ဆြာယာနှင့် မင်းဒသ အတွေး

ခေတ်အဆက်ဆက် မှာ ရာမာရဏ ဇာတ်တော်တွေ ရှိခဲ့ာကတယ်။
ဘယ်နိုင်ငံက ပဲရေးရေး ဇာတ်တော်လာ အဓိက ဇာတ်ဆောင်တွေ သဘောတရားတွေ
မပျောင်းလဲခဲ့ဖူး။သီတာမင်း သမီးနှင့် ရာမမင်းသားကြိုက်မယ်။
ဒသဂီရိက လူကြမ်း ကြားထဲက ကြာကူလီ ရိုက်မယ်။
လက္ခဏာက ရာမညီတော် သီတာဒေ၀ီကို ကြိုက်ပေမယ့် နောင်တော်ကို လေးစားပြီး ရာမကို
ကူညီမယ်။ဗုဒ္ဒဘာသာ အရမ်းထွန်းကားတဲ့ နိုင်ငံဆို ရာမ မင်းသားကို ဘုရား အလောင်းတော် အဖြစ်တင်စားမယ်။
ဒသကို ဒေ၀ဒတ် လုပ်မယ်။သီတာဒေ၀ီကို ယသော်ဒရာ၊လက္ခဏာကို ညီတော် အာနန္ဒာ အဖြစ်
ပုံ၇ိပ်တင်မယ်။ပြီးလို့ ရှိယင် တိုင်းပြည် အုပ်ချုပ်မင်းလုပ်ရတာ ဘုန်းကံကြောင့်တို့ ဘာတို့
မဆိုင်တာတွေ အမွမ်းတင်ကြမယ်။အုပ်ချုပ်တဲ့ ဘုရင်မင်းမြတ် ကိုလဲပဲ ရာမမင်းကဲ့သို့ တော်ကြောင်း
ရာမမင်းနှင့် ညီမျှကြောင်းတွေ ချီးမွှမ်းခန်းတွေ ဖွင့်ကြမယ်။

တကယ်တမ်းတော့ ဇာတ်တော် တစ်ခုရေးတယ်ဆိုတာ အဲဒီ့ခောတ် အဲဒီ့အချိန်တုန်းက ဖြစ်နေတာ
ဖြစ်ချင်တာတွေကို ရေးထားတာလို့ပဲ မောင်ယောမြင်တယ်။
ရေးခိုင်းတဲ့လူကလည်း သူလိုချင်တာ သူဖြစ်ချင်တာရေးခိုင်းမယ်။
ရေးတဲ့ လူကလည်း သူဖြစ်ချင်တာ သူထည့်ရေးချင်တာလေးတွေရေးမယ်။
ကာလဒေသကို လိုက်ပြီးရေးခဲ့ကြတာပဲဖြစ်မယ်လို့ ယူဆပါတယ်။
အမှန်တစ်ကယ်လို့ မောင်ယော မပြောပါဖူး။
တစ်ကယ်တမ်း ဒီ ဇာတ်တော်ဟာ ရှိခဲ့တယ် ဖြစ်ခဲ့တယ် ဆိုယင်တောင်မှ သီတာဒေ၀ီချစ်ခဲ့တာ ဘယ်သူလဲ
လေးတင်ပွဲ ကကော တရားမျှတခဲ့ရဲ့လား။
အစပိုင်းတွေမှာ ပုံဖော်ထားတဲ့ ဒသရဲ့ ခွန်အားဗလတွေက ပိုးဟပ်ဖြူတစ်ကောင်လို
ဘာမှ ပုံမဖော်ထားတဲ့ ဘုန်းတန်ခိုးဆိုတာကိုပဲ ပြသထားတဲ့ ရာမ ဘယ်သူက လက်တွေ့မှာ
ပိုပြီးကြံ့ခိုင်သန်စွမ်းမလဲ
ဒသဆိုတာ ၁၀ ခုကိုကိုယ်စားပြုတာလို့ပဲ ယူဆကြမယ်ဆိုယင်တောင်
၁ ခုထဲ ကို ကိုယ်စားပြုတဲ့ ရာမက ခွန်အားကို အားကိုးခဲ့တဲ့ ခောတ်မှာ ဘာလို့ အနိုင်ရခဲ့တာလဲ။
ရာမဆိုတဲ့ မင်းသားက ညဏ်နီညဏ်နက် သုံးခဲ့လို့လား။
ဘုန်းတံခိုး ဆိုတဲ့ အရာကို အယင်ကရော အခုပါ ယုံကြည်နေရအုံးမှာလား။

တကယ်တမ်းဆိုတာတွေက ဘုရင်တစ်ပါးက ရေးခိုင်းလို့ ခောတ် အဆက်ဆက်က ဇာတ်ညွှန်းရေးဆ၇ာတွေ
ရေးခဲ့ကြရတာထင်ပါတယ်။
တကယ်တမ်းတော့ သီတာမင်းသမီးကလည်း လှချင်မှ လှမှာပါ။
မင်းဒသနယ်ချဲ့ချင်တာလည်းဖြစ်နိုင်ပါတယ်။
လျှောက်ရေးနေယင်ရျည်ပါတယ်။
ကျွန်တော်ဆိုလို ချင်တာက ဒါတွေကို စတင်တော်လှန်ခဲ့တာ စာရေးဆရာ ချစ်ဦးညိုလို့ပဲ ဆိုလိုချင်ပါတယ်။
သူ့လက်ထက်မှာ ဒသဂီ၇ိ ကို စတင်ပြီး အရောင်တင်ပြီး ဘယ်နေရာမဆို ဆန့်ကျင်ဖက်
အတွေးအခေါ် ရှိတယ် ဆိုတာ ချပြခဲ့တယ်။(တခြားသူတွေလည်းရှိမှာပါ)

