မျိုးမြင့်သန်းနှင့် သမီးရဲ့ဦး

မျိုးမြင့်သန်း မော်လမြိုင်ရောက်စဉ်ကပေါ့.... ဆရာတက္ကသိုလ်ဘုန်းနိုင်ရေးတဲ့ဝတ္ထုထဲမှာတော့ မော်လမြိုင်ဟာတကယ်ကို ကြည်နူးလွမ်းဆွတ်ဖွယ်ကောင်းတဲ့ မြို့လေးပါ။မော်လမြိုင်ဆိပ်ကမ်းကို ရေးဖွဲ့ထားတာများ တကယ်ကို ကြည်နူးစရာလေးပါ။ဒါပေမယ့်မျိုးမြင့်သန်းကတော့ ခံစားလို့မရခဲ့ဖူး။ကြည်နူးချိန်
မရခဲ့လို့ပါ။ကောင်းကောင်းမှတ်မိတာကတော့ ကမ်းနားလမ်းရယ် သင်္ချိုင်းကုန်းရယ် ချစ်သမီးလေးရယ် ။
ဒီ ၃ ခုကိုမောင်ယောတစ်ခုချင်းရှင်းပါ့မယ်။
အဲ့ဒီ့အချိန်တုန်းက မျိုးမြင့်သန်းကို အလုပ်ထဲမှာ ဆရာလေးလို့ခေါ်ကြပါတယ်။(ကြွားတာနော် ဟီဟိ။)အလုပ်မှာ
အဓိကခေါင်းဆောင်က မျိုးမြင့်သန်းသူငယ်ချင်းမလေးရဲ့ ဦးလေး သူ့လက်အောက်မှာ မျိုးမြင့်သန်းနှင့်နောက်တစ်ယောက် အဲဒီတော့လွတ်လပ်ပုံများ ဘယ်ပြောစရာလိုတော့မလဲ့။ စဉ်းစားသာကြည့်တော့။အလုပ်ထဲမှာ တာဝန်ကျ အရာရှိနှစ်ယောက်ပဲရှိတာ တစ်ယောက်ကနှစ်ဆယ့်လေးနာရီ
ဆက်မရေးဖူး စဉ်းစား။မျိုးမြင့်သန်းကတော့ တာဝန်ကျေတယ်လေ။ဟဲဟဲ ဘယ်မလဲတာဝန်ခံ မမေးလိုက်နှင့်
မရှာလိုက်နှင့် အလုပ်ထဲမှာလုံးဝမရှိဖူး။(အိပ်ချိန်တချို့ကလွဲလို့)(နောက်တာနော်)
မျိုးမြင့်သန်းရဲ့ နေ့စဉ်တာဝန်တွေက မနက် ၁၀ နာရီလောက် အိပ်ရာထမယ်။ပြီးယင်တည်းခိုခန်းဘေးက အပျိုကြီးနှစ်ယောက် ရောင်းတဲ့(အခုတော့မသိ) လက်ဖက်ရည်ဆိုင်မှာ ကော်ဖီတစ်ခွက်သောက်မယ်။သတင်းစာ
ဖတ်မယ်။ပြီးအလုပ်ကို တစ်ပတ်ပတ်စစ်မယ်။LONDON လေးဖွာပြီးစဉ်းစားမယ်။ဘယ်သွားယင်ကောင်းမလဲ။
သွားပါပြီ VIEW POINT

