MV : VOYAGER V or PROBLEM V and SIRYAW

မောင်ယောဒီတစ်ခေါက် သင်္ဘောလိုက်ခဲ့တာ အင်မတန်မှ ထူးခြားဆန်းပြားလှပါသော အံသြဖွယ်ကောင်းသော

အတွေအကြုံ အဖြစ်အပြက်တွေ အများကြီးကြုံတွေ့ ဖြတ်သန်းခဲ့ရပါတယ်။
သင်္ဘောသား တစ်ထောင်မှာ တစ်ယောက် ကြုံတွေ့နိုင်ဖို့ အင်မတန်မှ ခက်ခဲတဲ့ အကြောင်းအရာ အဖြစ်အပျက်တွေ
ဘယ်လောက်တောင် ဆိုးဝါးခဲ့လဲဆိုတော့ အသက်ရှင်ပြီး လူကောင်းပကတိနှင့် ကိုယ့်နိုင်ငံ ကို ပြန်လာခွင့်ရခဲ့တာကိုပဲ
အများကြီးကံကောင်းလို့ပဲ။မယုံကြည်ဖူးဆိုယင် မောင်ယောတစ်ယောက်ထဲမဟုတ်ပါဖူး စုစုပေါင်းမောင်ယောအပါအ၀င်
မြန်မာ (၁၇) ယောက်ရှိတယ်။အတူတူ သွားခဲကြတယ် အတူတူ ရင်ဆိုင်ဖြတ်သန်းခဲ့ကြတယ် အတူတူပြန်လာခဲ့ကြတယ်။
အားလုံးညီညွတ်ကြလို့လည်း အောင်မြင်စွာပြန်လာနိုင်ခဲ့တာ။နောက်ပြီးရောက်နေတဲ့ နိုင်ငံက အင်ဒိုနီးရှား

ရောက်ဖူးတဲ့လူတွေသိပါတယ်။ကောင်မလေးတွေကတော့ ချောပါတယ်။ပေါပါတယ်။ဒါပေမယ့် မာဖီးယားတွေ များတယ်
အပြင်ထွက်ယင် လျှောက်လည်ယင် အများကြီးသတိထားသွားရတယ်။ပြီးတော့ကျွန်တော်တို့ ရောက်နေတာက
Merak or Ciwanda ဆိုတဲ့ မြို့လေး ဂျာကာတာ ကနေ ၈ မိုင်လောက်ပဲဝေးတယ်။ပြီးတော့ အဲ့ဒီ့နေရာမှာက ဘာသာရေး
နည်းနည်းStrong ဖြစ်တဲ့နေရာ။ရောက်တဲ့အချိန်ကာလကလည်း ရာမဇန် လကြီးမှာ။ဘိယာဆို အရမ်းဈေးကြီးတာ။
ဘီယာတစ်လုံးကို 5 Doller US လောက်ပေးရတယ်။အရက်ကပိုဆိုးသေး တစ်မြို့လုံးမှာ ၀ယ်လို့ရတဲ့နေရာ

တစ်ဆိုင်ပဲရှိတယ်။ဆိုဂျူး ကတော့ကိုရီးယား စားသောက်ဆိုင်မှာရတယ် အဲဒီမှာ ကောင်မလေးတွေ အရမ်းချောတာပဲ။
ဈေးလဲ လန်ထွက်နေတယ်။လူ ၃ ရောက်လောက် အစားပဲ စားတာတောင် US 100