ဆရာချစ်ဦးညိုတို့ ခောတ်မှာ ဆန့်ကျင်ဖက်ကို ချပြခဲ့သလိုပဲ
ကျွန်တော်တို့ လက်ထက်မှာ အကောင်းမြင်ဆန့်ကျင်ဖက်ဆိုတဲ့ အရာကို ပြန်တည့်ပေးကြယင်ကောင်းမယ်ထင်ပါတယ်။

အမှားဖြစ်သွားယင် သီးခံခွင်လွတ်ပေးကြပါခင်ဗျာ။

                     ဆြာယော

ဝိုင်

မောင်ယောတို့ စီးခဲ့တဲ့ သင်္ဘောက အင်ဒိုမှာပဲ ကျောက်ချထားတာ ၁ လကျော် ၂လနီးနီးရှိလာတော့
ပိုက်ဆံတွေ(လခ)ကလည်းမရကြသေးဖူး။ဆိပ်ကမ်းကိုတော့ လှမ်းမြင်နေရပေမယ့် ကမ်းပေါ်ကိုတက်ခွင့်ကမရ။
တက်ခွင့်ရလည်း ဘုတ်ခက(ferry)အသွားအပြန် ၅၀ ဒေါ်လာလောက်ကျတယ်။ကားကလည်း ဘတ်စကားမစီးတတ်
သေးတော့ taxi ကတစ်ခေါက် အသွားအပြန်ဆိုယင် ၂၅ ဒေါ်လာ။ဘယ်လိုမှ မတတ်နိုင်ဖြစ်နေတယ်။
အထူးသဖြင့် အရက်ကဈေးကြီးတော့ မတတ်နိုင်ဖူး ဘီယာက တစ်ဗူးကို ၅ဒေါ်လာဆိုတော့ပိုဆိုးသေးတယ်။
အရက်ဈေးကြီးတဲ့ အကြောင်းကို အယင်ပို့စ်မှာရေးခဲ့ပြီးပါပြီ။
အားလုံးကလည်း အရက်မသောက်တဲ့လူက နှစ်ယောက်လောက်ပဲပါတယ်။
အရက်မသောက်ရယင် အလုပ်တောင်မလုပ်ချင်ကြတော့ဖူး။
ဒီတော့ မောင်ယောအကြံထုတ်ရတော့တာပေါ့။ကံကောင်းချင်တော့သင်္ဘောသားဝါရင့်ကြီး တစ်ယောက်က
ဝိုင်ဖောက်တတ်တယ် လိုအပ်တဲ့ပစ္စည်းတွေ ကလည်းလွယ်ကူနေတော့
အားလုံး Meeting ထိုင်ပြီး ဆွေးနွေးကြတာပေါ့။သင်္ဘောမှာက ထုံးစံလေးတွေရှိတယ်။
မနက်စာ နှင့်ညနေစာ စားပြီးတိုင်းအသီးတစ်မျိုးစားရတယ်။

Meeting မှာလုံစုံပါပြီ။ကဲ ခင်ဗျားတို့ အရက်မသောက်ရတော့ စိတ်ပျော်ရွင်မှု့ မရှိကြဖူး။
အရက်ထွက်ဝယ်ဖို့ကလည်း မတတ်နိုင်ကြဖူး။အခု ကို.......ကအားလုံးအဆင်ပြေပြေသောက်လို့ရအောင်
ဝိုင်ဖောက်ပေးမယ်။ကျွန်တော်တို့က သူလိုအပ်တာလေးတွေ ရအောင်လုပ်ပေးရမယ်။
လိုအပ်တာက လေးဂါလံပုံး၊ရီးစ်ပေါင်ဒါ၊ရေကြက်အေး၊နှင့်အသီးမျိုးစုံ အဓိကပန်းသီး။
လေးဂါလံပုံးလည်းအဆင်ပြေတယ်။ရီးစ်ပေါင်ဒါကတော့ ပလာတာနှင့်မုန့် မလုပ်စားတော့ဖူး။
အားလုံးပဲ ထမင်းစားပြီးတိုင်း အသီးမစားနှင့်တော့ကန့်ကွက်မဲ့သူရှိလားဆိုတော့
အားလုံး တညီတညွတ်ထဲ သဘောတူလိုက်ကြပါတယ်။