အထင်မကြီးကြနဲ့အုံး VIEW POINT ဆိုတာ ငွေမိုးဟော်တယ်ဘေးနားက ယမကာဆိုင်နော်။
အဲဒီမှာ ကောင်မလေးတွေလည်းရှိတယ် ကောင်တာက အရောင်းစာရေးမလေးတွေ ကိုပြောတာ
သူတို့က မျိုးမြင့်သန်းတို့ဝင်လာပြီဆိုတာနှင
ဦး ဦး နှင့် တစ်ဦးထဲဦးပြီး ဝိုင်းနေတာပဲ ဆိုးတာက မော်လမြိုင်က ကောင်မလေးတွေက ဘာဖြစ်လို့မှန်းမသိ
ယောကျာင်္းလေးဆို ကြီးကြီးငယ်ငယ် (အသက်) ဦး ပဲခေါ်ကြတာတော်တော်ဆိုးတယ်။အကိုလောက်ဆို
့် တော်သေးတယ်။အဲဒီ့ဆိုင်မှာကအရက်နှစ်ခွက်လောက်သောက် ပြီးအလုပ်ထဲပြန်လာ။
ကောင်မလေးတွေကလည်း လွမ်းသလို ဆွေးသလို မူနွဲ့နွဲ့ မျက်နှာလေးတွေနှင့်ကျန်ခဲ့ပေါ့။
အလုပ်ရောက်တာနှင့် မျိုးမြင့်သန်းလည်း ကာတွန်းစာအုပ်ဖတ်တော့တာပဲ။ပြီးယင်ထမင်းစား။
ထမင်းစားပြီးတာနှင့် အအေးဆိုင်သွားတာပဲ။သမီးလေးကတော့ အအေးဆိုင်ကနေစတဲ့ဇာတ်လမ်းလေးပေါ့။
အအေးဆိုင်ကလည်း မျိုးမြင့်သန်းကို ရင်းနှီးနေပြီ။နေ့တိုင်းလာသောက်ပြီး နှစ်နာရီလောက်ထိုင်ယင်း ကာတွန်းစာအုပ်ဖတ်နေတာကိုး။အဲဒီ့အအေးဆိုင်ကမော်လမြိုင်မြို့ မွန်အမျိုးသားပြတိုက်နားမှာရှိတယ်။
ဆိုင်မှာအမြဲတမ်း ရှိနေတာက ဆိုင်ရှင်အဒေါ်ကြီးရယ် သူသမီးကျောင်းသူလေးတစ်ယောက်ရယ်ပါ။
ကျောင်းသူလေးကချောလို့ မျိုးမြင့်သန်းက နေ့တိုင်းသွားတာပေါ့။မဟုတ်ယင်လှည့်တောင်ကြည့်မှာမဟုတ်။
တစ်နေ့တော့ မျိုးမြင့်သန်းလည်း ကာတွန်းစာအုပ်မပါပဲ အအေးဆိုင်ရောက်သွားတယ်။
ဆိုင်ထဲေ၇ာက်တော့ အူကြောင်ကြောင်ဖြစ်နေတာနှင့် ဟိုကြည့်ဒီကြည့်ကြည့်တော့ ကောင်မလေးလက်ထဲက
ကာတွန်းစာအုပ်ကိုတွေ့တာပေါ့။
"သမီး ဘာစာအုပ်လေးလဲ"
"သြော် လူပျိုကြီးစောတင်မောင်ရဲ့ သမီးရဲ့ဦး အကြောင်းဖတ်နေတာ"
"ဦးဖတ်ကြည့်လေ ဖတ်လို့ကောင်းတယ်"
ကောင်မလေး လာပေးတာနှင့် မျိုးမြင့်သန်း လည်းကာတွန်းစာအုပ်လေးကို ယူပြီးမျက်နှာဖုံးကို
ဆွေမင်း(ဓနုဖြူ)ရေးတဲ့ လူပြိုကြီးစောတင်မောင်ရဲ့ ဦးရဲ့သမီး ဖြစ်နေတယ်။
နေရာတကာ အျမှန်အတိုင်း ကြိက်တဲ့ မျိုးမြင့်သန်းက
"သမီးမှားနေပြီ သမီးရဲ့ဦး မဟုတ်ပါဖူး ဦးရဲ့သမီးပါ"
"ရှင်"
"ကာတွန်းစာအုပ်ကိုပြောနေတာ သမီးရဲ့"
"သြော် ဦးကလည်း သမီးရဲ့ဦးပါ "
"မဟုတ်ဖူး ဦးရဲ့ သမီးပါ"
"ဦးရဲ့ သမီးပါ"
"သမီးရဲ့ဦးပါ"
ဒီလို ငြင်းနေကြပြီး
ခဏကြာတော့ကောင်မလေး လဲအထဲပြေးဝင်သွားတယ်။
မျိုးမြင့်သန်းလည်း ကာတွန်းစာအုပ်လေး ကိုင်ပြီး အူကြောင်ကြေင်နှင့်ကျန်ခဲ့တယ်။
ခဏလောက်ကြာမ သူစဉ်းစားလိုက်မိတာကတော့
သူကကောင်မလေးကို သမီး လို့ခေါ်တယ်
ကောင်မလေးက သူ့ကို ဦးလို့ခေါ်တယ်။


