မင်းလိုချင်တာကို ငါ့ဖုန်းကို မတ်ဆေ့ ပို့လိုက် စာလုံးပေါင်းမမှားစေနဲ့”
ဒါနဲ့ မောင်ယောလည်း (FORMS) ဆိုပြီး MESSAGE ပို့လိုက်တယ်။
အဲဒီတော့မှ သူငယ်ချင်းက ဖုန်းပြန်ဆက်တယ် သူမှားသွားလို့တဲ့ FORMS နှင့် FONTS နားကြားလွဲသွားလို့။
တခါတလေ လွဲတတ်ပါတယ်။

ဆြာယောနှင့် G TALK သူများအားတောင်းပန်ခြင်း

ဆြာယောနဲ့ G-TALK ကြသူများကို ကြိုတင် ဝန်ခံ တောင်းပန်ထားပရစေ။
ကျွန်တော် အခုရေးတဲ့ အကြောင်းအရာကို ကျွန်တော့်ဆရာသာ သိခဲ့ယင် ချီးကျူးမလား တီးမလား မသိ။
ကျွန်တော် မောင်ယောသား ဟာဆိုလို့ရှိယင် အလုပ်ထဲမှာ ၂၄ နာရီ DUTY ထမ်းဆောင်နေရပါတယ်။
ဒါပေသိ မောင်ယောကတော့ ဘာလို့ အင်တာနက်မှာ ၂၄ နာရီ ရှိနေ ၇လဲလို့ မေးလာယင် ကျွန်တော်ဖြေပါ့မယ်။
မောင်ယောတို့က ပေးတဲ့လခ ယူထားပြီးယင် အလုပ်လည်းလုပ်တယ် ရှုပ်တာ မူးတာ ကတော့ ထုံးစံပေါ့။
သူငယ်ချင်း တစ်ယောက်စွပ်စွဲ သလို မူးပြီးရစ်ယင် မူးရစ်ကောင်ဆိုတာ မောင်ယောကို ပြောနေသလိုပါပဲ။
ထားပါတော့ ဘေးချော်ကုန်ပြီ။ဆြာယော ရဲ့ G-TALK ကိုဘယ်သူပဲလာလာ ဆြာယောက စကားကောင်းကောင်း
ပြန်ပြောပါတယ်။(မူးနေတဲ့အချိန် ရင်းနှီး တဲ့လူတွေ လာယင်တော့ ဆဲတာလေးတွေ ကလိတာလေးတွေ ပါတာပေါ့)
ဆြာယောလဲ အာသဝေါ မကုန်နိုင်သေးတဲ့ လောကီသားဖြစ်နေတာကိုး မှားတဲ့အခါလည်းမှားပေမပေါ့။
ဆြာယောရဲ့ အလုပ်တချို့ကိုပြောပြမယ်။ကျွန်တော်က အလုပ်ထဲမှာ ကြည့်ယင် ဘာမှ အလုပ်မရှိ သောက်လိုက်
စားလိုက် အိပ်လိုက် ဟိုလူ့လိုက်ပြော ဒီလူ့လိုက်ပြော ဆရာကြီးလုပ်နေတာပဲရှိတယ်။
ဒါပေသည့် အိပ်တာအိပ်နေတာ ဘာဖြစ်မလဲ ဘယ်လိုနေမလဲစဉ်းစားနေရတော့ အိပ်လို့မပျော်ဖူး။
အိပ်ပျော်လို့နိုးလာယင်လည်း အခုဘာလုပ်ရမလဲ ဘယ်အချိန်ဘာလုပ်ရမလဲ ရူးချင်စိတ်တောင်ပေါက်လာတယ်။
မောင်ယောယူထားရတဲ့နေရာကလည်း လူမိုက်နေရာ အလုပ်တစ်ခုလုံးရဲ့ အပေါ်အောက် ရှောင်လွှဲလို့မရတဲ့နေရာ အပေါ်ကလည်းထောင်းမယ် အောက်ကလည်းဆောင်းထိုးမယ်။
ဒီတော့ ဆက်ရေးရမယ်ဆိုယင် မောင်ယောလည်း တခါတလေ ကွန်ပျူတာကို ဖွင့်ထားပြီး အလုပ်ထဲမှာ
ဟိုပြေးဒီပြေးပြေးနေရ ပါတယ်။ဒါ့ကြောင့်တခါတလေ ကွန်ပျူတာရှေ့မှာ ၄ ....၅ နာရီလောက်ထိ ဖွင့်ထားပြီး
ကင်းကွာနေတတ်ပါတယ်။ဒါ့ကြောင့်မလို့ မောင်ယောကို G-TALK ကနေ စကားပြောတဲ့အခါမှာ ပြန်မဖြေ
နိုင်လို့ စိတ်မဆိုးကြဖို့ တောင်းပန်ပါတယ်။နောက်တော့မ အလုပ်နဲ့ ပတ်သက်ပြီး သေချာရေးပြပါ့မယ်။



အားလုံးကို
လေးစားဗတယ်(ရမ်ဘိုလေသံ)
ဆြာယော@

သုံးထပ်သားကင်

မနေ့က တနေကုန် စာရွက်စာတမ်းတွေနှင့် ခေါင်းတွေမူးနောက်ပြီး စိတ်တွေကလည်း ရှုပ်ထွေးနောက်ကျိ
တယ်။ညနေဖက်ရောက် တော့ဘာလုပ်ရမှန်းလဲမသိ လူလဲအူကြောင်ကြောင် ဖြစ်နေတာနှင့် မထူးပါဖူးဆိုပြီး
ရေခဲသေတ္တာ ထဲက သုံးထပ်သား ဝက်သား တစ်ပိသာလောက်ထုတ် ရေစိမ်ထားပြီးသကာလ အထူ (၁) လက်မ
လောက် အမြှောင်းလိုက်လှီးပြီး သံပရာသီး (၃)လုံးလောက်ညစ် ပဲငံပြာရည် အရောင်တင်အစပ်မှုန
ကြက်သွန်ဖြူ။နီ။ဂျင်း တို့ကို ဖျော်ရည်ဖျော်စက်နှင့် မွှေ့ပြီး အကုန်ေ၇ာနယ် ပြီးကိုယ်တိုင်လုပ်ထားတဲ့ လက်လုပ်
ကင်ချီ အရေလေး ထည့်ပြီး နာရီဝက်လောက် နှပ်ထား။ မီးသွေးဖိုမရှိတော့ မုန့်ပုံးခွံကို ထက်ခြမ်းခွဲ်မီးသွေးထည့်ပြီး
မီးမွှေး ပြီးတော့ အပေါ်က သံဇကာလေး တစ်ခုတင်ပြီး စောစောက နှပ်ထားတဲ့ သုံးထပ်သားကိုကင်ပါတယ်။
ကင်နေတုန်း မကျက်တကျက်မှာ ထောပတ်လေး နည်းနည်းသုတ်ပေး။ခဏကြာတော့ အဆီတရွဲရွဲနှင့် သုံးထပ်သားကင်လေး ရပါပြီ။ပြီးတော့ Carlsberg Beer လေးနဲ့ ကစ်ပြီး အိပ်လိုက်ပါတယ်။ဘယ်ပြောကောင်း
မလဲ ကင်ချီနှင့်ဝက်ကင် ပြီးတော့ ဘီယာလေး။

အိပ်ကောင်းနေတုန်းမနက် လေးနာရီလောက်လဲ ရောက်ရော တစ်ယောက်ကလာနိုးပါတော့တယ်။
မိုးရော လေရောချတော့ မသင်္ကာတာနှင့် အပေါ်တက်ကြည့်တာ အားပါးပါး
အရေးပေါ် အခြေအနေ ဒါနဲ့ပဲ အရေးပေါ် Alarm ကောက်တီးပြီး တစ်နာရီလောက် ဟိုပြေးဒီပြေး လုပ်လိုက်ရတယ်။လုပ်ရတာအကြောင်းမဟုတ်ဖူး ဆိုးတာက အမူးမပြေတပြေ ပြေးလွှား လိုက်တော့
အလုပ်ပြီး အခြေအနေကို ထိန်းပြီးတာနှင့် ချက်ချင်းဝင်အိပ်လိုက်တယ်။
အိပ်ယာထတော့မ ဒုက္ခ ရောက်တော့တာ ညာဖက်ဒူးက မနေ့ညက ဘာနှင့်ဝင်ဆောင့်သွားလည်းမသိဖူး
နည်းနည်းလေးယောင်ပြီး နာနေတော့တာပဲ။