စပါပြီ  ဘယ်လိုလုပ်ရလဲဆိုတော့
ပထမဆုံးေ၇ကြက်အေး ရအောင်လုပ်။ပြီးတော့ ဆပ်ပြာအရည်တွေထည့်တဲ့ ပုံးအကြီးတွေကို သေချာရေဆေး
အားလုံးရပြီဆိုမှ အသီးတွေ ကို အခွံခွာ လက်မလောက် အတုံးတွေစိတ် ရေနှင့်အသီးကို ဆတူလောက် ရောပြီး
ပုံးထဲကိုထည့် လေးဂါလံ တစ်ပုံးမှာ ရေနှင့်အသီးပြီးယင် ရီးစ်ပေါင်ဒါ ထမင်းစားဇွန်းနှင့် တစ်ဇွန်းလောက်ရေပျော်အောင်
ဖျော်ပြီးထည့်ပေး။ပိုပြင်းချင်ယင် ရီးစ်ပေါင်ဒါ နည်းနည်းပိုထည့်။
ပြီးလို့ ရှိယင် အဲဒီ့ပုန်းကို နေပူထဲမှာ ၄ ရက်လောက် အလုံပိတ်ပြီး ထားလိုက်ယင်ရပြီ။
နေမပူလို့ ရှိယင်တခြားပူတဲ့ နေရာမှာထားပေးလိုက်ရတာပဲ။
တစ်ပါတ်လောက် စောင့်ထားယင်တော့ ပိုပြီးပြင်းသလို သောက်ရတာလဲ အရသာ ပိုကောင်းပါတယ်။
အဲဒီ့ဝိုင်က ဖောက်ပြီးယင် ရေစစ်နှင့် သေသေချာချာ စစ်လိုက်ယင် တကယ့်တန်ဖို့ ကြီးWhite wine တွေနှင့်
ယှဉ်လို့ ရလောက်အောင်ကောင်းပါတယ်။
ဒါပေမယ့် မောင်ယောတို့ ကတော့ ပိုပြီးမူးအောင်လို့ အနည်ကို လှုပ်ပြီးသောက်တယ်။
နောက်ပိုင်းသောက်တာများလာတော့ အားလုံးသိပ်မမူးကြတော့ မောင်ယောက အကြံအဖန်ထပ်လုပ်ပါတယ်။
အဲဒါကတော့ ၀ိုင်ဖောက်ချိန်မှာ ဆေးရုံထဲမှာ ရှိတဲ့ အရက်ပြန်၉၉%တွေ နည်းနည်းစီလောက် ထည့်ထည့်ပေးတယ်။
ဆေးရုံထဲမှာက အရက်ပြန်တွေကလည်း စာရင်းပျောက် အများကြီးပို နေတယ်။
စာရင်းပြုစုသူက မောင်ယောလေ အရှည်ကို စဉ်းစားပြီး ကြိုတင်ဖျောက်ထားတာ။

ပုံလေးကတော့ ၀ိုင်ခွက်လေးနှင့် အာလူးကြော်လေးပါ။

ကျွန်တော် နားလည်သော Plan

plan ဆိုတာ ဘယ်နေရာမှာမဆို အင်မတန် အရေးကြီးပါတယ်။
ကျွန်တော့် အထင် ပြောရယင် Plan မကောင်းယင် ဒါမှမဟုတ် Plan အတိုင်း လိုက်နာဆောင်ရွက်နိုင်စွမ်း မရှိယင်
ဘယ်အလုပ်မဆိုအောင်မြင်နိုင်စွမ်းရှိမယ်လို့ မယုံကြည်ဖူး။ကျွန်တော်သိရသလောက် အမေရိကားနိုင်ငံသားတွေဟာ
စာရွက်ကို အားကိုးခဲ့ကြလို့ လက်တွေ့မှာအောင်မြင်ခဲ့တယ်။အခုချိန်ထိလည်း ကမ္ဘာမှာဦးဆောင်သူတွေဖြစ်တာပါ။
မောင်ယောတို့ သင်္ဘောသားလောကမျာဆိုရှိပါတယ်.စာရွက်စာတမ်းလုပ်ရမှာ အရမ်းကြောက်ကြတယ်။
စာရွက်ပေါ်က Plan တွေက လိမ်လို့ ရသလို လိမ်လို့လဲ မရဖူး။ဘာလို့လဲဆိုတော့ မစစ်ဆေးခဲ့ ယင် စာရွက်ကို ကြည့်ပြီး

ဆုံးဖြတ်ခဲ့ယင် အားလုံးအဆင်ပြေနေမှာပဲ။တကယ်တိုက်ဆိုင်စစ်ဆေးခဲ့ ယင်ဒါဟာ ကိုယ်ပေါင်ကို လှန်ထောင်းသလို
ကိစ္စကြီးဖြစ်နေပြန်တယ်။နေရာတော်တော်များများမှာတော့ စာရွက်ပေါ်မျာ လိမ်နေကြတာပဲ။
ကိုယ်တိုင်လည်းလိမ်ခဲ့ဖူးတာပဲ။အလိမ်လည်းခံခဲ့ရဖူးတာပဲ။