ဒီလိုနှင်ပဲ မထင်မှတ်တဲ့ အဖြစ်အပျက်လေးတွေ ဖြစ်ခဲ့တာပါ။
မျိုးမြင့်သန်းလည်း အအေးဖိုးတောင်မရှင်းနိုင်တော့ပဲ ငူငူငိုင်ငိုင်နှင့် ပြန်လာခဲ့၇တယ်။
အခန်းထဲရောက်တော့ စောတင်မောင်စာအုပ်လေးဖတ်လိုက် စဉ်းစားလိုက် သက်ပြင်းချလိုက်နှင့် အူကြောင်ကြောင်ဖြစ်နေတယ်။သူပဲမှားသလားဆိုပြီး စာအုပ်မျက်နှာဖုံးခေါင်းစဉ်ကို ကြည့်တော့လည်း
ဦးရဲ့သမီးပဲ။ဒါဆိုဘာမှားတာလဲ။နောက်ပြီးအယင်နေ့က အဖြစ်အပျက်လေးတွေ ကိုပြန်စဉ်းစားကြည့်တော့
သူ့စိတ်ထဲမှာ တဖြည်းဖြည်း မြင်လာတယ်။ကောင်မလေးရဲ့ ချစ်စရာကောင်းပုံလေးတွေ။တခြားဝိုင်းတွေရှိနေ
ယင်တောင်မ သူဝင်လာတာနှင့် သူထိုင်တဲ့နေရာကို အယင်ဆုံး လာပြီး ဦးဘာသောက်မလဲလို့မေးတာလေးတွေ
သူထိုင်တဲ့စားပွဲကို သန့်ရှင်းလုပ်နေပုံလေးတွေ။ပြီးတော့ကောင်မလေးရဲ့ အလှ။
အအေးခွက်လာချတုန်း ကောင်မလေးရဲ့လက်သွယ်သွယ်လေး တွေကနီနီရဲရဲလေးဆိုတော့ ကိုက်စားချင်စရာလေး ပြီးတော့ အပြစ်ကင်းစင်ပြီး ကလေးဆန်ဆန် လေးနှင့်အရမ်းလှတဲ့ ကောင်မလေးရဲ့စတိုင်
(မော်လမြိုင် အိုးဆိုတာတော့ကြားဖူးကြမယ်ထင်ပါတယ်နော် မရေးတော့ဖူး)
တခြား အအေးသောက်တဲ့လူတွေ မရှိလို့ရှိယင် သူနှင့် မျက်နှာချင်းဆိုင်လာထိုင်ပြီး စကားလာပြောတာလေးတွေ
မျိုးမြင့်သန်းက သူ့ရဲ့အလုပ်အကြောင်းတွေ ကိုပြောနေတဲ့အချိန်မှာ ကောင်မလေးက ငါရုံစိုက်ပြီးနားထောင်နေတာလေးတွေ။တခါတလေ ထူးဆန်းတဲ့ အကြောင်းအရာ တွေပြောပြ တဲ့အခါ
ကောင်မလေးက အံ့သြပြီး ပါးစပ်လေးဟ မျက်လုံးလေးပြူး နေတဲ့ပုံစံလေးတွေ။
စဉ်းသားယင်းနှင် ကောင်မလေးရဲ့ ချစ်စရာ ကောင်းတာလေးတွေ အများကြီးပေါ်လာတယ်။
ရင်တွေခုန်လာ ကိုယ်တွေပူလာပြီး ကယောင်ခြောက်ခြားတွေ ဖြစ်လာတယ်။
"သမီးရဲ့ဦးတဲ့"
"သမီးရဲ့ဦး"
"သမီးရဲ့ဦး"
"သမီးရဲ့ဦး"
"သမီးရဲ့ဦး"
ကောင်မလေးကတော့ ဘယ်လိုနေတယ်မသိ။မျိုးမြင့်သန်း တစ်ယောက်တော့ ကောင်းကောင်း ဒုက္ခရောက်ပြီ။
မဟုတ်ဖူးဆို ပြီးရှင်းလိုက်မိတော့မ ဘာတွေဖြစ်ကုန်ပြီလဲ မသိတောဖူး။
မျိုးမြင့်သန်းရဲ့ အခြေအနေက ကောင်မလေးကို ရည်းစားစကားလိုက်ပြောရအောင်ကလည်းမဖြစ် သူက
မော်လမြိုင်ကို တာဝန်နဲ့လာတဲ့ ဧည့်သည် လူမြင်လို့မသင့်တော်။အအေးသောက်ယင်း ၇ည်းစားစကားပြော
ရအောင်လည်းမဖြစ်နိုင်။တစ်ယောက်ယောက်နှင့် စာပေးခိုင်းရအောင်ကလည်း လက်ခံယင်တော်ရဲ့။
ဘာလုပ်ရမှန်းမသိဖြစ်နေတဲ့ မျိုးမြင့်သန်းတစ်ယောက် အဲဒီ့နေ့က ဘယ်မှမသွားတော့ပဲ VIEW POINT တွင်
မူးအောင်သောက်တာ အခန်းတောင်ဘယ်လို ပြန်ရောက်မှန်းမသိခဲ့ဖူး။
နောက်နေ့မှာတော့ ကာတွန်းစာအုပ်ပေးစရာရှိတာ နှင့် အအေးဆိုင်သွားတော့ ကောင်မလေးက ခါတိုင်းလိုပဲ။
မျိုးမြင့်သန်းပဲ ရင်ခုန်လိုက် ခေါင်းရှုပ်လိုက်ဖြစ်နေတာ။ခါတိုင်းနေ့လိုတော့စကားမပြောဖြစ်ကြဖူး။
ကောင်မလေးက လည်းစာတွေပဲရေးနေတယ်။မျိုးမြင့်သန်း လည်းတစ်ယောင်တည်း ငေါင်တောင်တောင်
ဖြစ်လာတာနှင် အအေးသောက်ပြီး
"သမီးရေ ပိုက်ဆံရှင်းမယ်။မနေ့က ဟာပါပေါင်းတွက်လိုက်"
"ဟုတ်ကဲ့ ............ ကျပါတယ်။"
ပိုက်ဆံ ရှင်းပြီး "ခဏလေး"
ကောင်မလေးပြန်လည့်ကြည့်မှာ "ရော့ မနေ့ကယူသွားတဲ့ ဦးရဲ့သမီး"
ကောင်မလေးရဲ့ ဖြူဖွေးသော ပါးနှစ်ဖက်မှာရှက်သွေးလေးတွေ ရဲသွားပါတယ်။
ပြီးတော့ခေါင်းလေးငုံ့ပြီး စာအုပ်ကို လှမ်းယူစဉ်မှာ မျိုးမြင့်သန်းက
"သမီးရယ်တကယ် တော့ သမီးရဲ့ဦးနှင့် ဦးရဲ့သမီး အတူတူပါပဲကွယ်"
"ရှင်"
ပြောပြီးတော့မျိုးမြင့်သန်းလည်း ပြန်လာခဲ့တယ်။
ကောင်မလေးလည်း ကြည်နူးပြီး ရှက်သွေးဖြာတဲ့မျက်နှာလေးနှင့် ကျန်နေခဲ့တယ်။
-----------------------------------------------------------------------
ဒီလိုနဲ့ နောက်နှစ်ရက်လောက်ထိ အဆင်ပြေနေတာပေါ့။မျိုးမြင့်သန်းလည်း နေ့တိုင်း အအေးဆိုင်သွား
အအေးသောက် ကောင်မလေနှင့်မျက်နှာချင်းဆိုင် စကားတွေပြော ကြည်နူး ပီတိတွေဖျာပြီး သကာလ
ပြောရရင် ok သွားသလိုပေါ့ ဒါပေမယ့် ဆက်ကြည့်လိုက်ပါ။