နောက်မပဲ ကင်ချီ လုပ်နည်းနှင့် ငပိလုပ်နည်းလေးတွေရေးပါအုံးမယ်။
့်

မျိုးမြင့်သန်းနှင့် သမီးရဲ့ဦး

မျိုးမြင့်သန်း မော်လမြိုင်ရောက်စဉ်ကပေါ့.... ဆရာတက္ကသိုလ်ဘုန်းနိုင်ရေးတဲ့ဝတ္ထုထဲမှာတော့ မော်လမြိုင်ဟာတကယ်ကို ကြည်နူးလွမ်းဆွတ်ဖွယ်ကောင်းတဲ့ မြို့လေးပါ။မော်လမြိုင်ဆိပ်ကမ်းကို ရေးဖွဲ့ထားတာများ တကယ်ကို ကြည်နူးစရာလေးပါ။ဒါပေမယ့်မျိုးမြင့်သန်းကတော့ ခံစားလို့မရခဲ့ဖူး။ကြည်နူးချိန်
မရခဲ့လို့ပါ။ကောင်းကောင်းမှတ်မိတာကတော့ ကမ်းနားလမ်းရယ် သင်္ချိုင်းကုန်းရယ် ချစ်သမီးလေးရယ် ။
ဒီ ၃ ခုကိုမောင်ယောတစ်ခုချင်းရှင်းပါ့မယ်။
အဲ့ဒီ့အချိန်တုန်းက မျိုးမြင့်သန်းကို အလုပ်ထဲမှာ ဆရာလေးလို့ခေါ်ကြပါတယ်။(ကြွားတာနော် ဟီဟိ။)အလုပ်မှာ
အဓိကခေါင်းဆောင်က မျိုးမြင့်သန်းသူငယ်ချင်းမလေးရဲ့ ဦးလေး သူ့လက်အောက်မှာ မျိုးမြင့်သန်းနှင့်နောက်တစ်ယောက် အဲဒီတော့လွတ်လပ်ပုံများ ဘယ်ပြောစရာလိုတော့မလဲ့။ စဉ်းစားသာကြည့်တော့။အလုပ်ထဲမှာ တာဝန်ကျ အရာရှိနှစ်ယောက်ပဲရှိတာ တစ်ယောက်ကနှစ်ဆယ့်လေးနာရီ
ဆက်မရေးဖူး စဉ်းစား။မျိုးမြင့်သန်းကတော့ တာဝန်ကျေတယ်လေ။ဟဲဟဲ ဘယ်မလဲတာဝန်ခံ မမေးလိုက်နှင့်
မရှာလိုက်နှင့် အလုပ်ထဲမှာလုံးဝမရှိဖူး။(အိပ်ချိန်တချို့ကလွဲလို့)(နောက်တာနော်)
မျိုးမြင့်သန်းရဲ့ နေ့စဉ်တာဝန်တွေက မနက် ၁၀ နာရီလောက် အိပ်ရာထမယ်။ပြီးယင်တည်းခိုခန်းဘေးက အပျိုကြီးနှစ်ယောက် ရောင်းတဲ့(အခုတော့မသိ) လက်ဖက်ရည်ဆိုင်မှာ ကော်ဖီတစ်ခွက်သောက်မယ်။သတင်းစာ
ဖတ်မယ်။ပြီးအလုပ်ကို တစ်ပတ်ပတ်စစ်မယ်။LONDON လေးဖွာပြီးစဉ်းစားမယ်။ဘယ်သွားယင်ကောင်းမလဲ။
သွားပါပြီ VIEW POINT

အထင်မကြီးကြနဲ့အုံး VIEW POINT ဆိုတာ ငွေမိုးဟော်တယ်ဘေးနားက ယမကာဆိုင်နော်။
အဲဒီမှာ ကောင်မလေးတွေလည်းရှိတယ် ကောင်တာက အရောင်းစာရေးမလေးတွေ ကိုပြောတာ
သူတို့က မျိုးမြင့်သန်းတို့ဝင်လာပြီဆိုတာနှင
ဦး ဦး နှင့် တစ်ဦးထဲဦးပြီး ဝိုင်းနေတာပဲ ဆိုးတာက မော်လမြိုင်က ကောင်မလေးတွေက ဘာဖြစ်လို့မှန်းမသိ
ယောကျာင်္းလေးဆို ကြီးကြီးငယ်ငယ် (အသက်) ဦး ပဲခေါ်ကြတာတော်တော်ဆိုးတယ်။အကိုလောက်ဆို
့် တော်သေးတယ်။အဲဒီ့ဆိုင်မှာကအရက်နှစ်ခွက်လောက်သောက် ပြီးအလုပ်ထဲပြန်လာ။
ကောင်မလေးတွေကလည်း လွမ်းသလို ဆွေးသလို မူနွဲ့နွဲ့ မျက်နှာလေးတွေနှင့်ကျန်ခဲ့ပေါ့။
အလုပ်ရောက်တာနှင့် မျိုးမြင့်သန်းလည်း ကာတွန်းစာအုပ်ဖတ်တော့တာပဲ။ပြီးယင်ထမင်းစား။
ထမင်းစားပြီးတာနှင့် အအေးဆိုင်သွားတာပဲ။သမီးလေးကတော့ အအေးဆိုင်ကနေစတဲ့ဇာတ်လမ်းလေးပေါ့။
အအေးဆိုင်ကလည်း မျိုးမြင့်သန်းကို ရင်းနှီးနေပြီ။နေ့တိုင်းလာသောက်ပြီး နှစ်နာရီလောက်ထိုင်ယင်း ကာတွန်းစာအုပ်ဖတ်နေတာကိုး။အဲဒီ့အအေးဆိုင်ကမော်လမြိုင်မြို့ မွန်အမျိုးသားပြတိုက်နားမှာရှိတယ်။
ဆိုင်မှာအမြဲတမ်း ရှိနေတာက ဆိုင်ရှင်အဒေါ်ကြီးရယ် သူသမီးကျောင်းသူလေးတစ်ယောက်ရယ်ပါ။
ကျောင်းသူလေးကချောလို့ မျိုးမြင့်သန်းက နေ့တိုင်းသွားတာပေါ့။မဟုတ်ယင်လှည့်တောင်ကြည့်မှာမဟုတ်။
တစ်နေ့တော့ မျိုးမြင့်သန်းလည်း ကာတွန်းစာအုပ်မပါပဲ အအေးဆိုင်ရောက်သွားတယ်။
ဆိုင်ထဲေ၇ာက်တော့ အူကြောင်ကြောင်ဖြစ်နေတာနှင့် ဟိုကြည့်ဒီကြည့်ကြည့်တော့ ကောင်မလေးလက်ထဲက
ကာတွန်းစာအုပ်ကိုတွေ့တာပေါ့။
"သမီး ဘာစာအုပ်လေးလဲ"
"သြော် လူပျိုကြီးစောတင်မောင်ရဲ့ သမီးရဲ့ဦး အကြောင်းဖတ်နေတာ"
"ဦးဖတ်ကြည့်လေ ဖတ်လို့ကောင်းတယ်"
ကောင်မလေး လာပေးတာနှင့် မျိုးမြင့်သန်း လည်းကာတွန်းစာအုပ်လေးကို ယူပြီးမျက်နှာဖုံးကို
ဆွေမင်း(ဓနုဖြူ)ရေးတဲ့ လူပြိုကြီးစောတင်မောင်ရဲ့ ဦးရဲ့သမီး ဖြစ်နေတယ်။
နေရာတကာ အျမှန်အတိုင်း ကြိက်တဲ့ မျိုးမြင့်သန်းက
"သမီးမှားနေပြီ သမီးရဲ့ဦး မဟုတ်ပါဖူး ဦးရဲ့သမီးပါ"
"ရှင်"
"ကာတွန်းစာအုပ်ကိုပြောနေတာ သမီးရဲ့"
"သြော် ဦးကလည်း သမီးရဲ့ဦးပါ "
"မဟုတ်ဖူး ဦးရဲ့ သမီးပါ"
"ဦးရဲ့ သမီးပါ"
"သမီးရဲ့ဦးပါ"
ဒီလို ငြင်းနေကြပြီး
ခဏကြာတော့ကောင်မလေး လဲအထဲပြေးဝင်သွားတယ်။
မျိုးမြင့်သန်းလည်း ကာတွန်းစာအုပ်လေး ကိုင်ပြီး အူကြောင်ကြေင်နှင့်ကျန်ခဲ့တယ်။
ခဏလောက်ကြာမ သူစဉ်းစားလိုက်မိတာကတော့
သူကကောင်မလေးကို သမီး လို့ခေါ်တယ်
ကောင်မလေးက သူ့ကို ဦးလို့ခေါ်တယ်။