ကျွန်တော်နှင့် တစ်ခါဆုံဖူးတဲ့ အမေရိကား ရေတပ်က လူတွေဆိုယင် သင်္ဘောတစ်စီး ထဲမှာ တာဝန်ထမ်းဆောင်နေတာ
နှစ်ချီနေပြီ။နှစ်ယောက်လုံးက မြန်မာလူမျိုးတွေ တစ်ယောက်နှင့်တစ်ယောက် တစ်ခါမှ စကားမပြောခဲ့ဖူးတဲ့။
သိတောင်မသိခဲ့ဖူးဆိုပဲ။မောင်ယောနှင့် တွေ့မှတာ တစ်ဝိုင်းထဲထိုင်သောက်ခွင့် ရတာဆိုပြီး မောင်ယောကို ကျေးဇူးတွေ
တင်လိုက်ကြတာ။သူတို့ ပြောတာကရှင်းပါတယ် လူချင်းသိနေရင်းနှီးနေတာ က တစ်ပိုင်း ကိုယ်ရဲ့

တာဝန်အတိုင်းဆောင်ရွက်ရမှာက တစ်ပိုင်းတဲ့။မောင်ယောပြောပြချင်တာက Plan ကို လေးစားပြီးတိတိကျကျ
ဆောင်ရွက်နိုင်တာကိုပါ။ကျွန်တော်လည်းမလုပ်နိုင်ခဲပါဖူး။ကြိုးစားဆဲပါ။

တကယ်တမ်းတော့ စာရွက်ပေါ်မှာရေးဆွဲ ထားတဲ့ အကြာင်းအရာဟာ အရမ်းကောင်းနေလိမ့်မယ်။
ဒါပေမယ့် လက်တွေ့မှာတော့ စာရွက်ပေါ်က Plan အတိုင်းလိုက်လုပ်ဖို့ ဆိုတာ ဘယ်နေရာမှာမှ ကိုက်ညီဖို့ မလွယ်ပါဖူး။
တတ်နိုင်သလောက်တော့ တူညီအောင် ဆောင်ရွက်ကြရတာပါပဲ။
အနီးစပ်ဆုံးဖြစ်ခဲ့ ယင် ပဲကြေနပ်ကြရမှာပါ။
နောက်တစ်ခုရှိသေးတာက Plan ကိုနားလည် သဘော မပေါက်ခဲ့ယင်လည်း Plan အတိုင်း လိုက်နာဆောင်ရွက်ဖို့
မဖြစ်နိုင်ပါဖူး။နားလည်သဘော ပေါက်အောင်ရှင်းပြရမှာက Plan ကို ရေးဆွဲသူမဟုတ်ပါဖူး။
Plan ကို အသုံးချဆောင်ရွက်သူလို့ မောင်ယော ထင်ပါတယ်။

အမှားပါယင် သီးခံပေးကြပါ။

Barcamp Yangon

အခု ဒီနေ့နံနက် ၁၀ နာရီကနေ ၁၁နာရီ ၃၀ မိနစ် အထိ Barcamp Yangon နှင့်ပတ်သက်တဲ့ စာနယ်ဇင်းပွဲ ဖိတ်စာ
လေးပါ စိတ်ဝင်စားတဲ့သူတွေ ကြည့်လို့ရအောင်လို့ပါ။
မနက်ဖြန်အကြောင်းအရာတွေကို နောက်နေ့မှာချက်ချင်းရေးနိုင်အောင် ကြိုးစားပေးပါမယ်။

ဖိတ်စာကို Attach File နှင့်ပို့တာ မရောက်လို့ နောက်တစ်ခါပြန်တင်ကြည့်တာပါ။
လိုအပ်ချက်လေးတွေကို နားလည်ပေးကြပါခင်ဗျာ။


                    ဆြာယော

Barcamp Yangon

barcamp တဲ ကျွန်တော် အခုမှ ရင်းနှီးတဲ့ စကားလုံးလေးပါ။အာဆင်နယ်နှင့် နယ်သာလန် ဘောလုံးသမားဟောင်း
ဒင်းနစ်ဘားကမ့်ကို ပြောတာတော့ မဟုတ်ပါဖူး။ကျွန်တော်နား လည်ထားသလိုဆိုယင်တော့ Barcamp ဆိုတာ
လူတွေစုဝေးပြီး အတွေးအမြင် အသိပညာတွေ ဖလှယ်တဲ့ ပွဲလေးတစ်ခုလို့ပဲ ကျွန်တော် နားလည်ထားပါတယ်။
မှားခဲ့ယင်လည်း သီးခံပေးကြပါ။Computer IT လောကက ဦးဆောင်ပြီးပြုလုပ်နေလို့ လူတွေက လွယ်လွယ်ပဲ
နည်းပညာဖလှယ်ပွဲလို့ ထင်မြင်ယူဆကြမှာပါ။တကယ်တမ်းတော့ နည်းပညာ အတတ်ပညာ အသိပညာ အားလုံး
တစ်နေရာထဲမှာ လူအားလုံးက ပညာရှင် ပညာသင် မခွဲခြားပဲ ကိုယ့်ရဲ့ ရှာဖွေတွေ့ရှိချက် ကိုယ်တင်ပြချင်တဲ့ အကြောင်းအရာ ကိုယ်ပြောပြချင်တာ တွေကို ဘောင်သတ်မှတ်ထားခြင်းမရှိပဲ(လူ့စည်းဘီလူးစည်းလေးတော့ခွဲသိနော်)
တင်ပြပြောဆိုတာဖြစ်ပါတယ်။မြန်မာပြည်မှာတော့ တစ်ခါမှ မလုပ်ဖူးသေးတဲ့ ပွဲလေးပါ။
အဓိကဦးတည်ချက်ကတော့ Barcamp မှာ ကိုယ်မသိသေးတဲ့ အတွေ့အကြုံ ပညာရပ်တွေကို ကြားသိရနိုင်တယ်။
ဘယ်သူက ပြောဆိုတင်ပြမှာလဲဆိုတာထက် ဘယ်သူက စတင်ဆွေးနွေးမလဲ ဆိုတာပါပဲ။စတင်ပြောဆိုသူက ခဏတာ
တင်ပြပြီး နားထောင်နေသူတွေက ပြန်လှန်တင်ပြ မေးခွန်းထုတ်ကြမယ်။အဲဒီ့မေးခွန်းတွေ တင်ပြဆွေးနွေးဒါတွေကိုလည်း
နားထောင်နေသူထဲကပဲ ဖြစ်ဖြစ် သိတဲ့လူက ထောက်ပြဆွေးနွေးကြမယ်။