တရက်တော့ ကောင်မလေးကပြောတယ်။နေ့လည်ကျ ယင်သူ့သူငယ်ချင်းအိမ် သွားစရာရှိလို့ အဖော်လိုက်ခဲ့ဖို့
ဘယ်ပြောကောင်းမလဲ မျိုးမြင့်သန်းတို့ပျော်သွားတာများ သူငယ်ချင်းအိမ်မှာဆိုတော့ ဆိုင်မှာထက်တော့
နည်းနည်းပို လွတ်လွပ်မှပေါ့ ပြီးတော့ ကောင်မလေးနှင့်ဟိုသွား ဒီသွားလည်း စည်းရုံးယင်ရနိုင်သေးတယ်။
(ပြတိုက်တို့။ဘုရားတို့)ဒါဆိုယင်တော့ ပိုပြီးအဆင်ပြေပြီပေါ့။
နေ့လည်စာစားပြီး ကောင်မလေးနဲ့ သွားဖို့အားလုံးအဆင်ပြေနေ ပြီ။ ဖြစ်ချင်တော့ သွာဖို့ကောင်မလေးကထွက်
လာနေပြီ မျိုးမြင့်သန်းလည်း ဆိုင်ကယ်ကိုစီးဖို့လုပ်တော့ ဆိုင်ကယ်က ဘီးပေါက်နေတယ်။
ဒါနဲ့ပဲ မထူးဖူးဆိုပြီး စက်ဘီးလေးနှင့် ထွက်လာခဲ့ရတယ်။ကောင်မလေးက ဆိုင်ကယ်နှင့် မျိုးမြင့်သန်းကတော့
စက်ဘီးကိုရှာထွက်အောင်နင်းပေါ့။ဘယ်တတ်နိုင်မလဲ ကံတရားက ဖန်လာပြီကိုး။နေကလည်း ချစ်ချစ်တောက်ပဲ
မော်လမြိုင်မှာ ကမ်းနားလမ်းနှင့် အပြိုင် အရှေ့အနောက် တန်းနေတဲ့ လမ်းမကြီးတစ်ခု ရှိတယ်။
ဘာလမ်းလည်းနာမည်မသိတော့လို့ပါ။ အဲဒီ့လမ်းအတိုင်းပဲ အနောက်ဖက်ကို နာရီဝက်လောက် စီးလာကြပြီး
ဘယ်ဘက်ကို ထပ်ချိုးပါတယ်။တဖြေးဖြေး နဲ့စက်ဘီးနင်းရတာ မောလာတော့ ဆိုင်ကယ်ကိုမမီတော့ ပဲ
ကောင်မလေးကို မျက်ခြေပြတ်သွားတယ်။ဒါနဲ့ဆက်နင်းလာတာ ကောင်မလေးဆိုင်ကယ်လည်း ဘယ်ကို
ကွေ့သွားမှန်းမသိတော့ တည့်တည့်ပဲ နင်းလာတာပေါ့။တဖြေးဖြေးနဲ့ လူနေအိမ်ခြေတွေ ကျဲပြီး မြို့ပြင်ကို ရောက်
မှန်းမသိရောက်လာတယ်။တောင်ကုန်းလေးတစ်ခုကို တက်အပြီးမှာတော့ လူလည်းတော်တော်ကြီးမောနေပြီ
ဆက်သွားရအောင် ကလည်း သစ်ပင်တွေနဲ့ တောထဲရောက်တော့မယ်။တစ်ကိုယ်လုံးချွေးတွေ လည်းရွဲရွဲစိုနေပြီ။
နားလည်းအရမ်းနားချင်နေတုန်း ညာဘက်နားကိုလှမ်းကြည့်တော့ တောင်ကုန်းလေးထိပ်မှာ ဇရပ်လေး
တစ်ဆောင်တွေ့တယ်။လေလေးကလည်းတဖြူးဖြူးနှင့် ရှု့ခင်းလေးကလည်းလှ တော့ ဇရပ်နားကို နင်းသွား
စက်ဘီးလေးကိုဒေါက်ထောက်ပြီး အောင်မယ် အုတ်ခုံလေးတွေကလည်းရှိ အဆင်ပြေတယ်ဆိုပြီး
အုတ်ခုံပေါ်တက် ပက်လက်လေး လှဲပြီး နားနေလိုက်တယ်။ကောင်မလေးကိုတော့နည်းနည်းစိတ်ဆိုးမိတာပေါ့။
တရွာသား ဧည်သည်တစ်ယောက်ကို စက်ဘီးလည်းနင်းခိုင်းတယ် နေပူကြီးထဲမှာ။ပြီးတော့တစ်ယောက်တည်း
မျက်ချေဖျတ်ပြီးထားခဲ့တယ်။ဒီလိုပါပဲ ကောင်မလေးတွေက သူတို့ဖြစ်ချင်တာပဲသိတယ်။
စဉ်းစားလို့ကောင်းတုန်း သိပ်ပြီးမသင်္ကာတာနဲ့ ညာဘက်ကို စောင်းကြည့်လိုက်တော့ ဘေးနားက အုတ်ခုံမှာ
ဦး......... အသက်..... ဆိုပြီးရေးထားတယ်။ဒါနဲဆက်ပြီးလှမ်းကြည့်တော့မ မြေပုံလေးတွေ လက်ဝါးကပ်တိုင်လေးတွေနှင့် “ဟိုက် သေစမ်း” ဆိုပြီးပတ်ဝန်းကျင်ကို သေချာကြည့်တော့မ ခေါင်းရင်းမှာက
အသုဘချတဲ့ မသာခေါင်း အဟောင်းပုံ ကိုယ်အိပ်နေတာက အုတ်ဂူ သဘောပေါက်လိုက်ပြီ။
မျိုးမြင့်သန်းလည်း သရဲဆိုအင်မတန်ကြောက်တဲ့သူ။လာတာက ကောင်မလေးနှင့်လျှောက်လည်ဖို့
ရောက်နေတာက သင်္ချိင်းကုန်း မောလို့ ပက်လက်လေးလှဲနေတာက အုတ်ဂူပေါ်မှာ။
သိတာနဲ့ စက်ဘီးကောက်စီးပြီးပြေးလိုက်တာ အလုပ်ကိုဘယ်လိုပြန်ရောက်မှန်းတောင်မသိတော့ဖူး။
အသွားတုန်းကတစ်နာရီလောက် နင်းရတာ အပြန်ကြတော့ နာရီဝက်တောင် မကြာဖူး။
အပေါက်ဝ လည်းရောက်ရော ဝိုင်းမေးကြတာပေါ့
“ဆရာလေူး့ကောင်မလေးနှင့် တော်တော် အဆင်ပြေခဲ့တယ်ထင်တယ် ချွေးတွေကိုရွဲလို့”
ထောင်းခနဲထလာတဲ့ဒေါသကို အောင့်အီးပြီးတော့ ကြောက်လန့် မောပမ်း စိတ်တိုနေတဲ့ မျက်နှာကြီးကို
အတတ်နိုင်ဆုံးပြုံးပြီး “ဟဲဟဲပြေတာပေါ့ ”