ဒီလိုနှင်ပဲ မထင်မှတ်တဲ့ အဖြစ်အပျက်လေးတွေ ဖြစ်ခဲ့တာပါ။
မျိုးမြင့်သန်းလည်း အအေးဖိုးတောင်မရှင်းနိုင်တော့ပဲ ငူငူငိုင်ငိုင်နှင့် ပြန်လာခဲ့၇တယ်။
အခန်းထဲရောက်တော့ စောတင်မောင်စာအုပ်လေးဖတ်လိုက် စဉ်းစားလိုက် သက်ပြင်းချလိုက်နှင့် အူကြောင်ကြောင်ဖြစ်နေတယ်။သူပဲမှားသလားဆိုပြီး စာအုပ်မျက်နှာဖုံးခေါင်းစဉ်ကို ကြည့်တော့လည်း
ဦးရဲ့သမီးပဲ။ဒါဆိုဘာမှားတာလဲ။နောက်ပြီးအယင်နေ့က အဖြစ်အပျက်လေးတွေ ကိုပြန်စဉ်းစားကြည့်တော့
သူ့စိတ်ထဲမှာ တဖြည်းဖြည်း မြင်လာတယ်။ကောင်မလေးရဲ့ ချစ်စရာကောင်းပုံလေးတွေ။တခြားဝိုင်းတွေရှိနေ
ယင်တောင်မ သူဝင်လာတာနှင့် သူထိုင်တဲ့နေရာကို အယင်ဆုံး လာပြီး ဦးဘာသောက်မလဲလို့မေးတာလေးတွေ
သူထိုင်တဲ့စားပွဲကို သန့်ရှင်းလုပ်နေပုံလေးတွေ။ပြီးတော့ကောင်မလေးရဲ့ အလှ။
အအေးခွက်လာချတုန်း ကောင်မလေးရဲ့လက်သွယ်သွယ်လေး တွေကနီနီရဲရဲလေးဆိုတော့ ကိုက်စားချင်စရာလေး ပြီးတော့ အပြစ်ကင်းစင်ပြီး ကလေးဆန်ဆန် လေးနှင့်အရမ်းလှတဲ့ ကောင်မလေးရဲ့စတိုင်
(မော်လမြိုင် အိုးဆိုတာတော့ကြားဖူးကြမယ်ထင်ပါတယ်နော် မရေးတော့ဖူး)
တခြား အအေးသောက်တဲ့လူတွေ မရှိလို့ရှိယင် သူနှင့် မျက်နှာချင်းဆိုင်လာထိုင်ပြီး စကားလာပြောတာလေးတွေ
မျိုးမြင့်သန်းက သူ့ရဲ့အလုပ်အကြောင်းတွေ ကိုပြောနေတဲ့အချိန်မှာ ကောင်မလေးက ငါရုံစိုက်ပြီးနားထောင်နေတာလေးတွေ။တခါတလေ ထူးဆန်းတဲ့ အကြောင်းအရာ တွေပြောပြ တဲ့အခါ
ကောင်မလေးက အံ့သြပြီး ပါးစပ်လေးဟ မျက်လုံးလေးပြူး နေတဲ့ပုံစံလေးတွေ။
စဉ်းသားယင်းနှင် ကောင်မလေးရဲ့ ချစ်စရာ ကောင်းတာလေးတွေ အများကြီးပေါ်လာတယ်။
ရင်တွေခုန်လာ ကိုယ်တွေပူလာပြီး ကယောင်ခြောက်ခြားတွေ ဖြစ်လာတယ်။
"သမီးရဲ့ဦးတဲ့"
"သမီးရဲ့ဦး"
"သမီးရဲ့ဦး"
"သမီးရဲ့ဦး"
"သမီးရဲ့ဦး"
ကောင်မလေးကတော့ ဘယ်လိုနေတယ်မသိ။မျိုးမြင့်သန်း တစ်ယောက်တော့ ကောင်းကောင်း ဒုက္ခရောက်ပြီ။
မဟုတ်ဖူးဆို ပြီးရှင်းလိုက်မိတော့မ ဘာတွေဖြစ်ကုန်ပြီလဲ မသိတောဖူး။
မျိုးမြင့်သန်းရဲ့ အခြေအနေက ကောင်မလေးကို ရည်းစားစကားလိုက်ပြောရအောင်ကလည်းမဖြစ် သူက
မော်လမြိုင်ကို တာဝန်နဲ့လာတဲ့ ဧည့်သည် လူမြင်လို့မသင့်တော်။အအေးသောက်ယင်း ၇ည်းစားစကားပြော
ရအောင်လည်းမဖြစ်နိုင်။တစ်ယောက်ယောက်နှင့် စာပေးခိုင်းရအောင်ကလည်း လက်ခံယင်တော်ရဲ့။
ဘာလုပ်ရမှန်းမသိဖြစ်နေတဲ့ မျိုးမြင့်သန်းတစ်ယောက် အဲဒီ့နေ့က ဘယ်မှမသွားတော့ပဲ VIEW POINT တွင်
မူးအောင်သောက်တာ အခန်းတောင်ဘယ်လို ပြန်ရောက်မှန်းမသိခဲ့ဖူး။
နောက်နေ့မှာတော့ ကာတွန်းစာအုပ်ပေးစရာရှိတာ နှင့် အအေးဆိုင်သွားတော့ ကောင်မလေးက ခါတိုင်းလိုပဲ။
မျိုးမြင့်သန်းပဲ ရင်ခုန်လိုက် ခေါင်းရှုပ်လိုက်ဖြစ်နေတာ။ခါတိုင်းနေ့လိုတော့စကားမပြောဖြစ်ကြဖူး။
ကောင်မလေးက လည်းစာတွေပဲရေးနေတယ်။မျိုးမြင့်သန်း လည်းတစ်ယောင်တည်း ငေါင်တောင်တောင်
ဖြစ်လာတာနှင် အအေးသောက်ပြီး
"သမီးရေ ပိုက်ဆံရှင်းမယ်။မနေ့က ဟာပါပေါင်းတွက်လိုက်"
"ဟုတ်ကဲ့ ............ ကျပါတယ်။"
ပိုက်ဆံ ရှင်းပြီး "ခဏလေး"
ကောင်မလေးပြန်လည့်ကြည့်မှာ "ရော့ မနေ့ကယူသွားတဲ့ ဦးရဲ့သမီး"
ကောင်မလေးရဲ့ ဖြူဖွေးသော ပါးနှစ်ဖက်မှာရှက်သွေးလေးတွေ ရဲသွားပါတယ်။
ပြီးတော့ခေါင်းလေးငုံ့ပြီး စာအုပ်ကို လှမ်းယူစဉ်မှာ မျိုးမြင့်သန်းက
"သမီးရယ်တကယ် တော့ သမီးရဲ့ဦးနှင့် ဦးရဲ့သမီး အတူတူပါပဲကွယ်"
"ရှင်"
ပြောပြီးတော့မျိုးမြင့်သန်းလည်း ပြန်လာခဲ့တယ်။
ကောင်မလေးလည်း ကြည်နူးပြီး ရှက်သွေးဖြာတဲ့မျက်နှာလေးနှင့် ကျန်နေခဲ့တယ်။
-----------------------------------------------------------------------
ဒီလိုနဲ့ နောက်နှစ်ရက်လောက်ထိ အဆင်ပြေနေတာပေါ့။မျိုးမြင့်သန်းလည်း နေ့တိုင်း အအေးဆိုင်သွား
အအေးသောက် ကောင်မလေနှင့်မျက်နှာချင်းဆိုင် စကားတွေပြော ကြည်နူး ပီတိတွေဖျာပြီး သကာလ
ပြောရရင် ok သွားသလိုပေါ့ ဒါပေမယ့် ဆက်ကြည့်လိုက်ပါ။

တရက်တော့ ကောင်မလေးကပြောတယ်။နေ့လည်ကျ ယင်သူ့သူငယ်ချင်းအိမ် သွားစရာရှိလို့ အဖော်လိုက်ခဲ့ဖို့
ဘယ်ပြောကောင်းမလဲ မျိုးမြင့်သန်းတို့ပျော်သွားတာများ သူငယ်ချင်းအိမ်မှာဆိုတော့ ဆိုင်မှာထက်တော့
နည်းနည်းပို လွတ်လွပ်မှပေါ့ ပြီးတော့ ကောင်မလေးနှင့်ဟိုသွား ဒီသွားလည်း စည်းရုံးယင်ရနိုင်သေးတယ်။
(ပြတိုက်တို့။ဘုရားတို့)ဒါဆိုယင်တော့ ပိုပြီးအဆင်ပြေပြီပေါ့။
နေ့လည်စာစားပြီး ကောင်မလေးနဲ့ သွားဖို့အားလုံးအဆင်ပြေနေ ပြီ။ ဖြစ်ချင်တော့ သွာဖို့ကောင်မလေးကထွက်
လာနေပြီ မျိုးမြင့်သန်းလည်း ဆိုင်ကယ်ကိုစီးဖို့လုပ်တော့ ဆိုင်ကယ်က ဘီးပေါက်နေတယ်။
ဒါနဲ့ပဲ မထူးဖူးဆိုပြီး စက်ဘီးလေးနှင့် ထွက်လာခဲ့ရတယ်။ကောင်မလေးက ဆိုင်ကယ်နှင့် မျိုးမြင့်သန်းကတော့
စက်ဘီးကိုရှာထွက်အောင်နင်းပေါ့။ဘယ်တတ်နိုင်မလဲ ကံတရားက ဖန်လာပြီကိုး။နေကလည်း ချစ်ချစ်တောက်ပဲ
မော်လမြိုင်မှာ ကမ်းနားလမ်းနှင့် အပြိုင် အရှေ့အနောက် တန်းနေတဲ့ လမ်းမကြီးတစ်ခု ရှိတယ်။
ဘာလမ်းလည်းနာမည်မသိတော့လို့ပါ။ အဲဒီ့လမ်းအတိုင်းပဲ အနောက်ဖက်ကို နာရီဝက်လောက် စီးလာကြပြီး
ဘယ်ဘက်ကို ထပ်ချိုးပါတယ်။တဖြေးဖြေး နဲ့စက်ဘီးနင်းရတာ မောလာတော့ ဆိုင်ကယ်ကိုမမီတော့ ပဲ
ကောင်မလေးကို မျက်ခြေပြတ်သွားတယ်။ဒါနဲ့ဆက်နင်းလာတာ ကောင်မလေးဆိုင်ကယ်လည်း ဘယ်ကို
ကွေ့သွားမှန်းမသိတော့ တည့်တည့်ပဲ နင်းလာတာပေါ့။တဖြေးဖြေးနဲ့ လူနေအိမ်ခြေတွေ ကျဲပြီး မြို့ပြင်ကို ရောက်
မှန်းမသိရောက်လာတယ်။တောင်ကုန်းလေးတစ်ခုကို တက်အပြီးမှာတော့ လူလည်းတော်တော်ကြီးမောနေပြီ
ဆက်သွားရအောင် ကလည်း သစ်ပင်တွေနဲ့ တောထဲရောက်တော့မယ်။တစ်ကိုယ်လုံးချွေးတွေ လည်းရွဲရွဲစိုနေပြီ။
နားလည်းအရမ်းနားချင်နေတုန်း ညာဘက်နားကိုလှမ်းကြည့်တော့ တောင်ကုန်းလေးထိပ်မှာ ဇရပ်လေး
တစ်ဆောင်တွေ့တယ်။လေလေးကလည်းတဖြူးဖြူးနှင့် ရှု့ခင်းလေးကလည်းလှ တော့ ဇရပ်နားကို နင်းသွား
စက်ဘီးလေးကိုဒေါက်ထောက်ပြီး အောင်မယ် အုတ်ခုံလေးတွေကလည်းရှိ အဆင်ပြေတယ်ဆိုပြီး
အုတ်ခုံပေါ်တက် ပက်လက်လေး လှဲပြီး နားနေလိုက်တယ်။ကောင်မလေးကိုတော့နည်းနည်းစိတ်ဆိုးမိတာပေါ့။
တရွာသား ဧည်သည်တစ်ယောက်ကို စက်ဘီးလည်းနင်းခိုင်းတယ် နေပူကြီးထဲမှာ။ပြီးတော့တစ်ယောက်တည်း
မျက်ချေဖျတ်ပြီးထားခဲ့တယ်။ဒီလိုပါပဲ ကောင်မလေးတွေက သူတို့ဖြစ်ချင်တာပဲသိတယ်။
စဉ်းစားလို့ကောင်းတုန်း သိပ်ပြီးမသင်္ကာတာနဲ့ ညာဘက်ကို စောင်းကြည့်လိုက်တော့ ဘေးနားက အုတ်ခုံမှာ
ဦး......... အသက်..... ဆိုပြီးရေးထားတယ်။ဒါနဲဆက်ပြီးလှမ်းကြည့်တော့မ မြေပုံလေးတွေ လက်ဝါးကပ်တိုင်လေးတွေနှင့် “ဟိုက် သေစမ်း” ဆိုပြီးပတ်ဝန်းကျင်ကို သေချာကြည့်တော့မ ခေါင်းရင်းမှာက
အသုဘချတဲ့ မသာခေါင်း အဟောင်းပုံ ကိုယ်အိပ်နေတာက အုတ်ဂူ သဘောပေါက်လိုက်ပြီ။
မျိုးမြင့်သန်းလည်း သရဲဆိုအင်မတန်ကြောက်တဲ့သူ။လာတာက ကောင်မလေးနှင့်လျှောက်လည်ဖို့
ရောက်နေတာက သင်္ချိင်းကုန်း မောလို့ ပက်လက်လေးလှဲနေတာက အုတ်ဂူပေါ်မှာ။
သိတာနဲ့ စက်ဘီးကောက်စီးပြီးပြေးလိုက်တာ အလုပ်ကိုဘယ်လိုပြန်ရောက်မှန်းတောင်မသိတော့ဖူး။
အသွားတုန်းကတစ်နာရီလောက် နင်းရတာ အပြန်ကြတော့ နာရီဝက်တောင် မကြာဖူး။
အပေါက်ဝ လည်းရောက်ရော ဝိုင်းမေးကြတာပေါ့
“ဆရာလေူး့ကောင်မလေးနှင့် တော်တော် အဆင်ပြေခဲ့တယ်ထင်တယ် ချွေးတွေကိုရွဲလို့”
ထောင်းခနဲထလာတဲ့ဒေါသကို အောင့်အီးပြီးတော့ ကြောက်လန့် မောပမ်း စိတ်တိုနေတဲ့ မျက်နှာကြီးကို
အတတ်နိုင်ဆုံးပြုံးပြီး “ဟဲဟဲပြေတာပေါ့ ”