ဥပမာတစ်ခုပေးရယင် ကျွန်တော်သိလိုတာတစ်ခုရှိတော့ အဲဒီ့အကြောင်းအရာကို ကျွန်တော်က စတင်ချပြမယ်
ကျွန်တော်တို့ သင်္ချာမှာ အရမ်းလွယ်တယ်ထင်တဲ့ ပုစ္ဆာလေး တစ်ခုရှိတယ်။ ကျွန်တော်သိရသလောက်တော့
အဲဒီ့ပုစ္ဆာရဲ့ အဖြေကို အခုချိန်ထိ ဘယ်သူမှ အဖြေမထုတ်နိုင်ကြသေးဖူးထင်တယ်။
စက်ဝိုင်း ပုစ္ဆာတွေကို အဖြေရှာတဲ့ အခါမှာ သုံးတဲ့ ပိုင်(၂၂/၇)ရဲ့ တန်ဖိုးအစစ်အမှန်က ဘယ်လောက်လဲ။
ကျွန်တော်တို့ သိထားတဲ့ ၃.၁၄၂...... ဆိုတာအတိအကျ အဖြေမှန်မဟုတ်သေးဖူး။
ဘာ့ကြောင့်ဒီလိုပြောရတာလဲ.........
အဖြေမှန်ကဘာလဲ...
ဒီအကြောင်းအ၇ာဆို ကွန်ပြူတာနှင့် မပတ်သက်လောက်ဖူးထင်ပါတယ်။
အခုကျွန်တော်တို့တွေ ဒီပွဲလေးကို ရန်ကုန်မှာကျင်းပနိုင်အောင်ကြိုးစားနေပါတယ်။
Facebook ပေါ်မှာလည်းသွားကြည့်လို့ ရပါတယ်။ဘယ်လိုလုပ်ယင်ကောင်းမယ်လို့ထင်ပါသလဲ၊
အားလုံးပဲ ၀ိုင်းဝန်းစဉ်းစားပြီး အကြံညဏ်လေးတွေပေးစေချင်ပါတယ်။
နောက်နေ့တွေကြမှ barcamp yangon နှင့်ပတ်သက်တာလေးတွေ ထပ်ရေးပါအုံးမည်။

ဆြာယောနှင့် MV : VOYAGER V Or PROBLEM V

သင်္ဘောက လခတွေလည်း တချို့တ၀က် ရရှိပြီး အားလုံးလက်ထဲမှာ က ပိုက်ဆံလေးတွေ နှင့်ဆိုတော့
အပြင်ထွက်ပြီးလန်းလန်းနှင့် လုပ်ချင်နေကြတယ်။တားဆီးလို့ ကလည်းမရနိုင်လောက်တာမို့ အလှည့်ကျ အုပ်စုဖွဲ့ ပြီး
ထွက်ကြလို့ မှာထားရတယ်။ဘာလို့လဲဆိုတော့ ရောက်နေတဲ့ဒေသ ပြီးတော့ အခြေအနေ အချိန်အခါ ကလည်း
ကိုယ်တွေဖက်က သိပ်မဟန်ဖူးဆို သိနေတယ်။တချို့တွေက နားလည်ပေမယ့် တချို့ကလည်း အပြင်ကို တတ်နိုင်ယင်
မထွက်ကြဖို့ ပြောတာကို အခွင့်အရေး ကိုယ်ပိုင်လွတ်လပ်ခွင့်ကို ပိတ်ပင်တယ် ထင်ပြီးမောင်ယောကို မကြေနပ်ဖူး။
မောင်ယောမှာကလည်း အခက်အခဲက ကြီးကြီးမားမားရှိနေတယ်။အားလုံးကို အခြေအနေ မှန်တွေ