လောက်ကြတယ်။အသောက်မပါသေးဖူးနော်။

အဲ အရက်အကြောင်းဆက်ပြောရယင် မြို့လည်က Super Mall ဘေးနားက တရုပ်ကုန်စုံဆိုင်မှာ ပဲဝယ်လို့ရတယ်။
အဲ့ဒီ့ဆိုင်က အောက်ထပ်မှာ စူပါမားကတ် အပေါထပ်က Disco Club ဖွင့်ထားတာ။ဒါပေမယ့် မောင်ယောတို့ရောက်နေတဲ့
အချိန်က ရာမဇန် လကြီးဖြစ်နေလို့ ကလပ် ပိတ်ထားတယ်။
အဲဒီ့စတိုးဆိုင် တစ်ခုပဲ အရက် ၀ယ်လို့ရတာ။တခြားဘယ်မှာမှ အရက်ဝယ်လို့မရဖူး။
ဒါတောင်ပေါတင်ရောင်းတာမဟုတ်ဖူး ဆိုင်ရှင် တရုတ်ကြီးကို ကပ်တိုးလေး မေးရတာ သူကလည်း မေးတော့မှ
ပလတ်စတစ်လောင်းထားတဲ့ A 4 စာရွက်လေးထုတ်ပေးတယ်။ အဲ့ဒီ့ထဲမှာ အရက်ပေါင်းစုံရဲ့ ဈေးနှုန်းတွေ ကပ်ထားတယ်
အဲဒီ့ထဲက မှ ကိုယ်ကြိုက်တဲ့ အရက်ကို ရွေးပြီးပြောလိုက်ယင် ကောင်မလေးတစ်ယောက်က ကြွပ်ကြွပ်အိတ် အမည်းနှင့်
ထုတ်ထားတဲ့ အထုပ်တစ်ထုတ်လာပေးတယ်။ဒါကို ဖွင့်မကြည့်ပဲ ဒီအတိုင်းယူခဲ့ရတာ။ယုံကြည် စိတ်ချရမှု့ကတော့
အပြည့်ရှိတယ် ကိုယ်ပြောတဲ့ အရက် နှင့် လုံးဝ မလွဲစေ၇ဖူး။
ဈေးကတော့ ကြီးသလားမမေးနှင့် Red က ဈေးအပေါဆုံး ၁ လီတာကို  ယူအက်စ်ဒေါ လာ ၁၀၀ ရှိတယ်။
သူက မှောင်ခို ပစ္စည်းဖြစ်လို့တဲ့ ပြီးတော့ ရာမဇန် လလေ။

နောက်မှ ဆက်မယ် တခြားအခက်အခဲတွေ ပြသနာတွေကို
ပုံကတော့Super Mall ရှေ့မှာ ရိုက်ထားတာပါ။

ဆိုမာလီ

ဒီနေ့ သတင်းထဲမှာ တွေလိုက်တာတစ်ခုရှိတယ် မောင်ယောလည်း အဲ့ဒီ့ သတင်းကို ဖတ်ပြီး

သင်္ဘောလိုက်ရမှာတောင်ကြောက်လာပြီ။ဆိုမာလီက ကပ်မဲရိုးတွေ ပနားမား အလံလွင့်ထူထားတဲ့ ကုန်သေတ္တာတင်
သင်္ဘောတစ်စီးကို ၂၂ နိုဝင်ဘာလက အာဖရိက  ချိုဒေသ အေဒင် ပင်လယ်ကွေ့နားမှာ ပြန်ပေးဆွဲ သွားတာကိုပဲ။
ဒီလောက်နိုင်ငံတကာက စစ်သင်္ဘောတွေ တင်းတင်းကြပ်ကြပ် စောင့်ကြပ်နေတာတောင် ရအောင်ပြန်ပေးဆွဲသွားနိုင်တာ
ကျွန်တော်တောင် ဒီကပ်မဲရိုး တွေကို တော်တော် အထင်ကြီးလာပြီ။နောက်ရှိသေးတယ် ဟိုတလောက တွေ့လိုက်ရတာ
ဒီကပ်မဲရိုးတွေပဲ India Ocean ထဲလာပြီး တိုက်သွားတာ။မောင်ယောတို့ သွားလာနေတာတော့ သူတို့ ဆိုမာလီ

ကမ်းရိုးတန်းနှင့် ရေမိုင် ၂၅၀ အပြင်ဖက်လောက် ထွက်မောင်းယင် လုံခြုံပြီ ထင်ခဲ့တာ တကယ်လည်း ၂၅၀ မိုင် အပြင်ဖက်
ထွက်ပြီးဖြတ်သွားဖြတ်လာ လုပ်နေတာပဲ ဘာမှ မဖြစ်ခဲ့ဖူး။အခုတော့ India Ocean ထဲ ရေမိုင်တစ်ထောင်ကျော်တောင်
လာတိုက်သွားတယ် ဆိုတော့ မောင်ယောတို့ အသက်မွေး ၀မ်းကြောင်း လည်းတော်တော် အခြေအနေ ဆိုးလာနေပြီ။
ကုန်းပေါမှာ လုပ်စားဖို့က ပညာကလည်းမတတ် အရင်းအနှီးကလည်း မဟိ ဘယ်လို နေရပါ့မလဲနော်။

