ဆြာယောနှင့် MV : VOYAGER V Or PROBLEM V
သင်္ဘောက လခတွေလည်း တချို့တ၀က် ရရှိပြီး အားလုံးလက်ထဲမှာ က ပိုက်ဆံလေးတွေ နှင့်ဆိုတော့
အပြင်ထွက်ပြီးလန်းလန်းနှင့် လုပ်ချင်နေကြတယ်။တားဆီးလို့ ကလည်းမရနိုင်လောက်တာမို့ အလှည့်ကျ အုပ်စုဖွဲ့ ပြီး
ထွက်ကြလို့ မှာထားရတယ်။ဘာလို့လဲဆိုတော့ ရောက်နေတဲ့ဒေသ ပြီးတော့ အခြေအနေ အချိန်အခါ ကလည်း
ကိုယ်တွေဖက်က သိပ်မဟန်ဖူးဆို သိနေတယ်။တချို့တွေက နားလည်ပေမယ့် တချို့ကလည်း အပြင်ကို တတ်နိုင်ယင်
မထွက်ကြဖို့ ပြောတာကို အခွင့်အရေး ကိုယ်ပိုင်လွတ်လပ်ခွင့်ကို ပိတ်ပင်တယ် ထင်ပြီးမောင်ယောကို မကြေနပ်ဖူး။
မောင်ယောမှာကလည်း အခက်အခဲက ကြီးကြီးမားမားရှိနေတယ်။အားလုံးကို အခြေအနေ မှန်တွေ
အကုန်လုံးပြောလိုက်ယင်လည်း တော်တော်များများက စိတ်ဓာတ်ကျ သွေးပျက်ကုန်မယ်။အဲဒီတော့ အရိပ်အမွက်လောက်
ပြောပြီး အပြင် မထွက်အောင်ထိန်းရတာပေါ့။ထွက်ယင်လည်း အုပ်စုလိုက်သွားဖို့ ပြောရတာ နားလည်တဲ့ အတွေ့အကြုံ
ရှိတဲ့လူ တွေနှင့် တွဲပြီး သွားကြဖို့ ပြောထားရတယ်။
အဲဒီလောက် ပြသနာတွေ တက်ဇာတ်လမ်းတွေ ရှုပ် နေတဲ့ကြားထဲက
လူသစ်သင်္ဘောသားလေး နှစ်ယောက်၊တစ်ခေါက်လိုက်ဖူးတဲ့သူတစ်ယောက်၊
အတွေ့အကြုံများတဲ့ အမြဲတမ်းမူးနေသူ
စုစုပေါင်းလေးယောက် က တစ်ရက်တော့ မောင်ယောကို အသိမပေးပဲ
အပြင်ထွက်ပြီးလျှောက်လည် ပါတယ်။သူတို့ဘာသာ အပြင်ထွက်လည်တာ အကြောင်းမဟုတ်ဖူး
မောင်ယောတို့တွေက မသိချင်ယောင်ဆောင်ပေးလို့ရတယ်။
အဲပြသနာ တွေတက်လာတော့ မောင်ယော ခေါင်းကို လာဆောင့်တယ်။
ညဖက် ၉ နာ၇ီ လောက်မှာ မောင်ယော အခန်းကို တစ်ယောက်လာပြီးပြောတယ်။ ဟိုလေးယောက် အင်ဒို၇ဲစခန်း
ေ၇ာက်နေပြီတဲ့။မောင်ယောခေါင်းမီးတောက်ပြီး။ အဲတာနှင့်မောင်ယောလည်း ဖြစ်စဉ်မေးရတော့တာပေါ့။
ပြီးတော့ သူတို့ဖုန်းနံပါတ်တောင်းပြီး ဆက်သွယ်တော့ အားလုံးရဲစခန်းထဲမှာ ဒါနှင့်စကားပြောလို့ရမလားလို့မေးတော့
အင်ဒို ရဲအရာရှိဆိုတဲ့သူ ဖုန်းလာကိုင်တယ်။မောင်ယောနှင့် ရဲအရာရှိနှစ်ယောက် ဖုန်းထဲကနေ
ဦးနှောက်ပြိုင်ရတော့တာပေါ့။ မောင်ယောရဲ့ ကမ္ဘာကျော် အင်္ဂလိပ်စာ တွေနှင့်ဆွေးနွေးရတာပေါ့။
ဖြစ်ချင်တော့ မောင်ယောတို့အဖွဲ့ က အင်ဒိုမှာ ဗီဇာ သက်တမ်းကျော်ပြီး Overstay ဖြစ်နေတယ်။
သင်္ဘောသားတွေ ကိုင်တဲ့ Shorepass ကလည်း ရက်စွဲမပါဖူး။ ပြီးတော့အဲဒီ့အချိန်က အင်ဒိုမှာ လက်နက်သင်္ဘောမိတယ်။
ဗုံးတွေ ခနခန ကွဲနေချိန်။ပြီးတော့ကိုယ်တွေဖက်က ဥပဒေ ချိုးဖောက်ထားသလိုဖြစ်နေတယ်။
တကယ်တမ်းတော့ဒါတွေက Agent ကအကုန်လုပ်ပေးရမှာကိုလုပ်မပေးတာ။
မောင်ယောတို့ အပြစ်တွေမဟုတ်ပါဖူး။
အဲဆက်ရယင်တော့ ရဲအရာရှိက အပေါက အချက်တွေပြောပြီး ဒီလေးယောက်ကို မင်္သကာမှု့နှင့်ဖမ်းထားတယ်
လွတ်ချင်ယင် pp ယူပြီးလာခဲ့ပါပြောတယ်။ဖြစ်ချင်တော့ မောင်ယောတို့ နိုင်ငံကူးလက်မှတ်တွေအားလုံးက