စဉ်းစားသာကြည့်ကြပေတော့။ဘယ်သူ့ကိုစိတ်ဆိုးရမလဲ?ဘီးပေါက်နေတဲ့ဆိုင်ကယ်ကိုလား။
ကောင်မလေးကိုလား။နောက်ဆုံးတော့ ကိုယ်ကိုကိုယ်ပဲ စိတ်ဆိုးနေတော့တယ်။
လွဲတတ်တဲ့ကံရယ်။ ။
-------------------------------------------------------------------------------
နောက်တစ်နေ့ ကြတော့ကောင်မလေး ကပဲ တောင်းပန်တဲ့အတွက် မျိုးမြင့်သန်း ပြန်အပြေမယ်ကြံတုန်းရှိသေး
အဲဒီ့နေ့ညနေမှာပဲ ရန်ကုန်ပြန်ရပါတယ်။သူများလခယူထားတဲ့ သူပဲ တာဝန်နှင့်ဝတ္တရား ကရှိသေးတယ်လေ
ညနေ ဖက်မော်လမြိုင်ကမ်းနားဟာ အရမ်းကိုလှပါတယ်။ဒီနေ့ကျမှ ထူးထူးခြားခြား ပိုလှနေသလိုပဲ။
ထားဝယ်ဆိပ်ခံတံတားကနေ ကြည့်လိုက်ယင် ဝင်ခါနီးနေလုံးနီနီကြီးဟာ ချစ်သူလည်းမဟုတ်တဲ့ သံယောဇဉ်
နှလုံးသားတစ်စုံကို ကြေကွဲစွာနှုတ်ဆက်နေသလို။လှိုင်းပုတ်လိုက်တိုင်း ထားဝယ်ဆိပ်ခံတံတား ကထွက်ပေါ်လာတဲ့ ပွတ်တိုက်သံတွေက အပြုံးမျက်နှာ ရီဝေဝေမျက်လုံး နှစ်စုံ အတွက် ငိုချင်းရှည်တေးသွားတစ်ဗုဒ်လို သီကျူးနေတယ်။မျိုးမြင့်သန်းဟာ အရဲစွန်ပြီး ကောင်မလေးရဲ့ ပခုံးနှစ်ဖက်ကို
ဆုတ်ကိုင်ပြီး
“သမီး”
ရင်ခုန်လှိုက်မောပြီး ဂရုဏာပြည့်ဝလှတဲ့ အသံနှင့်ကြေကွဲစွာ ခေါ်လိုက်ပြီး
ရီဝေတဲ့မျက်လုံးလေး နှင့်ကောင်မလေးမော့ကြည်ပါတယ်။
“ဟောဒီ့ မော်လမြိုင် ကမ်းနားလမ်းရယ်။လူပြိုကြီးစောတင်မောင် ကာတွန်းစာအုပ်ရယ်။ ပြီးတော့ သမီးလေးရယ်
ဦးဘဝ မှာနှလုံးသားတစ်နေရာမှာ ရှိနေမှာပါ။”


