ဝီလိုရှင်းပြရမည်နည်း

တစ်ရက်တော့ မောင်ယော ရုံးခန်းထဲမှာ Duty စဝင်ပါပြီ။အယင် အရာရှိက တရုပ်သူကသေချာလွဲပေးခဲ့ပါတယ်။
ဘယ်အချိန် ဘယ်သူတွေဘာလုပ်ရမလဲဆိုတာကိုပေါ့။မောင်ယောလည်း သူပြောတာသေချာ မမှတ်တော့ သူ့ဖာသာပဲ ကြော်ငြာ သင်ပုန်းမှာ တရုတ်လို ရေးပြီး Crews တွေ အလုပ်လာမေးယင် ဒါကိုပဲပြလိုက် ဆိုတော့
အဆင်ပြေပြီပေါ့။တရုတ်တွေကလည်း တရုပ်တွေပဲ ဖူကျန်းက တရုတ်တွေလောက် ညံ့တာ ရှိမှာမဟုတ်ဖူး။
You , me, ok,no ok ကလွဲပြီးဘာမှကို နားမလည်တာ။နိုင်ငံတကာသုံးဘာသာဖြစ်တဲ့ လက်ဟန်ခြေဟန် ကို မနားတမ်းသုံးပြီး မနဲရှင်းပြရတယ်။အာလည်းပေါက် လက်လည်းညောင်းတယ်။အလုပ်ခိုင်းယင် တရုပ်အချင်းချင်း သူ့အရာရှိတွေပြောမှ အဆင်ပြေတယ်။အင်္ဂလိပ်လို ပြောလို့ကတော့ရူးသွားမယ်။ညဖက်တစ်ခါတလေ ထမင်းကြော်ကြော်စားတာကို တရုပ်လေးက ညတိုင်းကြော်ကြွေးပါတယ်။သူ့လက်ရာလေးက မဆိုးပါဖူး။စားလို့အဆင်ပြေတယ်။သူကလည်း အလားကားလုပ်ပေးတာမဟုတ်ဖူး ညဖက်တာဝန်ချိန်မှာ ဘာမှမလုပ်ချင်တော့ ဘာစားမလဲ ဘာသောက်မလဲပဲ
မေးနေတာ မစားယင်သူက စိတ်မကောင်းဖူးဆိုပဲ။ တကယ်တော့ သူကထမင်းချက်ခန်းထဲမှာ နားချင်လို့ ကြော်ကြွေးတာ။အဲတစ်ရက်တော့ဗျာ ကိုရွှေတရုပ်က ဘာမှ မချက်ဖူး။ဖြစ်ချင်တော့ အဲဒီ့နေ့ကြမှ ဗိုက်ကဆာတော့ ကိုယ်ကပဲစမေးရတော့တာ့ပေါ့။”You dotay no maekan lar” “Yes me no marken”
ပြီးတော့ သူဆက်ပြောလိုက်တာက လက်ဟန်နှင့် ထမင်းဟင်းချက်တဲ့ပုံ လုပ်ပြပြီး
“Today me no working no working”ဘာလဲပေါ့ Duty လဲဝင်နေတယ် ဘာလို့ No working လို့ပြောတာလဲဆိုပြီးတော်တော်စဉ်းစားလိုက်ရတာ။သူ့လက်ဟန်ခြေဟန်ကို ကြည့်မှပဲ သဘောပေါက်တော့တယ်။သူဒီည ထမင်းမကြော်တော့ဖူးလို့ပြောတာကိုး။ok ဆက်ကြရအောင် သူပဲ တစ်ရက်
ရုံးခန်းထဲမှာ သူ့ကိုမောင်ယောက စာလေးတွေသင်ပေးတာ သူကလည်း အရမ်းကြေနပ်တယ်။ဒါပေမယ့်ခက်တာ
က ဒီနေ့သင်နောက်နေ့မေ့။ကြာတော့ မောင်ယောလည်း စိတ်တိုလာတော့ပြောမိတာပေါ့။
“Your memory no good” သူကလည်းမောင်ယောပြောတဲ့ Memory ဆိုတာဘာမှန်းမသိဖူး။