စဉ်းစားသာကြည့်ကြပေတော့။ဘယ်သူ့ကိုစိတ်ဆိုးရမလဲ?ဘီးပေါက်နေတဲ့ဆိုင်ကယ်ကိုလား။
ကောင်မလေးကိုလား။နောက်ဆုံးတော့ ကိုယ်ကိုကိုယ်ပဲ စိတ်ဆိုးနေတော့တယ်။
လွဲတတ်တဲ့ကံရယ်။ ။
-------------------------------------------------------------------------------
နောက်တစ်နေ့ ကြတော့ကောင်မလေး ကပဲ တောင်းပန်တဲ့အတွက် မျိုးမြင့်သန်း ပြန်အပြေမယ်ကြံတုန်းရှိသေး
အဲဒီ့နေ့ညနေမှာပဲ ရန်ကုန်ပြန်ရပါတယ်။သူများလခယူထားတဲ့ သူပဲ တာဝန်နှင့်ဝတ္တရား ကရှိသေးတယ်လေ
ညနေ ဖက်မော်လမြိုင်ကမ်းနားဟာ အရမ်းကိုလှပါတယ်။ဒီနေ့ကျမှ ထူးထူးခြားခြား ပိုလှနေသလိုပဲ။
ထားဝယ်ဆိပ်ခံတံတားကနေ ကြည့်လိုက်ယင် ဝင်ခါနီးနေလုံးနီနီကြီးဟာ ချစ်သူလည်းမဟုတ်တဲ့ သံယောဇဉ်
နှလုံးသားတစ်စုံကို ကြေကွဲစွာနှုတ်ဆက်နေသလို။လှိုင်းပုတ်လိုက်တိုင်း ထားဝယ်ဆိပ်ခံတံတား ကထွက်ပေါ်လာတဲ့ ပွတ်တိုက်သံတွေက အပြုံးမျက်နှာ ရီဝေဝေမျက်လုံး နှစ်စုံ အတွက် ငိုချင်းရှည်တေးသွားတစ်ဗုဒ်လို သီကျူးနေတယ်။မျိုးမြင့်သန်းဟာ အရဲစွန်ပြီး ကောင်မလေးရဲ့ ပခုံးနှစ်ဖက်ကို
ဆုတ်ကိုင်ပြီး
“သမီး”
ရင်ခုန်လှိုက်မောပြီး ဂရုဏာပြည့်ဝလှတဲ့ အသံနှင့်ကြေကွဲစွာ ခေါ်လိုက်ပြီး
ရီဝေတဲ့မျက်လုံးလေး နှင့်ကောင်မလေးမော့ကြည်ပါတယ်။
“ဟောဒီ့ မော်လမြိုင် ကမ်းနားလမ်းရယ်။လူပြိုကြီးစောတင်မောင် ကာတွန်းစာအုပ်ရယ်။ ပြီးတော့ သမီးလေးရယ်
ဦးဘဝ မှာနှလုံးသားတစ်နေရာမှာ ရှိနေမှာပါ။”


စိတ်ကူးယဉ်ပြီးရေးသားထားခြင်းဖြစ်သည်။
တိုက်ဆိုင်မှုများရှိခဲ့ပါ ကခွင့်လွတ်ပါရန်။

မောင်ယော

မောင်ယော၏ နိစ္စဓူဝ




၁၉ လမ်းတွေ ပြန်လာမ တွေ့မယ်။
ပွဲမဝင်ခင်အပြင် မှာလေ့ကျင့်နေပုံလေးတွေပါ။
မောင်ယောရဲ့ အိပ်ယာပေါ့။
မောင်ယောတို့က သန့်သန့်ရှင်းရှင်းပဲနေတတ်တယ်။
ကင်မရာ မဝယ်နိုင်သေးတော့ ပုံတွေကတော့ မကောင်းပါ။

မောင်ယောအလုပ်များနေခြင်း

မောင်ယောအလုပ်တွင် AUDIT ဝင်မည်ဖြစ်သောကြောင့်
လွန်စွာအလုပ်ရှုပ်နေသည်။
မောင်ယောနှင့်ဈေးသည်များ အသစ်တင်ထားပါသည်။
နောက်တစ်ပတ် AUDIT ပြီးသွားမှ ပို့စ် အသစ်လေးများတင်ပါအုံးမည်။
အင်တာနက်ဖိုးအကြွေးလည်း မပေးရသေးပါ။
အင်တာနက်သုံးချိန်လည်းလျှော့နေရသည်။
စာရွက်စာတမ်းများဖြင့် ထုံးစံအတိုင်းပြင်ဆင်နေရပါသည်။


မောင်ယော ဗီယက်နမ် မသွားတော့ပါ။တောင်းပန်ပါတယ်သူငယ်ချင်း
လာချင်ပေမယ့်မောင်ယောတို့က လခစားဝန်ထမ်းတွေဖြစ်လို့
ထားရာနေ စေရာသွားရပါသည်။
စီးပွားရေးတွေကျတော့ အလုပ်တွေလည်း ခပ်လှုပ်လှုပ်ဖြစ်နေသည်။
ရောက်တုန်းရောက်ခိုက် မိန်းမနှင့်ကလေးကို ကောင်းကောင်း ဂရုစိုက်ပေါ့ကွာ။
အသစ်ဘယ်လောက်ကောင်းကောင်း အဟောင်းကိုတော့ဘယ်မီမလဲ။

မောင်ယော လေယဉ်ပျံစီးခြင်း

မောင်ယောနှင့်နိုင်ငံခြား မရောက်ဖူး
လေယာဉ်ပျံမစီးဖူးသူတစ်ယောက်တို့
လေယာဉ်ပျံကြီးစီးပြီး
နိုင်ငံရပ်ခြားသို့သွားကြရာ
ဘာမှမသိသေးသောသူနှင့်
တတ်သလို သိသလိုနှင့် မတတ်တသိသူတို့
ပေါင်းမိသော အခါ
မိမိထိုင် ခုံများသို့ရောက်ပါပြီ
ကောင်လေးကလူသစ် ကလေးဖြစ်လို့မသိတာတွေ
မောင်ယောကို မေးလာတော့။
"အကို ဒီအထုတ်လေး ကဘာလဲ"
"မေးမနေနှင့် ဖျော်သောက်ကြည့်"
"အကို လေယဉ်ပေါ်မှာ
ဝိုင်။ကော်ဖီ။အရက် အလားကားရဆို
ဘယ်လို တောင်းပြီးဘယ်လိုခွဲရမလဲ"
တောက် ဒီကောင်တော့မောင်ယောကို
အရှက်ခွဲနေပြီ။ဒါနဲ့မောင်ယောလည်း
"ဟေ့ကောင် သေချာမှတ်ထား
ကော်ဖီ ဆိုတာလက်ဖက်ရည်ဆိုင်ကဟာလိုပဲ
အရက်ကတို့ရွာက ချက်အရက်လိုမဟုတ်ဘူး
အရောင်နှင့်ကောင်
ဝိုင်ကမင်းမသိယင်သေချာမှတ်
ရောင်စုံရှိတယ်။ရွာကထန်းရေလိုအနံ့
ထန်းရေထက်အနံ့ပြော့တယ်။"
ကောင်လေး ကအလိုက်တော့သိတယ်
သူက တစ်ခွက်မှာယင်
ကျွန်တော့် အတွက်လည်း တစ်ခွက်
ဝိုင်တွေ။အရက်တွေသောက်နေတုန်းက
ဘာမှမဖြစ်ဖူး
ကော်ဖီသောက်တော့ကောင်းကောင်းကြီး
ဒုက္ခရောက်ခဲ့ရတယ်
"အကိုကော်ဖီ ကသောက်မကောင်းဘူး"
"ဟေ့ကောင် ငတုံး ပေးထားတဲ့
အထုတ်တွေ အကုန်ထည့်လေ"
မောင်ယောလည်းပြီးစလွယ်ဆရာကြီးလုပ်မိမှပဲ
အယင်တုန်းက အမြဲတမ်း
ကိုယ်တိုင် ဖျော်သောက်နေကြ
အခုတော့လေယာဉ်မယ်လေးကို ငေး(ငမ်း)ကောင်းနေတုန်း
သကောင့်သားကစေတနာရှေ့ထားပြီး
နှစ်ခွက်လုံး အကုန်ထည့်ဖျော်လိုက်တယ်။
လေယာဉ်မယ်လေးက အပြုံးလေးနှင့်
ဘေးခုံက မြန်မာမလေးကလည်း
ကျွန်တော်တို့နှစ်ယောက်ကိုပဲကြည့်နေကြတာ။
ဟဲဟဲ .... မောင်ယောတို့မာန်တက်ပြီး
ကော်ဖီကို တစ်ငုံသောက်မိသော သကာလမှာ
ဟိုကောင့်ကိုလှည့်ကြည့်တော့ ကိုယ်ထက်ရှုံ့မဲ့တဲ့မျက်နာ
"ဟေ့ကောင် ဟန်မပျက်စေနှင့်ကုန်အောင်သောက် "
ပြောပြီး မောင်ယောလည်းကြိတ်မှိတ်သောက်ခဲ့ရကြောင်းပါ
နောက်မှ သိရတာက ဒီကောင်ကဆားမှန်းသကြားမှန်းမသိ
ကျွန်တော်ပြောသလို အကုန်ထည့်တယ်။
ကျန်ပါသေးတယ်။