ဒါပေမယ့်ကျွန်တော် ဆိုမာလီ ကပ်မဲရိုးတွေကို အပြစ်မမြင်နိုင်ပါဖူး။

ဘာလို့လဲဆိုတော့ တကယ်အပြစ်တင်သင့်တာ သူတို့တွေမဟုတ်ဖူးလို့ မောင်ယောယူဆတယ်။
သူတို့တွေက သူတို့ရေပြင်ပိုင်နက်ကို ကာကွယ်ယင်း ဒီလိုတွေဖြစ်ကုန်တာပါ။
ဒီကမ္ဘာမှာ ဆိုမာလီ ရေပြင်က တန်ဖိုးအရှိဆုံး ငါးတွေ အပေါများဆုံးထွက်တဲ့နေရာပါ။
သူတို့နိုင်ငံက နည်းပညာပိုင်းမှာ နောက်ကျ အရင်းအနှီးကမရှိ နိုင်ငံရေးက မတည်ငြိမ်
ဖြစ်နေချိန်မှာ ဂုန်သိက္ခာ ကြီးမြင့်လှပါတယ် ဆိုတဲ့ နိုင်ငံကြိးတွေက ဆိုမာလီ ရေပြင်ပိုင်နက်ထဲမှာ ငါးလာခိုးဖမ်းနေကြတာ
နှစ်ပေါင်းများစွာကြာခဲ့ပါပြီ။ကိုရီးယားလို နိုင်ငံတောင်ပါခဲ့ပါတယ်။
ကျွန်တော်နှင့် ဆုံဖူးတဲ့ ကိုရီးယား သင်္ဘောအ ရာရှိတစ်ယောက် ကသူကိုယ်တိုင် သွားခဲဖူးတာ ကိုကျွန်တော့်ကို
သူပြောပြခဲ့တယ်။ဆိုမာလီ ကပ်မဲရိုးတွေက တာတွေကို ကာကွယ်ဖို့ ကြိုးစားယင်း ပင်လယ်ဒမြတွေဖြစ်ကုန်တာလို့
ကျွန်တော်ထင်တယ်။ဘယ်သူမှာတာဝန်ရှိတာလဲ။


ဘယ်လိုပဲဖြစ်ဖြစ် သင်္ဘောသားတွေကတော့ ကြားထဲကနေ ဓားစာခံဘ၀ ရောက်နေရတာ

သူငယ်ချင်းတချို့အတွက်

ပိုက်ဆံမရှိလို့ ချောင်းသာ ကိုမသွားနိုင်တဲ့ ဇိုးကြီး အတွက်
သူတော်လည်းပါတယ်။
လိုချင်ယင်ယူသွားကြ။
အခုတော့ မောင်ယောလည်းကိန်နေပါပြီ။