စိတ်ကူးယဉ်ပြီးရေးသားထားခြင်းဖြစ်သည်။
တိုက်ဆိုင်မှုများရှိခဲ့ပါ ကခွင့်လွတ်ပါရန်။

မောင်ယော

မောင်ယော၏ နိစ္စဓူဝ




၁၉ လမ်းတွေ ပြန်လာမ တွေ့မယ်။
ပွဲမဝင်ခင်အပြင် မှာလေ့ကျင့်နေပုံလေးတွေပါ။
မောင်ယောရဲ့ အိပ်ယာပေါ့။
မောင်ယောတို့က သန့်သန့်ရှင်းရှင်းပဲနေတတ်တယ်။
ကင်မရာ မဝယ်နိုင်သေးတော့ ပုံတွေကတော့ မကောင်းပါ။

မောင်ယောအလုပ်များနေခြင်း

မောင်ယောအလုပ်တွင် AUDIT ဝင်မည်ဖြစ်သောကြောင့်
လွန်စွာအလုပ်ရှုပ်နေသည်။
မောင်ယောနှင့်ဈေးသည်များ အသစ်တင်ထားပါသည်။
နောက်တစ်ပတ် AUDIT ပြီးသွားမှ ပို့စ် အသစ်လေးများတင်ပါအုံးမည်။
အင်တာနက်ဖိုးအကြွေးလည်း မပေးရသေးပါ။
အင်တာနက်သုံးချိန်လည်းလျှော့နေရသည်။
စာရွက်စာတမ်းများဖြင့် ထုံးစံအတိုင်းပြင်ဆင်နေရပါသည်။


မောင်ယော ဗီယက်နမ် မသွားတော့ပါ။တောင်းပန်ပါတယ်သူငယ်ချင်း
လာချင်ပေမယ့်မောင်ယောတို့က လခစားဝန်ထမ်းတွေဖြစ်လို့
ထားရာနေ စေရာသွားရပါသည်။
စီးပွားရေးတွေကျတော့ အလုပ်တွေလည်း ခပ်လှုပ်လှုပ်ဖြစ်နေသည်။
ရောက်တုန်းရောက်ခိုက် မိန်းမနှင့်ကလေးကို ကောင်းကောင်း ဂရုစိုက်ပေါ့ကွာ။
အသစ်ဘယ်လောက်ကောင်းကောင်း အဟောင်းကိုတော့ဘယ်မီမလဲ။