ငရုတ်ကောင်းကို english လိုဘယ်လိုခေါ်လဲဆိုတာ
တခါသောက်ဖူးမပဲမှတ်မိတော့တယ်
မသိယင်မှတ်ထားကြ
pepper=ငရုတ်ကောင်း
မောင်ယောenglish စာတော်လားဆိုတာ
မောင်ယော နှင့်အင်တာဗျူးကိုကြည့်

သွားကြားထိုးတံတောင်
ဝါးနှင့်လုပ်ထားလို့ဖျော်လို့ရတာဆိုယင်
ဖျော်သောက်မိအုံးမလားပဲ။

ဘလော့ဂါဘိုးအေကြီးသို့မောင်ယော ငြီးချင်း။

အင်တာနက် နှင့်ဝေခါနီးပြီ။
ဟုတ်မှန်ဖို့တော့ မသေချာသေးပါ။


ဘဝ ဆိုတာဘုရားဟောခဲ့သလိုပဲ
ခဏလေးပါလား။
ကွေးသောလက် မဆန့်မီ
ဆန့်သောလက် မကွေးမီ
သေနိုင် တယ်တဲ့။

အင်တာနက်ဆိုတာလည်း
သုံးတတ်မယ်ရှိသေး
ရာသီဥတုကဆိုး
connection ပြတ်တယ်။

မိုးရွာလို့ မိုးရေချိုးမယ်ဆိုလည်း
မောင်ယောအပြင်ကိုထွက်ရုံရှိသေး
မိုးကတိတ်ပါလေရော။

အလုပ်ဆိုတာလည်း
လုပ်ကောင်းမယ်ကြံသေး
လခတွေ လျှော့တယ်။

ပညာကို ငွေနှင့်မတိုင်းရလို့ပြောသူတွေ
ငွေကိုလည်း ပညာနှင့်တိုင်းနိုင်သလား
အလုပ်ကို ဘာနှင့်တိုင်းပြီး
ဝင်ငွေကို ဘယ်လိုနှိုင်းမလဲ။


မှတ်ချက်။ ။ တခြားနေရာပြောင်းဖြစ်ခဲ့ယင်
အင်တာနက်နှင့်ဝေးပါပြီ။
ရင်ဘတ်ကြီးနှင့်အပြည့် ရေးချင်တာတွေကို
ပျစ်ပျစ်နှစ်နှစ် ရေးတင်ချင်ပေမယ့်
ကိုယ်တိုင်ကလည်း စာရိုက်မကျွမ်းကျင်
ကူညီပြီးရိုက်ပေးမယ့်သူကလည်းမရှိ။
အလုပ်မခိုင်းဘဲ စာရိုက်ခိုင်းမယ်ဆိုယင် လည်း
zawgyi keyboard ဆိုတာ Yamaha keyboard လောက်
အသံကောင်း ရဲ့လားတဲ့
movie file ကို 512 MB ပဲရှိတဲ့ phone ထဲ
ထည့်မပေးလို့စိတ်ဆိုးလည်းခံရ
vcd dat file တွေကို လည်း phone ထဲပြောင်း
ကြည့်မရတော့ virus တွေထည့်ပေးလိုက်တယ်
ဆိုပြီးစွပ်စွဲခံရ
သတိရမိတယ်သူငယ်ချင်း
နည်းနည်းလေးပဲရှိသေးတယ်။
အလုပ်နဲ့ပတ် သက်လို့လွှဲမှားချက်တွေကတော့
မပြောသင့်မပြောထိုက်လို့ မပြောတော့ပါ။
ဘလော့ဂါ သူငယ်ချင်းတစ်ယောက်က
ကျွန်တော်ကိုပြောခဲ့ဖူးတယ်
computer နှင့်ပတ်သက်လို့။
နည်းပညာနှင့်ပတ်သက်လို့
မင်းလိုလူဗြိန်း နားလည်အောင်ငါမပြောတတ်ဖူးတဲ့

အခုကျွန်တော်မောင်ယော ဘယ်သူ့ကို
ဘာများပြောနိုင်အုံးမှာလဲကွယ်။ ။။

ပြောင်းရမဲ့နေရာက
ဗီယက်နမ်ဆိုယင်တော့ တမျိုးကောင်းတာပေါ့။
မိတ်ဆွေဟောင်းတွေနှင့် ပြန်သောက်ရမှာလေ။

Mr ha နှင့်bu gyu cong ရေ ကတိတည်ဖို့သာပြင်ထား။

မောင်ယောနှင့် management

ဒီတခါတော့ စာကိုကောင်းကောင်းလေးရေးမယ်စိတ်ကူးတယ်။
ကျွန်တော်မောင်ယောအမြဲပြောတတ်တဲ့စကားလေးတွေရှိတယ်။
ငါက ပင်ပင်ပန်းပန်း လုပ်ရမယ်
ခက်ခက်ခဲခဲ လုပ်ရမယ်ဆိုယင် သူများထက်သာအောင်လုပ်တတ်တယ်။
အေးတော်တယ်ထင်လို့ အလုပ်ကြီုးစားလို့
လူသက်သာအောင် ဆိုပြီး management အလုပ်ကို လုပ်ရပြီဆိုယင်
အမြဲတမ်း တလွဲတွေပဲ ဖြစ်တော့တယ်။
ပညာတွေရပ်တွေကို သိတယ် တတ်တယ်။(အထိုက်အလျှောက်ပေါ့) စာတွေလဲ ဖတ်တယ်။ ဘာဖြစ်လို့လဲတော့မသိဘူး management အပိုင်းကိုလုပ်ပြီ ဆိုတာနှင့် မှားပြီ လွဲပြီ။
ကျွန်တော်ကြုံခဲ့ဖူးတဲ့ ဥပမာလေးတစ်ခုပြောပြမယ်။လုပ်ငန်းခွင်တစ်ခုမှာဆိုပါတော့ အရာရှိ (၅)ယောက်လောက်ရှိမယ်။အခြားဆင့်ဝန်ထမ်း၂၀ လောက်ရှိတယ်ဆိုပါတော့ သူတိုအားလုံးနှင့်
အလုပ်ရှင်ကြားမှာ မန်နေဂျာတစ်ယောက်ရှိမယ်။မန်နေဂျာကတော့ လုပ်ငန်းခွင်တစ်ခုလုံးကို
အဓိကအုပ်ချုပ် ဆုံးဖြတ်သူ။ဒါပေမယ့် မန်နေဂျာအောက်မှာ အလုပ်။အရာရှိနှင့်ဝန်ထမ်း အားလုံး
ကို အုပ်ချုပ်နေသူရှိတယ်။သူကတော့လက်ထောက်မန်နေဂျာဆိုပါတော့။
အားလုံးဗမာလူမျိုးတွေပဲ။ထုံးစံပေါ့ဗမာတွေစုမိယင် ထိန်းရတာခက်တယ်။
တို့မြန်မာ လူမျိုးထုံးစံတစ်ခု ဖြစ်တဲ့
"ကြီးသူကိုရိုသေ" လူငယ်တွေအတွက် အရမ်းအခက်အခဲ တွေတွေ့စေပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ လူငယ်တွေဘက်က လူကြီးတွေကို ရိုသေပါတယ် လေးစားပါတယ်။
ဒါပေသိ ခက်တာက လူကြီးတွေအနေနှင့် ဒါတွေကို အလုပ်ထဲထိသယ်ပြီး ရောချလိုက်ကြတယ်။
နောက်တစ်ခုဆိုးတာက
ကျွန်တော်ဆိုယင် ကျွန်တော့်ထက်ငယ်ပြီး ကိုယ်တိုင်စာသင်ပေးခဲ့ရတဲ့
လူငယ်တွေဆီက ပြန်သင်နေရတယ်
ဘာဖြစ်လို့လဲ ဆိုတော့ သူတို့က ကျွန်တော်ထက် လေ့လာမှုအားကောင်းပြီး
ပိုတတ်သွားလို့လေ။
သူတို့လေးတွေ ကျွန်တော့်ကိုပြန်သင်ပေးတာတွေကို ကျွန်တော်လေ့လာတယ်။
မှန်တယ်ဆိုလက်ခံတယ်။ကျင့်သုံးတယ်။
ပြောယင်းနှင့်ကျွန်တော်ညံ့ကြောင်းတွေရောက်ကုန်ပြီ။
ဆက်ပြောချင်တယ်ခေါင်းစဉ်အကြောင်းအရာကို။





မနက်ကျမဆက်ရေးတော့မယ်။။

မောင်ယောနှင့်ဈေးသည်များ


အချိန်။ ။သကရာဇ် ၁၉၈၉--၁၉၉၀ ဝန်းကျင်

ကျွန်တော်မောင်ယောဆိုတဲ့ကောင်က

တတ်နိုင်သမျှတရားဥပဒေနှင့်အညီ

နေထိုင်ကြောင်းပါ။

(မောင်ယောနှင့်အဆိပ်ငွေ့တတောင့်)

ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ်

အစိုးရမင်း တွေရဲ့အမိန့်တော်တွေကို

လေးစားလိုက်နာခဲ့ကြောင်းပါ။

ဒါပေသည့်ဘုရားဟောတောင်ရှိသေးဒါပဲ။

မသိလို့မှားတာအပြစ်မဟုတ်ပါတဲ့။

ထားတော့အဓိကဇာတ်တော်ဆီသွားကြစို့

အဲဒီတုန်းက

မောင်ယောလည်းကလေးပဲရှိသေးတယ်။

မောင်ယောကရွာမှာနေတာဆိုတော့

ဘာမှမမြင် မသိခဲ့ရဘူ။

ဒါဆိုဘာလို့ရေးနေသေးလဲလို့မေးလာယင်

ဆက်ဖတ်ကြည့်လိုက်။

ဇာတ်လမ်း ကိုစတင်သူက

ကုန်ဈေးနှုန်းပါ

အဲဒီတုန်းက ပစ္စည်းဈေးတွေက

တောက်လျှောက်တက်တာ

ကျွန်တော်တိုဖက်ကဈေးရောင်းတဲ့ပုံစံတွေက

မြိုနယ်မြို့။တိုက်နယ်ကျေးရွာကြီးတွေမှာ

မနက်ပိုင်းရောင်းတဲ့ ဈေးတွေပဲရှိတယ်။

ဟင်းသီးဟင်းရွက်နှင့်အသားငါးပေါ့။

ပတ်ဝန်းကျင်ရွာလေးတွေက

အဲဒီ့ဈေးတွေမှာ သွားဝယ်၇တာ။

ကျန်တဲ့ ဆန်။ဆီ။ဆားနှင့်

အိမ်သုံး။လယ်ယာသုံး ပစည်းတွေကိုတော့

ရွာကြီးတွေက ကုန်စုံဆိုင်တွေမှာရပါတယ်။

နောက်ပြီးအဲဒီတုန်းက

တစ်မြိုနယ်နှင့်တစ်မြို့နယ်

ဘာပစ္စည်းမှသယ်ခွင့်မရှိဘူး

ထုံးစံအတိုင်း လမ်းကြောင်းတော့

ရှိတာပေါ့။လူတစ်နိုင် သယ်လို့ရတယ်။

(ကားအစီးလိုက်လည်း သယ်ချင်သယ်မှာပေါ့။)

ပစ္စည်းဈေးတွေတက်

ဆန်တွေရှားကုန်တော့

ပြည်သူလူထုသက်သာချောင်(ချိ့)အောင်လို့

ကောင်းမွန်သင့်တော်လှသော

အစီအစဉ်ကိုဆွဲပြီး သကာလ

အတိအကျ လိုက်နာရန်ဆိုသော

အမိန့်တော်ကြီးထုတ်လိုက်ကြောင်းပါ။

အမိန့်။ ။ဆန်တစ်ပြည်=-------

ဆီတစ်ဗိသာ =------

ဝက်သား တစ်ပိသာ =------

ကြက်သား တစ်ပိသာ =------



အထက်ပါသတ်မှတ်ဈေးအတိုင်း

ရောင်းရန်။ဈေးနှုန်းတင်ရောင်းသူအား

ပြင်းထန်ထိရောက်စွာအရေးယူမည်။


ဟာဘယ်ပြောကောင်းမလဲပြည်သူတွေ

ဈေးသက်သက်သာသာနှင့်ဈေးဝယ်ပြီး

စိတ်ချမ်းသာနေပြီပေါ့။

အစိုးရ ဝန်ထမ်းအပေါင်းကလည်း

မှန်တယ်ဆိုပြီး

လက်ခုပ်တွေတီး ထောက်ခံနေကြတာ။


မှန်တာပြောရယင်

မောင်ယောတို့ဒေသမှာ

စီးပွားရေးသမား ဈေးသည်လူတန်းစားတွေဟာ

၁% နှုန်းတောင် မရှိဘူး။

မောင်ယောကိုယ်တိုင်တောင်မှ

လယ်ထွန်။ယာခုတ် ယင်းနှင့်ကျောင်းတက်ပြီး

ဆယ်တန်းအောင်ခဲ့တာ။

ဈေးတွေမှာ ဈေးရောင်းကြတဲ့

အသီးအရွက်။

အသားငါး။ကြက်။ဝက် တွေဆိုတာ

ကိုယ့်ခြံထွက်ပစ္စည်းကို

ကိုယ်တိုင်လာ ရောင်းလိုတာလေးတွေဝယ်။

ဆန်ဆိုယင်လည်းအိမ်မှာရှိကြတယ်။

ကိုယ်ပိုင်ခြံ မရှိတဲ့လူတွေဘဲအကျိုးရှိတော့

ကိုယ်ပိုင်ခြံ ဆိုတာလူတိုင်းရှိတဲ့

မောင်ယောတို့ယောသားတွေကောင်းကောင်း
ဒုက္ခရောက်ကြတာပေါ့။
ဟေ့ မတရားမှုဆို နည်းနည်းမှကြည့်မရတဲ့

မောင်ယောတို့ယောသားတွေ

ဘယ်လိုပညာပြန်ပြကြတယ်ထင်လဲ


စောင့်ကြည့်လိုက်


ယောသူယောသား မှလွဲပြီး

ပစ္စည်းတွေကို ဘာတာစနစ်သစ်နှင့်ရောင်းသည်။

ယောနယ်သားတွေ ဘယ်သူလာယူယူ

အလားကား အလှူလုပ်နေသည်။

စေတနာအလူငွေထည့်ခဲ့ပါ။

(အားလုံးသောဈေးဆိုင်စတိုးဆိုင်များ)

ဝန်ထမ်း(လခစား)များမပါ။

ဈေးများတွင် မနက်တိုင်းရောင်းပါပြီ။

ကျွန်တော် ကျွန်မတို့ တောသားတွေက

အလေးချိန်ခွင်တွေနားမလည်လို့

အပုံလိုက်ရောင်းနေပါသည်။

(ယောနယ်သားများမပါ)

တရားဥပဒေကိုလိုက်နာပါသည်။

အလေးချိန်ခွင်လည်းမခိုးပါ။

(နောင်သံသရာကိုကြောက်ကြသည်)



ယခုတော့မည်ကဲ့သို့ဖြစ်နေသည်မသိပါ။

လွန်ခဲ့သောနှစ်(၂၀)ခန့်ကဖြစ်ပါသည်။









မောင်ယောရင်ထဲအိမ်ထောင်ရေး

mr & mrs-smith

ဓာတ်ပုံ ဘလာဂေါက်ထံမှရသည်။
ဘလာဂေါက်မှကန့်ကွက်ပါကပုံကို
ပြန်ဖျက်မည်။
စာမှာမောင်ယောရင်ထဲမှဖြစ်သောကြောင့်
လုံးဝcopyမဟုတ်ပါ။






ကျွန်တော်အရမ်းကြိက်တဲ့ဇာတ်ကားဗျ။
သေချာကြည့်ကြ
ကျွန်တော် မိန်းမယူဖြစ်ခဲ့ယင်
Smith လင်မယားလို
ရန်ဖြစ်မယ်။
Smith လင်မယားထက်
သစ္စာရှိကြမယ်။
Smith လင်မယားထက်
ချစ်ကြမယ်။

နောက်ဆုံး
Smith လင်မယားလို
အရက်(ဝိုင်လားမသိ)
ပြိုင်သောက်မည်။

သင့်အတွက်မနက်ဖြန်။

မောင်ယောဂျပန်ခောတ်(၂၁ရာစု)
မြန်မာပြည်ချွေးတပ်စခန်းကို
အလည်သွားမယ်။

------အသံလိုပဲ
အားယင်မြန်မြန်လွှင့်မယ်။
မလွှင့်ချင်မလွှင့်ဘူး။

မွေးနေ့စကား

အားလုံးကိုပြောမယ်
ရိုင်းတယ်ထင်ယင်ခွင့်လွတ်။




မတတ်ဘူး မတတ်ဘူး
မသိဘူး နားမလည်ဘူး
မပြောကြနှင့်။


မောင်ယောစိတ်ဆိုးတယ်။
မတတ်။
မသိ။
နားမလည်သူတွေက
ဘယ်လို
ငွေရှာနေလဲဆိုတာ
နီရူဒါ ဓာတ်ပုံကိုကြည့်။

မောင်ယောပြောမယ်
စဉ်းစားကြ။


ဘာမှမသိနားမလည်ဘူးလို့
မင်းတိုအပြောခံနေရတဲ့လူတွေက
ငါ့အတွက်
ဘယ်နားက ဘယ်ပထွေးဆီက
ဘာရမလဲ
သူတို့သိတယ်။


မှတ်ချက်။ ။ကမ္ဘာ့ရဲ့ဘုရင်ကြီးတွေလဲ
မသိနားမလည်သူတွေရဲ့
အလိမ်ကိုခံရတာဘဲဗျ။

မောင်ယောမွေးနေ့ (၀၄.၀၃.၂၀၀၉)-------နှစ်မြောက်


ယနေ့အချိန်အခါသည်
မောင်ယောမွေးနေ့ဖြစ်ပါသောကြောင့်
မိတ်ဆွေအပေါင်း
မွေးနေ့ပွဲ တက်ရောက်ရန်
ဖိတ်ခေါ်အပ်ပါသည်။


စတင်မည့်အချိန်။ ။စင်္ကာပူစံတော်ချိန်
ညနေ (၆)နာရီတိတိ။
နေရာ။ ။ချန်ဂီ လေဆိပ်ကြီးနှင်.မျက်စောင်းထိုး
မလေးပြည်။ပါစီဂူရမ်းမြို့။
ဧည့်ခံမည့်အစီအစဉ်။ ။ဓာတ်ပုံကိုကြည့်ပါ။


ကြွရောက်လာသောဧည့်သည်တော်များကို
ကျွန်တော်မောင်ယောကိုယ်တိုင် သံဖြတ်လွှနှင့်ဖြတ်
သေချာပြုတ်ထားသော
ဝက်ခြေထောက်စွတ်ပြုတ်။
သုံးထပ်သားဝက်ခေါက်ကို
မြန်မာပီပီ
မီးသွေးခဲရဲရဲနှင့်ကင်
ဆိတ်သား။ငါး။ပုဇွန်။ အကင်များ
(အိမ်ရှင်မ မရှိသေးလို့ အလုပ်ရှုပ်သက်သာအောင်
မီးသွေးဖိုမွှေးပြီး ကိုယ်ဟာကိုယ် ကင်စားရမယ်)
တို့စရာအချဉ်တွေက
မြန်မာပြည်ကပြန်မှာထားတဲ့
Bravo ဆော့။မောင်ယောလက်ရာ
ရှာလကာနှင့်ငရုတ်သီးစိမ်း။ကြက်သွန်ဖြူ။
ဂျင်း တို့နှင့်လုပ်ထားတဲ့အချဉ်။
ထမင်းကပေါင်းအိုးထဲကကိုယ်တိုင်ယူ။


အထူး။ ။ဟန်နီကံ ငါးဖာ(ဘူး၁၂၀)(မလောက်သေးယင်
ထပ်ဝယ်မယ်။
မလေးအရက် (seven seas)။အင်ဒိုနီးရှားလမ်းလျှောက်။
စကော့လမ်းလျှောက်။ တစ်လုံးစီ။
(စကော့နောက်ထပ် ဝယ်မပေးဘူး
ဒါလေးတောင်သူများကduty free ကရလာတာ)