အကုန်လုံးပြောလိုက်ယင်လည်း တော်တော်များများက စိတ်ဓာတ်ကျ သွေးပျက်ကုန်မယ်။အဲဒီတော့ အရိပ်အမွက်လောက်
ပြောပြီး အပြင် မထွက်အောင်ထိန်းရတာပေါ့။ထွက်ယင်လည်း အုပ်စုလိုက်သွားဖို့ ပြောရတာ နားလည်တဲ့ အတွေ့အကြုံ
ရှိတဲ့လူ တွေနှင့် တွဲပြီး သွားကြဖို့ ပြောထားရတယ်။
အဲဒီလောက် ပြသနာတွေ တက်ဇာတ်လမ်းတွေ ရှုပ် နေတဲ့ကြားထဲက
လူသစ်သင်္ဘောသားလေး နှစ်ယောက်၊တစ်ခေါက်လိုက်ဖူးတဲ့သူတစ်ယောက်၊
အတွေ့အကြုံများတဲ့ အမြဲတမ်းမူးနေသူ
စုစုပေါင်းလေးယောက် က တစ်ရက်တော့ မောင်ယောကို အသိမပေးပဲ
အပြင်ထွက်ပြီးလျှောက်လည် ပါတယ်။သူတို့ဘာသာ အပြင်ထွက်လည်တာ အကြောင်းမဟုတ်ဖူး
မောင်ယောတို့တွေက မသိချင်ယောင်ဆောင်ပေးလို့ရတယ်။
အဲပြသနာ တွေတက်လာတော့ မောင်ယော ခေါင်းကို လာဆောင့်တယ်။

ညဖက် ၉ နာ၇ီ လောက်မှာ မောင်ယော အခန်းကို တစ်ယောက်လာပြီးပြောတယ်။ ဟိုလေးယောက် အင်ဒို၇ဲစခန်း
ေ၇ာက်နေပြီတဲ့။မောင်ယောခေါင်းမီးတောက်ပြီး။ အဲတာနှင့်မောင်ယောလည်း ဖြစ်စဉ်မေးရတော့တာပေါ့။
ပြီးတော့ သူတို့ဖုန်းနံပါတ်တောင်းပြီး ဆက်သွယ်တော့ အားလုံးရဲစခန်းထဲမှာ ဒါနှင့်စကားပြောလို့ရမလားလို့မေးတော့
အင်ဒို ရဲအရာရှိဆိုတဲ့သူ ဖုန်းလာကိုင်တယ်။မောင်ယောနှင့် ရဲအရာရှိနှစ်ယောက် ဖုန်းထဲကနေ

ဦးနှောက်ပြိုင်ရတော့တာပေါ့။ မောင်ယောရဲ့ ကမ္ဘာကျော် အင်္ဂလိပ်စာ တွေနှင့်ဆွေးနွေးရတာပေါ့။
ဖြစ်ချင်တော့ မောင်ယောတို့အဖွဲ့ က အင်ဒိုမှာ ဗီဇာ သက်တမ်းကျော်ပြီး Overstay ဖြစ်နေတယ်။
သင်္ဘောသားတွေ ကိုင်တဲ့ Shorepass ကလည်း ရက်စွဲမပါဖူး။ ပြီးတော့အဲဒီ့အချိန်က အင်ဒိုမှာ လက်နက်သင်္ဘောမိတယ်။
ဗုံးတွေ ခနခန ကွဲနေချိန်။ပြီးတော့ကိုယ်တွေဖက်က ဥပဒေ ချိုးဖောက်ထားသလိုဖြစ်နေတယ်။
တကယ်တမ်းတော့ဒါတွေက Agent ကအကုန်လုပ်ပေးရမှာကိုလုပ်မပေးတာ။
မောင်ယောတို့ အပြစ်တွေမဟုတ်ပါဖူး။
အဲဆက်ရယင်တော့ ရဲအရာရှိက အပေါက အချက်တွေပြောပြီး ဒီလေးယောက်ကို မင်္သကာမှု့နှင့်ဖမ်းထားတယ်
လွတ်ချင်ယင် pp ယူပြီးလာခဲ့ပါပြောတယ်။ဖြစ်ချင်တော့ မောင်ယောတို့ နိုင်ငံကူးလက်မှတ်တွေအားလုံးက
ဂျာကာတာရုံးမှာရောက်နေတယ်။အပြန်အတွက်လေယဉ်လက်မှတ်ဝယ်ဖို့။မောင်ယောလည်းဖုန်းထဲကနေ အင်ဒိုရဲ
အရာရှိနှင့် ၁၀ မီးနစ်လောက် ညှိလိုက်တော့ သူက တစ်ယောက်ကို USD 300 နှင့် လာရွေးဖို့ ပြောတယ်။ပြီးတော့