မောင်ယော လေယဉ်ပျံစီးခြင်း

မောင်ယောနှင့်နိုင်ငံခြား မရောက်ဖူး
လေယာဉ်ပျံမစီးဖူးသူတစ်ယောက်တို့
လေယာဉ်ပျံကြီးစီးပြီး
နိုင်ငံရပ်ခြားသို့သွားကြရာ
ဘာမှမသိသေးသောသူနှင့်
တတ်သလို သိသလိုနှင့် မတတ်တသိသူတို့
ပေါင်းမိသော အခါ
မိမိထိုင် ခုံများသို့ရောက်ပါပြီ
ကောင်လေးကလူသစ် ကလေးဖြစ်လို့မသိတာတွေ
မောင်ယောကို မေးလာတော့။
"အကို ဒီအထုတ်လေး ကဘာလဲ"
"မေးမနေနှင့် ဖျော်သောက်ကြည့်"
"အကို လေယဉ်ပေါ်မှာ
ဝိုင်။ကော်ဖီ။အရက် အလားကားရဆို
ဘယ်လို တောင်းပြီးဘယ်လိုခွဲရမလဲ"
တောက် ဒီကောင်တော့မောင်ယောကို
အရှက်ခွဲနေပြီ။ဒါနဲ့မောင်ယောလည်း
"ဟေ့ကောင် သေချာမှတ်ထား
ကော်ဖီ ဆိုတာလက်ဖက်ရည်ဆိုင်ကဟာလိုပဲ
အရက်ကတို့ရွာက ချက်အရက်လိုမဟုတ်ဘူး
အရောင်နှင့်ကောင်
ဝိုင်ကမင်းမသိယင်သေချာမှတ်
ရောင်စုံရှိတယ်။ရွာကထန်းရေလိုအနံ့
ထန်းရေထက်အနံ့ပြော့တယ်။"
ကောင်လေး ကအလိုက်တော့သိတယ်
သူက တစ်ခွက်မှာယင်
ကျွန်တော့် အတွက်လည်း တစ်ခွက်
ဝိုင်တွေ။အရက်တွေသောက်နေတုန်းက
ဘာမှမဖြစ်ဖူး
ကော်ဖီသောက်တော့ကောင်းကောင်းကြီး
ဒုက္ခရောက်ခဲ့ရတယ်
"အကိုကော်ဖီ ကသောက်မကောင်းဘူး"
"ဟေ့ကောင် ငတုံး ပေးထားတဲ့
အထုတ်တွေ အကုန်ထည့်လေ"
မောင်ယောလည်းပြီးစလွယ်ဆရာကြီးလုပ်မိမှပဲ
အယင်တုန်းက အမြဲတမ်း
ကိုယ်တိုင် ဖျော်သောက်နေကြ
အခုတော့လေယာဉ်မယ်လေးကို ငေး(ငမ်း)ကောင်းနေတုန်း
သကောင့်သားကစေတနာရှေ့ထားပြီး
နှစ်ခွက်လုံး အကုန်ထည့်ဖျော်လိုက်တယ်။
လေယာဉ်မယ်လေးက အပြုံးလေးနှင့်
ဘေးခုံက မြန်မာမလေးကလည်း
ကျွန်တော်တို့နှစ်ယောက်ကိုပဲကြည့်နေကြတာ။
ဟဲဟဲ .... မောင်ယောတို့မာန်တက်ပြီး
ကော်ဖီကို တစ်ငုံသောက်မိသော သကာလမှာ
ဟိုကောင့်ကိုလှည့်ကြည့်တော့ ကိုယ်ထက်ရှုံ့မဲ့တဲ့မျက်နာ
"ဟေ့ကောင် ဟန်မပျက်စေနှင့်ကုန်အောင်သောက် "
ပြောပြီး မောင်ယောလည်းကြိတ်မှိတ်သောက်ခဲ့ရကြောင်းပါ
နောက်မှ သိရတာက ဒီကောင်ကဆားမှန်းသကြားမှန်းမသိ
ကျွန်တော်ပြောသလို အကုန်ထည့်တယ်။
ကျန်ပါသေးတယ်။

ငရုတ်ကောင်းကို english လိုဘယ်လိုခေါ်လဲဆိုတာ
တခါသောက်ဖူးမပဲမှတ်မိတော့တယ်
မသိယင်မှတ်ထားကြ
pepper=ငရုတ်ကောင်း
မောင်ယောenglish စာတော်လားဆိုတာ
မောင်ယော နှင့်အင်တာဗျူးကိုကြည့်

သွားကြားထိုးတံတောင်
ဝါးနှင့်လုပ်ထားလို့ဖျော်လို့ရတာဆိုယင်
ဖျော်သောက်မိအုံးမလားပဲ။

ဘလော့ဂါဘိုးအေကြီးသို့မောင်ယော ငြီးချင်း။

အင်တာနက် နှင့်ဝေခါနီးပြီ။
ဟုတ်မှန်ဖို့တော့ မသေချာသေးပါ။


ဘဝ ဆိုတာဘုရားဟောခဲ့သလိုပဲ
ခဏလေးပါလား။
ကွေးသောလက် မဆန့်မီ
ဆန့်သောလက် မကွေးမီ
သေနိုင် တယ်တဲ့။