အားလုံးကိုလေးစားပဒယ်။(ရမ်ဘိုလေသံ)

ကမ္ဘာ ပတ်သော သစ်မြစ်ဆုံ။



ငယ်စဉ်ရွာမှာနေစဉ်က
ထင်းဆိုက် ဖို့တောင် မသုံးသော
သစ်မြစ်ဆုံများ ကမ္ဘာပတ်နေသော ဓာတ်ပုံများ။
ငါ့တိုင်းပြည်လေးမှာ..
သစ်မြစ်တွေကိုတောင်
ငါချစ်တယ်...တကယ်လို့
အကြိမ်ပေါင်းတစ်ထောင်
သေရင်
....
အဲဒီမှာပဲငါသေချင်တယ်
တကယ်လို့
အကြိမ်ပေါင်းတထောင်
ပြန်မွေးရင်လည်း
အဲဒီမှာပဲ ငါမွေးချင်တယ်။
“နီရူဒါ”

ကဗျာလေးက သူများဆီက
ယူသုံးထားတာ


(ယခုခွင့်ပြုချက် ရ လို့
အများကြီးကျေးဇူးတင်ပါသည်။)

ကဗျာ လို့ထင်တာပဲ

ဒါ....ကဗျာလား


--- ကောင်းကင်မှာ
တိမ်သားတွေ ရွေ့လျှားနေ
ငှက်ကလေး တွေ တေးဆိုကာငိုကျွေး
လေအစုံမှာ ဝေ့ကာဝဲ ငါမြင်ရတဲ့(ခဏ)
ဒါ ကဗျာလား။
---ရေပြင်မှာ လှိုင်းကလေးတွေ
ပလုံစီကာ ဆော့ကစားနေ
ငါ့နားထဲ သာယာတဲ့ သံစဉ်တစ်ခုလို့
ထင်မိတဲ့ (ခဏ)
ဒါ ကဗျာလား။။
---ငါ့နားထဲ သံဇဉ်တွေ စီးဝင်နေ
ရင်ထဲမှာလှိုက်တာ ဂီတရဲ့စွမ်းအားတစ်ခုအလား
နူးညံ့တဲ့အရာတစ်ခုနှင့် ဝင်တိုက်တဲ့အခါ
အရာအားလုံးကို ငါမေ့မိတဲ့(ခဏ)
ဒါ ကဗျာတဲ့လား။
---စကားလုံးတွေ စုကာစဉ်းစား
အလှအပတွေ တွေးကာရေးတဲ့(ခဏ)
ဒါ ကဗျာတဲ့လား။ ။

မောင်ယောနှင့် အင်တာဗျူး

ကျွန်တော်မောင်ယော
ရဲ့ကျောင်းနာမည် တစ်ခုက
Englishပါမောက္ခ
တော်လို့ တတ်လို့ မဟုတ်ပါ။
english စာအရည်အချင်းက
"စံ"ချိန်တင်အောင် ညံ့ပါတယ်။
၂၀၀၈ အတွင်းကကျွန်တော်ရဲ့
အင်တာဗျူးလေးကိုကြည့်လိုက်ပါ။





အဲဒီ့နေ့က

မနက် ၆ နာရီလောက်ထိ
တညလုံး အရက်ထိုင်သောက်ပြီး
လောကကြီးကို စိတ်ပျက်စွာ ဖြတ်သန်းနေတာ
မနက် ၈ နာရီလောက်မှာ
ဖုန်းလာလို့ ထကိုင်လိုက်တော့
"ကိုယောသားနှင့်စကားပြောချင်လို့ပါ"
"ငါပဲပြော"
"ညီလေးယော ကို..........ပါ
အကိုတို့ company မှာလူလိုနေလို့"
"ဟုတ်ကဲ့ အကို လခ ဘယ်လောက်လဲ
ဘယ်မှာလဲ"
လေသံလေးပြောင်းပြီးမေးလိုက်တော့
လခလေးမဆိုးလို့ အဆင်ပြေယင်
လုပ်မယ် ဆိုပြီး ပြန်ပြော လိုက်တယ်။
လူကအရမ်းအိပ်ချင်နေတော့
သူဘာပြောလဲ နားမထောင်ဘဲ
ဖုန်းချလိုက် ပြီးပြန် အိပ်နေတယ်။
မကြာပါ နာရီဝက် လောက်ပဲရှိမယ်ထင်တယ်
ဖုန်းထပ်မည်လာပြန်တယ်
အိပ်လို့ကောင်းမယ်ကြံတုန်း
ဖုန်းထပ်လာတော့ စိတ်ကတိုလာပြီ
"ဟေ့ဘယ်ကောင်လဲကွာ"
ခပ်မာမာပဲမေးထူးလေးထူးလိုက်တယ်
"I WANT TO SPEAK MR YAW"
နည်းနည်းတော့ကြောင် သွားတာပေါ့
တယောက်ယောက်လာနောက်တယ်ပဲ ထင်နေတာ
"ဟေ့ကောင် အကြောင်လာရိုက်မနေနဲ့
ပြောစရာရှိတာပြော အိပ်ရေးပျက်တယ်"
"PLS YOU CAN SPEAK ENGLISH"
ကျွန်တော်လည်း တင်းလာတာနဲ့
"OK I CAN SPEAK ENGLISH"
"OK MY FRIEND PLEASE I WANT TO SPEAK MR YAW"
"YES NOW I AM MR YAW"
"OHH GOOD MORNING MR YAW
I AM MR........... M/D OF................ COMPANY
FROM SINGAPORE"
ဟိုက် စောစောက အလုပ်ခေါ်တဲ့ ဆီက
"YES SIR GOOD MORNING SIR"
"OK MR YAW
I WANT TO ASK SOME QUESTION"
"NOW ARE YOU READY OR NOT"
မောင်ယောတို့ကိုဒါမျိုး လာစမ်းလို့ဘယ်ရမလဲ
အလုပ်နှင့်ပတ်သက်လို့ကတော့
ကြိုက်တဲ့အချိန် ကြိုက်တာမေး
"yes sir i am ready sir"
"are you sure"
အောင်မာငါ့ကိုများ အထင်သေးလို့
"ok sure you can ask any question now now now"
စမေးပါပြီ
"Mr yaw how are you"
"what "
" how..are..you"
ဖုန်းထဲမှာဆိုတော့ အသံက
ပြတ်တောင်းပြတ်တောင်းဖြစ်နေတယ်။
ဒီဘဲ ငါ့ကိုမေးချင်ဇောနှင့် old ကျန်ခဲ့တာဖြစ်မယ်ဆိုပြီး
"I am ..... years old"
"no no no "
"Mr yaw can you speak english"
"yes i can"
"I speak""how are you""fine or ill"
"arrr... sorry sir "
"I am fine but my telephone connection not in good sir"
"ok ok are you fine"
"yes i am fine also you"
"ok"


ဆိုပြီးနောက်ထပ် (၁၀)မီးနစ်လောက် ဗျူးလိုက်ရပါတယ်။

မောင်ယောနှင့် အဆိပ်ငွေ့တစ်တောင့်

သက္ကရာဇ် ၁၉၉၉ ခု နှစ်ကုန်ခါနီး
ကျွန်တော့်အလုပ် ထဲမှာပေါ့
ကျွန်တော့်နှင့်မြစ်ဝကျွန်းပေါ်သားမောင်ကြွက်နှင့်
အတူတူ တာဝန်ကျပါတယ်
ကျွန်တော်တို့ရဲ့ အထက်မှာအရာရှိတစ်ယောက်ရှိပေမယ့်
သူကအလုပ်မှာမနေပါ။
အဲဒီတော့ နားမလည် တတ်ယောင်ကား နှစ်ယောက်ပေါင်းပြီး
နှပ်နေကြတာပေါ့။
မောင်ကြွက်ကဆေးလိပ်နည်းနည်းပဲသောက်တယ်။
တစ်နေ့ ကုမ္ပဏီ တစ်ခုက ပစ္စည်းတွေ လာပို့ပါတယ်။
ကျွန်တော်တို့ကတော့ မြန်မြန်ပြီးအေးတာပဲ ဆိုပြီး
ခပ်မြန်မြန်ပဲ လုပ်ပေးလိုက်တယ်။
သူတို့ခေါင်းဆောင်က ညနေမှပြန်မယ်ဆိုပြီး ဆက်နေတယ်။
ပြန်ရမှာနေပူလို့ပါ။
ခဏနေတော့မောင်ကြွက်က လက်ထဲမှာ
လန်ဒန်လေး တစ်တောင့်နှင့်အခန်းထဲဝင်လာတယ်။
ကျွန်တော်လည်းသူ့လက်ထဲကနေ တစ်ဘူးယူပြီးသောက်နေတာပေါ့။
ကျွန်တော်လည်း မသင်္ကာတာနှင့်
"ဟေ့ကောင်ကြွက်ကြီး ထူးထူးဆန်းဆန်း မင်းက
ဘာလိုဆေးလိပ်ကို အတောင့်လိုက်ဝယ်လာတာလဲ"
"ငါမဝယ်ဘူး ကွ စောစောက ငါတို့ ပစ္စည်းတွေ
တင်ပေးလိုက်တဲ့ လူကြီးပေးလိုက်တာ။"
ကျွန်တော် စဉ်းလိုက်မိပါပြီ။
မောင်ကြွက်ကဆက်ပြောပြတယ်။
"မင်းနှင့်ငါ တစ်ယောက်တစ်ဝက်ပေါ့။
ငါမယူးဘူးလို့ငြင်းတာလဲ မရဘူး။"
"သူတို့ကတော့ထုံးစံတဲ့
ငါကတော့မယူချင်ဘူး"
အားနာတတ်လွန်းတဲ့ ကျွန်တော်နှင့်မောင်ကြွက်
ဆုံးဖြတ်ချက်တစ်ခုကို ပြတ်သားစွာချလိုက်ပါတယ်။
ငါတို့ဆေးလိပ်ဘဲသောက်မယ်။
အဆိပ်ငွေ့မရှူဘူး
ကျွန်တော်ချက်ချင်း
စောစောက ပစ္စည်းလာပို့တဲ့လူကြီးကိုခေါ်ပြီး
နားလည်အောင်ရှင်းပြပြီး
စတိုးဆိုင်က LONDON အသစ်တစ်တောင့်
ပြန်ဝယ်ပေးလိုက်ပြီးနောက်တစ်ကြိမ်
ကျွန်တော်တို့ရဲ့စေတနာကို
တလွဲမထင်ဖို့ ပြောလိုက်တယ်။
သူကတော့ကျွန်တော်တို့နှစ်ယောက်ကို
ထူးဆန်းသတ္တဝါတွေ ကိုကြည့်သလိုကြည်ပြီး
ပြန်သွားကြောင်းပါ။