ဝမ်းနည်းမှု.မှတ်တမ်း

၁၉၉၉ ခု ရေ ကြောင်းဆင်းခါစ ဘာမှ မသိ အတွေ.အကြီုံမရှိ
အူကြောင်ကြောင်နှင့် ပင်းယ သင်္ဘောပေါ် စတက်တော့ အားလုံးဝိုင်းတွယ်တာခံရ
ကျွေးတာစား ခိုင်းတာလုပ် တခါတလေ ရန်ကုန်ဆိပ်ကမ်းမှာ သင်္ဘောကပ်ထားတာတောင်မှ
ကုန်းပေါ်ခြေခြခွင့် မရခဲ့ဖူး။Cadet ရဲ့အောက်မှာ သံပြားပဲ ရှိတယ်ဆိုတဲ့ဘ၀။
အဲဒီတုန်းက ဘ၀ရဲ့ ပထမဆုံး လက်ဦး စီနီယာ အကိုလို ဆရာတစ်ရောက်လို
ကျွန်တော်တို့တွေကို ဆရာစားမချန် အားလုံးသင်ပေးခဲ့တယ်။
Capt နှင့် C/O တို့က ကျွန်တော်တို့ကို ကမ်းတက်ခွင့် ပိတ်ထားချိန်မှာတောင်
သူက ကျွှန်တော်တို့ကို ခိုးထွက်စေပြီး လင်းလီကို လိုက်ပို့ ခေါင်းလျှော် မျက်နှာသစ်
ပြီးတော့ ဂန္တ၀င်ေ၇ွှပုဂံ မှာ Spider မှာ ဘီယာတိုက်ပြီး မချေားလေးတွေနှင့် မိတ်ဆက်ပေးခဲ့တယ်။
နောက်ပြီး Asia Plaza မှာ Night Club ဆိုတာ ဘာလဲဆိုတာ သိအောင်လိုက်ပို့ပြီး ညငှက်လေးတွေနှင့် Club အပေါ်က Hotel
ထဲမှာ ကျွန်တော်တို့ ပျော်ခဲ့ကြတယ်။
နေ့ဖက်မှာ ဆိုယင် ဗိုလ်တစ်ထောင်ဈေးနားက Euro Asia Hotel မှာ ဘယ်လို ပျော်လို့ရတယ်ဆိုတာ တွေသင်ပေးခဲ့တယ်။
ကျွန်တော်မှတ်မိသေးတယ် ပထမဆုံး ကျွန်တော်တို့ကို အနှိပ်ခန်း လိုက်ပို့တုန်းက တိုက်တစ်လုံးထဲမှာ ဘာမှလည်း မပြောမဆိုနှင့်
မင်းတို့ ဒီအခန်းထဲ ၀င်နေဆိုလို့ ၀င်နေလိုက်ရတာ ဘယ်နေရာလည်းဘာလုပ်တာလည်းဆိုတာ မပြောတော့ မသိဖူး။
ကျွန်တော်က စဉ်းစားမိတာက ဒါ စုပေါင်းအိပ်ရတဲ့ Hotel လို့ပဲထင်ခဲ့တာ။
မကြာပါဖူး ကောင်မလေး တွေဝင်လာပြီး ခြေထောက်ကို လာကိုင်တာ ကျွန်တော်က ဘာမှ မဖြစ်ပေမယ့်
ဘေးနားက သောင်းသောင်း ကတော့ အို ...... အမေ ဆိုပြီး ထပြေးလို့ လိုက်ဆွဲခဲ့ရတာ ကြယ်ငါးပွင့် ဟာသလေးတွေထဲက
တစ်ခုဖြစ်ပြီး လူစုံတိုင်းပြောဖြစ်ကြတဲ့ အဖြစ်အပျက်လေးပါ။
့ကျွန်တော်တို့ တွေကို အစစ အရာရာ ရှေ့ဆောင်လမ်းပြခဲ့တဲ့ စီနီယာကြီး ...............

အကိုကြီး သေတာ ကျွန်တော် ၃ နှစ်ကြော်ကြာမှ သိခဲ့ရတယ်။
ဒီနေ့မှ အကို လူ့လောကမှာ မရှိတော့တာ သိလိုက်ရတယ် အကိုရေ....
ဒီနေ့ညကျွန်တော် Spider မှာ အမူးသွားသောက်မယ်။Asia Club သွားမယ်။
အကို ကျွန်တော့်ကို စသင်ပေးခဲ့တဲ့ နေရာလေး တွေ ကျွန်တော် အခုသွားမယ်။
မသေခင် အတူမသောက်လိုက်ရတာ အရမ်းဝမ်းနည်းမိတယ်။

အကိုရဲ့
ချစ်စွာသော ဂျူနီယာ

ယောသား

Dr yaw's hospital

That photo is my hospital.If you dont need your life,please come to my hospital.All treatment and medicine are free of charge.In my hospital 80% of medicine are expire.And 99 % of instruments are all damage.But in medical certificate all medicine up to date and all instruments are good condition.If your are responsibility on that hospital how do you do.Please tell me your thinking.This is a little problem of MV VOYAGER V or PROBLEM V.

But in this hospital one thing is very useful for me and my crews.It is 99% Alchol sprite.Because of my ship no money and no alchol.When i can use myanmar fonts i will shere to all friends how to use 99 % alchol.










30 years thinking

Port is my guest.
Ship is my home.
Sea is my life.


Who
Is
My
Wifely
WIFE