ပြန်မေးနေတယ် မောင်ယောလည်းနည်းပေါင်းစုံစဉ်းစားပြီးရှင်းပြတာ စိတ်တိုတာတောင်ပျောက်သွားတယ်။
နောက်ဆုံးဘယ်လိုမှ ရှင်းပြလို့မရတော့ သူ့ရဲ့ခေါင်းကို လက်ညှိုးထိုးပြပြီး “Your this one no good “
ဆိုတော့ သူကနားလည်တယ်ဗျာ။”Yes me no good this”သူ့ခေါင်းသူလက်ညှိုးထိုးပြပြီးပြောနေတာ ပြီးတော့ဆက်ရှင်းလိုက်ပါသေးတယ်။အမူအယာလေးနှင့်
“me small small” လှေခါးတက်တဲ့ ပုန်စံလုပ်ပြပြီးတော့ မောင်ယောကို လှည့်မေးလိုက်သေးတယ်။
Small Small ဆိုတာ ငယ်ငယ်တုန်းကကို ဆိုလိုတာပါ။အသက်ကိုပြောတာ။
“You understand Lar”
“Yes I understand go ahead”
သူကဆက်မပြောတတ်တော့လို့ ပက်လက်လှန်ပြတဲ့ ပုံလုပ်ပြပြီး ပြုတ်ကြတယ်ပေါ့ဗျာ။ ပြီးငယ်ထိပ်ပုတ်ပြပြီး
“This no good” ဆက်သေးတယ် နောက်စေ့ကို လည်း”This no good”
မောင်ယောလည်းတော်တော်သဘောပေါက်သွားတယ်။
နောက်တော့သူ့ကို ဘာမှကို ရှင်းမပြတော့ဖူးပြောယင်ခေါင်းညိတ်ပြီး နားထောင်နေတယ် ဘာတွေပြောမှန်းတော့မသိဖူး။
အဲနောက်တစ်ယောက်ကျန်သေးတယ် သူကမှ ပိုဆိုးတယ် ရှေ့မှာရေးခဲ့သလိုပဲ တရုတ်အရာရှိက သူ့လူတွေ ဘာလုပ်ရမလဲဆိုတာ ကြော်ငြာသင်ပုန်းမှာ ရေးထားတာ မောင်ယောလည်းတာဝန်ချိန်ဆိုတော့ ကွန်ပြူတာလေးတွေဖွင့် ပုံလေးတွေခိုးကြည့်နေတုန်း Sir today what I do
“You see this” ကြော်ငြာသင်ပုန်းကိုလက်ညှိုးလေးထိုးပြတော့ အဆင်ပြေပြီထင်တာ။
တရုတ်က ထွက်မသွားသေးပဲ ဖင်ကုတ်ခေါင်းကုတ် မျက်နှာငယ်လေးနှင့်ဘာပြောတယ်မှတ်လည်း
“Sir me no understand this”
“Hay that is Chinese Language me no China me Burma “
သူကဘာဆက်ပြောလည်းဆိုတော့ သူတရုတ်လိုလဲ စာမတတ်ပါဖူးတဲ့ အဲဒီတော့ အင်္ဂလိပ်လိုပြောတတ်တဲ့
မောင်ယောကပဲ တရုပ်အရာရှိကို မေးပြီးသူ့ ကိုရှင်းပြပေးပါဆိုတော့ သူ့ကိုရှင်းပြရမှာကြောက်တာနှင့်ပဲ
မင်းဒီနေ့ သန့်ရှင်းရေးပဲလုပ်တော့ဆိုပြီးခိုင်းလိုက်ရတယ်။သူ့တရုပ်အရာ ရှိလည်းတော်တော် စိတ်ညစ်သွားတယ်
နောက်များမှ ဆက်အုံးမည်။

Siryaw