တကယ်လို့ရုံးက လာရှင်းပေးမယ်ဆိုတာတောင် သူတို့လေးယောက်ကို နယ်ကျော်မှုနှင့်ဖမ်းလို့ရတယ်ဆိုပြီး
ထပ်ပြီးခြိမ်းခြောက်လိုက်သေးတယ်။မောင်ယောလည်းငြိရတာပေါ့ တစ်ယောက်ကို USD 100 ပေးမယ် သင်္ဘောက်ု
လာပို့ပေးလို့ ပြောတော့သူတို့ဖက်က သဘောမတူဖူး။ဒါနှင့် ခနလေး စဉ်းစားချိန်ပေးဖို့ပြောပြီး ဖုန်းချထားလိုက်တယ်။
အဖမ်းခံထားရသူတွေကိုလည်း ဖုန်းဆက်ပြီး အားပေးရသေးတယ်။
ပြီးတော့မှ Agent ဆီကိုဆက်သွယ်ပြီး ရဲစခန်းကို ချက်ခြင်း သွားပေးဖို့တောင်းပန်။ ပြီးတော့ အင်ဒိုက KPI သင်္ဘောသား
အစည်းအရုံး က Voice president (စာလုံးပေါင်းသည်းခံ) ကမောင်ယောနှင့် ရင်းနှီးမှုရှိတော့သူ့ကို ဖုန်းဆက်ပြီး
ပြောပြ အကူအညီတောင်းရတာပေါ့။အချိန်ကလည်း မနက် တစ်နာရီခွဲလောက်ဖြစ်နေပြီ။အဖမ်းခံရသူတွေကလည်း
ဖုန်းထဲကနေ ငိုသံတွေပါလာပြီ။ရဲကဘာမှ မလုပ်ပါဖူး တွေးပြီးကြောက်လာကြပြီလေ။
သူတို့ကိုအားပေး ပြီးတော့ Agent ကို အခုချက်ချင်း ဆောင်ရွက်ဖို့ ဖိအားပေးတော့ မှ Agent က နိုင်ငံကူးလက်မှတ်နှင့်
မောင်ယောတို့ ရဲစခန်းကို သွားရွေးရတာပေါ့။စာရွက်စာတမ်း အပြည့်အစုံနှင့် သွားတာတောင်မှ တစ်ယောက်ကို ၁၀၀ စီ
ပေးလိုက်ရသေးတယ်။

ရဲစခန်း ကနေ သင်္ဘောပေါ ကို ပြန်လာတဲ့လမ်းမှာ "မင်းတို့ဘယ်လိုဖြစ်တာလဲ အပြင်မှာ မသွားတတ်ယင်လည်း
သွားတတ်တဲ့ သူနှင့် သွားပါလို့ ပြောထားရဲ့ သားနှင့်"
" ကုန်း ၃ ကြီးက (တတိယအရာရှိ) ကားအနီစီးသွားယင် မြို့ထဲ Hyper Mart ကိုရောက်တယ်ဆိုတာနှင့်သွားလိုက်ကြတာပါ"
သူတို့ပြောသလိုပဲ ဟုတ်ပါတယ်။ကုန်တိုက်ကိုလည်း ရောက်သွားပါတယ်။ဖြစ်ချင်တော့ အပြန်မှာဖြစ်တာပါ
အသွားက ကုန်တိုက်က ညာဖက်အခြမ်းမှာ အပြန်ဆိုယင် လမ်းပြန်ကူးပြီး ကားစီးလာယင်ရောက်ပြီ။
ဒါကို ဆရာသမားတွေက ကုန်တိုက်ထဲမှာ ဘီယာသောက်ပြီးမူးမူးနှင့် လမ်းမကူးတော့ပဲ ကုန်တိုက်ထွက်ထွက် ချင်း
တွေ့ရာကားတက်စီးပြီး တစ်နာရီလောက်ကြာတော့မှ မရောက်တော့ သင်္ဘောကို ဖုန်းဆက်ပြီး လှမ်းမေး တော့
အမေးခံရတဲ့ သူကလည်း ယောင်ဝါးဝါးကောင်။
မောင်ယောတို့ နေတာက ကားမှတ်တိုင် နာမည် အင်ကီနာဒန် မရောက်ခင်မှတ်တိုင်က ဘမ်တမ်း
အမေးခံရသူကလည်း အင်ကီနာဒန်ကို စဉ်းစားလို့ မရတော့ မင်းတို့ ကားသမားကို ဘင်တမ်း လို့ပြောလိုက်
လိုက်ပို့လိမ့်မယ် ဆိုတော့ ကားသမားကလိုက်ပို့ပါတယ်။ရဲစခန်းကို ဒါတိုက်ဟစ်ပဲ။

နောက်တော့မှ မောင်ယောမေးကြည့်တော့ အင်ဒိုလို ရဲစခန်းဆိုတာ ဘင်တမ်း ကိုပြောတာ
သူတို့က ပြောတဲ့ အသံထွက်နှင့် မောင်ယောတို့ပြောတဲ့ အသံထွက် ကကွဲနေတော့
တကယ်တမ်း ကားမှတ်တိုင် နာမည်က ဘာတမ်း
ရဲစခန်း ကိုခေါတာက ဘင်တမ်း။

MV : VOYAGER V or PROBLEM V and SIRYAW

မောင်ယောဒီတစ်ခေါက် သင်္ဘောလိုက်ခဲ့တာ အင်မတန်မှ ထူးခြားဆန်းပြားလှပါသော အံသြဖွယ်ကောင်းသော