မှတ်ချက်။ ။ အဲဒီ့အချိန်မှာ ကျွန်တော်တို့တွေဟာ
အိမ်နားက စတိုးဆိုင်နှင့်လက်ဖက်ရည်ဆိုင်တွေမှာ
အကြွေးပတ်လည်ဝိုင်းနေလို့
လကုန်ရက်ကိုသာစောင့်နေရကြောင်းပါ။


ကြွက်ကြီးရေမင်းကို သတိရပါတယ်။အတူမသောက်ရတာကြာပြီ။


တချိန်ကမင်းရဲ့ ပုလင်းတူဘူးဆို့


မောင်မောင်ယော

ဟောင်ကောင်တွင် သေးပေါက်ခြင်း

သက္ကရာဇ် ၂၀၀၀
ကျွန်တော်မောင်မောင်ယော
hongkong ဟောင်ကောင် ဆိုသောနိုင်ငံသို့
ရောက်ခဲ့ပြန်ပါပြီ။
ဘုမသိဘမသိမောင်ယောသား ဟောင်ကောင်မှာ
မြန်မာစကားပုံတစ်ခုကိုကောင်းကောင်းကြီး သဘောပေါက် နားလည်ခဲ.ပါတယ်။
ဘာလဲဆိုတော့
"ကြက်ပျံမကျ"ဆိုတာပါပဲ။
ဟောင်ကောင်မြေအောက်ရထားရဲ ဘူတာကြီး (main station) မှာ
စက်လှေခါး ခေါ်မလား
ဓာတ်လှေခါးခေါ်မလား
အပေါ်ကိုတဲ့တဲ့ မသွားဘဲ
လှေကားပုံစံ ရွေ့သွားတဲ့
စက် or ဓာတ်လှေကားနှင့်
(၅) ထပ်လောက်တက်ခဲ့ရကြောင်းပါ။
လမ်းမှာ လှေကားမှာ အတွဲလေးတွေ
ချစ်နေ နမ်းနေလိုက်ကြတာ ကျွန်တော်ဆို ဒန်ဒန်းဒန်............
ဒီလိုနှင့် ဘူတာကြီးရဲ့ အပေါ် မြေပေါ်ရောက်တယ်ဆိုယင်ပဲ
တွေ့လိုက်ရပါပြီ။
လူတွေလူတွေ ကြက်ပျံပြီးကျစရာ နေရာမရှိလောက်အောင်
များပြားလှတဲ့ လူစည်ကားပုံကြီးကို
ကျွန်တော် ဘဝ မှာ ပထမဆုံး အကြိမ် မျက်ဝါးထင်ထင်
တွေ့ဖူးခြင်းပါ။
ကျွန်တော်တို့ကိုဦးဆောင်ခေါ်သွားသူကကို..........ပါ
သူကတော့ဟောင်ကောင်ကို နှံ့စစ်ကျွမ်းကျင်ပါတယ်။
ကျွန်တော်တို့အဖွဲ့ ဘူတာကြီးကနေ ဆက်ပြီးလမ်းလျှောက် ကြတယ်။
ဘယ်လဲဆိုတော့
မြန်မာတွေ သွားလေ့သွားထ သွားနေကျ
အဖိုးနည်း ဈေပေါ သော အဝတ်အထည်
တွေ ရောင်းချသော ဈေးတန်းလမ်းကြားလေးဆီသို့။
ထိုသို့သွားနေစဉ်
ကျွန်တော်မောင်ယော၏ မြင်ကွင်းတွင် ထူးဆန်းသော
မြင်ကွင်းကြောင့် သူငယ်ချင်းများအားရုတ်တရက်
"ဟေ့ကောင်တွေပြေးပြေး"
"ဟိုမှာ လမ်းလည်ကောင်မှာ ရထားကြီး ကားလမ်းပေါ်
တက်မောင်းနေတယ်။"
ကျွန်တော့်သူငယ်ချင်းတွေ ဆိုတာလည်း ရန်ကုန်မှာတောင်
မြို့တစ်ပတ်ပြည့်အောင် မသွားတတ်တဲ့ ကောင်တွေ။
အဲဒီမှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့မှ
ကျွန်တော်တို့ရဲ့ရှေ့ဆောင်လမ်းပြ အကိုကြီးက
ကျွန်တော်တို့အဖွဲ့ကို ပြန်ထိမ်းပြီး
ထိုရထားသည် ဓာတ်ရထား ဟုခေါ်ကြောင်း
ကားလမ်းအလည် သံလမ်းပေါ်တွင် မောင်းကြောင်း
electric power နှင့်မောင်းနှင်ကြောင်း
အခြားသော ဓာတ်ရထားနှင့် ပတ်သက်သမျှအကြောင်းအရာတွေ
ရှင်းပြမှပဲ ကျွန်တော်တို့လည်းနားလည်သဘောပေါက်တော့တယ်။


မှတ်ချက်။ ။ကျွန်တော်သေချာတော့မသိပါ။
ထိုကဲ့သို့သော ဓာတ်ရထား များကို
ကျွန်တော်တို့မြန်မာပြည်တွင်ရှေးယခင်က
တွင်ကျယ်စွာအသုံးပြုခဲ့ကြောင်း။

ယင်းနောက် ကျွန်တော်တို့အဖွဲလည်း ဆက်လက်ချီတက်ကြရာ
ဈေးပေါသည် ဆိုသော လမ်းကြားသိုရောက်သော်
ဦးဆောင် အကိုကြီးက နေရာလေးတနေရာကို
သေချာပြပြီး
"နေရာကို သေချာမှတ်ထား ကြည့်ထား"
ဩော် အဖွဲ့ရဲ့ လူကြီးတစ်ယောက်ကပြောပြတော့လည်း
သေချာကြည့် သေချာမှတ်သားရတာပေါ့။
ကျွန်တော်တို့က သူ့ကိုပြန်မေးရတာပေါ့
အဲဒီ့နေရာက ဘာနေရာလဲဆိုတော့
ထိုနေရာသည်
မြန်မာနိုင်ငံ မှ နာမည်ကျော် အနုပညာရှင်
အမျိုးသမီးနှစ်ယောက် ဟောင်ကောင်သို့
အလည်ရောက်စဉ် ခရီးဆောင်အိတ် ပြောက်ဆုံးသောကြောင့်
စိတ်ပျက် လက်ပျက် ထိုင်ပြီး ငေးမှိုင်ခဲ့သောနေရာ
ဖြစ်သည်။ဟူ၏။
ကဲရှောက်ရေးနေယင်ပြီးတော.မှာမဟုတ်။
အဓိကအကြောင်းအရာလေးဘဲရေးတော့မယ်။
ကျွန်တော်တို့ အဖွဲလည်းလူစုခွဲပြီး လိုချင်တာလေးတွေ
လိုက်ဝယ်ကြတာပေါ့။
ဖြစ်ချင်တော့ကျွန်တော်ဆိုတဲ့ကောင်က
အပေါ့သွားခြင်လို့ သူငယ်ချင်းတစ်ယောက်နှင့်
ပေါက်စရာနေရာ လိုက်ရှာပါတော့တယ်။
အဲဒီမှာတွေ့ပါပြီ။လူပုံသေးသေးလေးနှင့်လမ်းကျဉ်းလေးထဲကို
ကျွန်တော်ကရှေ့က သူငယ်ချင်းကနောက်က ဝင်ကြတာပေါ့
ဂိတ်စောင့်ကပိုက်ဆံတောင်းပါတယ်။
ဒါတော့ပေးရမှာဘဲဆိုပြီး
ဘယ်လောက်လဲလို့မေးတော့ လက်ငါးချောင်းထောင်ပြတော့
ဟောင်ကောင် (၁၀)ဒေါ်လာ နှစ်ယောက်စာပေးတာကို
မဟုတ်ဘူး ဒေါ်လာ တစ်ယောက်ကို ၅၀ ဒေါ်လာပါတဲ့
ဈေးကြီးကြောင်းပြောလည်းမရ
ဒါနှင့် မထိန်းနိုင်တော့တဲ့ ကျွန်တော်တို့နှစ်ယောက်
ဒေါ်လာတစ်ရာကိုမကျေနပ်စွာပေးလိုက်ရပါတယ်။
တခြားနေရာသွားပန်းလို့ဒဏ်ရိုက် ခံရယင်
ဘယ်လောက်မှန်းမသိလို့ပါ။
ဒါပေမယ့်ပျာ အမြဲလွဲတတ်တဲ့မောင်ယော
ဒီတခါလွဲတာကတော့ပြောရမှာရှက်စရာကြီး။


ပေါက်မယ်ဆိုပြီး သူငယ်ချင်းနှစ်ယောက်
အထဲဝင် သွားတာ အားလားလား
အထဲရောက်မှ သိရတာ
တစ်ယောက် (၅၀) ယူသင့်ပါတယ်။
တကယ်တော့ အများသုံးသန့်စင်ခန်းမှမဟုတ်တာ။


မိန်းမချောလေးတွေတန်းစီစောင့်နေသော
ဟိုဒင်းဟိုဟာ နေရာကြီးပျ။
ကျွန်တော်တို့နှစ်ယောက် လည်း (၅၀)ပေးပြီးမှတော့
မထူးဘူးရောက်လက် စနဲ့
အိမ်သာတော့ တက်ခဲ့ကြောင်းပါ။
မာမားစံကြီးကတော့ ကျွန်တော်တို့ကို
လူထူးဆန်းလေးတွေဆိုပြီး
ကြည့်တဲ့မျက်နှာနဲ့ အံ့သြစွာကျန်နေခဲ့ကြောင်းပါ။







ပြီးပါပြီ။