ဂျာကာတာရုံးမှာရောက်နေတယ်။အပြန်အတွက်လေယဉ်လက်မှတ်ဝယ်ဖို့။မောင်ယောလည်းဖုန်းထဲကနေ အင်ဒိုရဲ
အရာရှိနှင့် ၁၀ မီးနစ်လောက် ညှိလိုက်တော့ သူက တစ်ယောက်ကို USD 300 နှင့် လာရွေးဖို့ ပြောတယ်။ပြီးတော့
တကယ်လို့ရုံးက လာရှင်းပေးမယ်ဆိုတာတောင် သူတို့လေးယောက်ကို နယ်ကျော်မှုနှင့်ဖမ်းလို့ရတယ်ဆိုပြီး
ထပ်ပြီးခြိမ်းခြောက်လိုက်သေးတယ်။မောင်ယောလည်းငြိရတာပေါ့ တစ်ယောက်ကို USD 100 ပေးမယ် သင်္ဘောက်ု
လာပို့ပေးလို့ ပြောတော့သူတို့ဖက်က သဘောမတူဖူး။ဒါနှင့် ခနလေး စဉ်းစားချိန်ပေးဖို့ပြောပြီး ဖုန်းချထားလိုက်တယ်။
အဖမ်းခံထားရသူတွေကိုလည်း ဖုန်းဆက်ပြီး အားပေးရသေးတယ်။
ပြီးတော့မှ Agent ဆီကိုဆက်သွယ်ပြီး ရဲစခန်းကို ချက်ခြင်း သွားပေးဖို့တောင်းပန်။ ပြီးတော့ အင်ဒိုက KPI သင်္ဘောသား
အစည်းအရုံး က Voice president (စာလုံးပေါင်းသည်းခံ) ကမောင်ယောနှင့် ရင်းနှီးမှုရှိတော့သူ့ကို ဖုန်းဆက်ပြီး
ပြောပြ အကူအညီတောင်းရတာပေါ့။အချိန်ကလည်း မနက် တစ်နာရီခွဲလောက်ဖြစ်နေပြီ။အဖမ်းခံရသူတွေကလည်း
ဖုန်းထဲကနေ ငိုသံတွေပါလာပြီ။ရဲကဘာမှ မလုပ်ပါဖူး တွေးပြီးကြောက်လာကြပြီလေ။
သူတို့ကိုအားပေး ပြီးတော့ Agent ကို အခုချက်ချင်း ဆောင်ရွက်ဖို့ ဖိအားပေးတော့ မှ Agent က နိုင်ငံကူးလက်မှတ်နှင့်
မောင်ယောတို့ ရဲစခန်းကို သွားရွေးရတာပေါ့။စာရွက်စာတမ်း အပြည့်အစုံနှင့် သွားတာတောင်မှ တစ်ယောက်ကို ၁၀၀ စီ
ပေးလိုက်ရသေးတယ်။
ရဲစခန်း ကနေ သင်္ဘောပေါ ကို ပြန်လာတဲ့လမ်းမှာ "မင်းတို့ဘယ်လိုဖြစ်တာလဲ အပြင်မှာ မသွားတတ်ယင်လည်း
သွားတတ်တဲ့ သူနှင့် သွားပါလို့ ပြောထားရဲ့ သားနှင့်"
" ကုန်း ၃ ကြီးက (တတိယအရာရှိ) ကားအနီစီးသွားယင် မြို့ထဲ Hyper Mart ကိုရောက်တယ်ဆိုတာနှင့်သွားလိုက်ကြတာပါ"
သူတို့ပြောသလိုပဲ ဟုတ်ပါတယ်။ကုန်တိုက်ကိုလည်း ရောက်သွားပါတယ်။ဖြစ်ချင်တော့ အပြန်မှာဖြစ်တာပါ
အသွားက ကုန်တိုက်က ညာဖက်အခြမ်းမှာ အပြန်ဆိုယင် လမ်းပြန်ကူးပြီး ကားစီးလာယင်ရောက်ပြီ။
ဒါကို ဆရာသမားတွေက ကုန်တိုက်ထဲမှာ ဘီယာသောက်ပြီးမူးမူးနှင့် လမ်းမကူးတော့ပဲ ကုန်တိုက်ထွက်ထွက် ချင်း
တွေ့ရာကားတက်စီးပြီး တစ်နာရီလောက်ကြာတော့မှ မရောက်တော့ သင်္ဘောကို ဖုန်းဆက်ပြီး လှမ်းမေး တော့
အမေးခံရတဲ့ သူကလည်း ယောင်ဝါးဝါးကောင်။
မောင်ယောတို့ နေတာက ကားမှတ်တိုင် နာမည် အင်ကီနာဒန် မရောက်ခင်မှတ်တိုင်က ဘမ်တမ်း
အမေးခံရသူကလည်း အင်ကီနာဒန်ကို စဉ်းစားလို့ မရတော့ မင်းတို့ ကားသမားကို ဘင်တမ်း လို့ပြောလိုက်
လိုက်ပို့လိမ့်မယ် ဆိုတော့ ကားသမားကလိုက်ပို့ပါတယ်။ရဲစခန်းကို ဒါတိုက်ဟစ်ပဲ။
နောက်တော့မှ မောင်ယောမေးကြည့်တော့ အင်ဒိုလို ရဲစခန်းဆိုတာ ဘင်တမ်း ကိုပြောတာ
သူတို့က ပြောတဲ့ အသံထွက်နှင့် မောင်ယောတို့ပြောတဲ့ အသံထွက် ကကွဲနေတော့
တကယ်တမ်း ကားမှတ်တိုင် နာမည်က ဘာတမ်း
ရဲစခန်း ကိုခေါတာက ဘင်တမ်း။