အတွေအကြုံ အဖြစ်အပြက်တွေ အများကြီးကြုံတွေ့ ဖြတ်သန်းခဲ့ရပါတယ်။
သင်္ဘောသား တစ်ထောင်မှာ တစ်ယောက် ကြုံတွေ့နိုင်ဖို့ အင်မတန်မှ ခက်ခဲတဲ့ အကြောင်းအရာ အဖြစ်အပျက်တွေ
ဘယ်လောက်တောင် ဆိုးဝါးခဲ့လဲဆိုတော့ အသက်ရှင်ပြီး လူကောင်းပကတိနှင့် ကိုယ့်နိုင်ငံ ကို ပြန်လာခွင့်ရခဲ့တာကိုပဲ
အများကြီးကံကောင်းလို့ပဲ။မယုံကြည်ဖူးဆိုယင် မောင်ယောတစ်ယောက်ထဲမဟုတ်ပါဖူး စုစုပေါင်းမောင်ယောအပါအ၀င်
မြန်မာ (၁၇) ယောက်ရှိတယ်။အတူတူ သွားခဲကြတယ် အတူတူ ရင်ဆိုင်ဖြတ်သန်းခဲ့ကြတယ် အတူတူပြန်လာခဲ့ကြတယ်။
အားလုံးညီညွတ်ကြလို့လည်း အောင်မြင်စွာပြန်လာနိုင်ခဲ့တာ။နောက်ပြီးရောက်နေတဲ့ နိုင်ငံက အင်ဒိုနီးရှား

ရောက်ဖူးတဲ့လူတွေသိပါတယ်။ကောင်မလေးတွေကတော့ ချောပါတယ်။ပေါပါတယ်။ဒါပေမယ့် မာဖီးယားတွေ များတယ်
အပြင်ထွက်ယင် လျှောက်လည်ယင် အများကြီးသတိထားသွားရတယ်။ပြီးတော့ကျွန်တော်တို့ ရောက်နေတာက
Merak or Ciwanda ဆိုတဲ့ မြို့လေး ဂျာကာတာ ကနေ ၈ မိုင်လောက်ပဲဝေးတယ်။ပြီးတော့ အဲ့ဒီ့နေရာမှာက ဘာသာရေး
နည်းနည်းStrong ဖြစ်တဲ့နေရာ။ရောက်တဲ့အချိန်ကာလကလည်း ရာမဇန် လကြီးမှာ။ဘိယာဆို အရမ်းဈေးကြီးတာ။
ဘီယာတစ်လုံးကို 5 Doller US လောက်ပေးရတယ်။အရက်ကပိုဆိုးသေး တစ်မြို့လုံးမှာ ၀ယ်လို့ရတဲ့နေရာ

တစ်ဆိုင်ပဲရှိတယ်။ဆိုဂျူး ကတော့ကိုရီးယား စားသောက်ဆိုင်မှာရတယ် အဲဒီမှာ ကောင်မလေးတွေ အရမ်းချောတာပဲ။
ဈေးလဲ လန်ထွက်နေတယ်။လူ ၃ ရောက်လောက် အစားပဲ စားတာတောင် US 100

လောက်ကြတယ်။အသောက်မပါသေးဖူးနော်။

အဲ အရက်အကြောင်းဆက်ပြောရယင် မြို့လည်က Super Mall ဘေးနားက တရုပ်ကုန်စုံဆိုင်မှာ ပဲဝယ်လို့ရတယ်။
အဲ့ဒီ့ဆိုင်က အောက်ထပ်မှာ စူပါမားကတ် အပေါထပ်က Disco Club ဖွင့်ထားတာ။ဒါပေမယ့် မောင်ယောတို့ရောက်နေတဲ့
အချိန်က ရာမဇန် လကြီးဖြစ်နေလို့ ကလပ် ပိတ်ထားတယ်။
အဲဒီ့စတိုးဆိုင် တစ်ခုပဲ အရက် ၀ယ်လို့ရတာ။တခြားဘယ်မှာမှ အရက်ဝယ်လို့မရဖူး။
ဒါတောင်ပေါတင်ရောင်းတာမဟုတ်ဖူး ဆိုင်ရှင် တရုတ်ကြီးကို ကပ်တိုးလေး မေးရတာ သူကလည်း မေးတော့မှ
ပလတ်စတစ်လောင်းထားတဲ့ A 4 စာရွက်လေးထုတ်ပေးတယ်။ အဲ့ဒီ့ထဲမှာ အရက်ပေါင်းစုံရဲ့ ဈေးနှုန်းတွေ ကပ်ထားတယ်
အဲဒီ့ထဲက မှ ကိုယ်ကြိုက်တဲ့ အရက်ကို ရွေးပြီးပြောလိုက်ယင် ကောင်မလေးတစ်ယောက်က ကြွပ်ကြွပ်အိတ် အမည်းနှင့်
ထုတ်ထားတဲ့ အထုပ်တစ်ထုတ်လာပေးတယ်။ဒါကို ဖွင့်မကြည့်ပဲ ဒီအတိုင်းယူခဲ့ရတာ။ယုံကြည် စိတ်ချရမှု့ကတော့
အပြည့်ရှိတယ် ကိုယ်ပြောတဲ့ အရက် နှင့် လုံးဝ မလွဲစေ၇ဖူး။
ဈေးကတော့ ကြီးသလားမမေးနှင့် Red က ဈေးအပေါဆုံး ၁ လီတာကို  ယူအက်စ်ဒေါ လာ ၁၀၀ ရှိတယ်။
သူက မှောင်ခို ပစ္စည်းဖြစ်လို့တဲ့ ပြီးတော့ ရာမဇန် လလေ။

နောက်မှ ဆက်မယ် တခြားအခက်အခဲတွေ ပြသနာတွေကို
ပုံကတော့Super Mall ရှေ့မှာ ရိုက်ထားတာပါ။