အင်တာနက်ဆိုတာလည်း
သုံးတတ်မယ်ရှိသေး
ရာသီဥတုကဆိုး
connection ပြတ်တယ်။

မိုးရွာလို့ မိုးရေချိုးမယ်ဆိုလည်း
မောင်ယောအပြင်ကိုထွက်ရုံရှိသေး
မိုးကတိတ်ပါလေရော။

အလုပ်ဆိုတာလည်း
လုပ်ကောင်းမယ်ကြံသေး
လခတွေ လျှော့တယ်။

ပညာကို ငွေနှင့်မတိုင်းရလို့ပြောသူတွေ
ငွေကိုလည်း ပညာနှင့်တိုင်းနိုင်သလား
အလုပ်ကို ဘာနှင့်တိုင်းပြီး
ဝင်ငွေကို ဘယ်လိုနှိုင်းမလဲ။


မှတ်ချက်။ ။ တခြားနေရာပြောင်းဖြစ်ခဲ့ယင်
အင်တာနက်နှင့်ဝေးပါပြီ။
ရင်ဘတ်ကြီးနှင့်အပြည့် ရေးချင်တာတွေကို
ပျစ်ပျစ်နှစ်နှစ် ရေးတင်ချင်ပေမယ့်
ကိုယ်တိုင်ကလည်း စာရိုက်မကျွမ်းကျင်
ကူညီပြီးရိုက်ပေးမယ့်သူကလည်းမရှိ။
အလုပ်မခိုင်းဘဲ စာရိုက်ခိုင်းမယ်ဆိုယင် လည်း
zawgyi keyboard ဆိုတာ Yamaha keyboard လောက်
အသံကောင်း ရဲ့လားတဲ့
movie file ကို 512 MB ပဲရှိတဲ့ phone ထဲ
ထည့်မပေးလို့စိတ်ဆိုးလည်းခံရ
vcd dat file တွေကို လည်း phone ထဲပြောင်း
ကြည့်မရတော့ virus တွေထည့်ပေးလိုက်တယ်
ဆိုပြီးစွပ်စွဲခံရ
သတိရမိတယ်သူငယ်ချင်း
နည်းနည်းလေးပဲရှိသေးတယ်။
အလုပ်နဲ့ပတ် သက်လို့လွှဲမှားချက်တွေကတော့
မပြောသင့်မပြောထိုက်လို့ မပြောတော့ပါ။
ဘလော့ဂါ သူငယ်ချင်းတစ်ယောက်က
ကျွန်တော်ကိုပြောခဲ့ဖူးတယ်
computer နှင့်ပတ်သက်လို့။
နည်းပညာနှင့်ပတ်သက်လို့
မင်းလိုလူဗြိန်း နားလည်အောင်ငါမပြောတတ်ဖူးတဲ့

အခုကျွန်တော်မောင်ယော ဘယ်သူ့ကို
ဘာများပြောနိုင်အုံးမှာလဲကွယ်။ ။။

ပြောင်းရမဲ့နေရာက
ဗီယက်နမ်ဆိုယင်တော့ တမျိုးကောင်းတာပေါ့။
မိတ်ဆွေဟောင်းတွေနှင့် ပြန်သောက်ရမှာလေ။

Mr ha နှင့်bu gyu cong ရေ ကတိတည်ဖို့သာပြင်ထား။

မောင်ယောနှင့် management

ဒီတခါတော့ စာကိုကောင်းကောင်းလေးရေးမယ်စိတ်ကူးတယ်။
ကျွန်တော်မောင်ယောအမြဲပြောတတ်တဲ့စကားလေးတွေရှိတယ်။
ငါက ပင်ပင်ပန်းပန်း လုပ်ရမယ်
ခက်ခက်ခဲခဲ လုပ်ရမယ်ဆိုယင် သူများထက်သာအောင်လုပ်တတ်တယ်။
အေးတော်တယ်ထင်လို့ အလုပ်ကြီုးစားလို့
လူသက်သာအောင် ဆိုပြီး management အလုပ်ကို လုပ်ရပြီဆိုယင်
အမြဲတမ်း တလွဲတွေပဲ ဖြစ်တော့တယ်။
ပညာတွေရပ်တွေကို သိတယ် တတ်တယ်။(အထိုက်အလျှောက်ပေါ့) စာတွေလဲ ဖတ်တယ်။ ဘာဖြစ်လို့လဲတော့မသိဘူး management အပိုင်းကိုလုပ်ပြီ ဆိုတာနှင့် မှားပြီ လွဲပြီ။
ကျွန်တော်ကြုံခဲ့ဖူးတဲ့ ဥပမာလေးတစ်ခုပြောပြမယ်။လုပ်ငန်းခွင်တစ်ခုမှာဆိုပါတော့ အရာရှိ (၅)ယောက်လောက်ရှိမယ်။အခြားဆင့်ဝန်ထမ်း၂၀ လောက်ရှိတယ်ဆိုပါတော့ သူတိုအားလုံးနှင့်
အလုပ်ရှင်ကြားမှာ မန်နေဂျာတစ်ယောက်ရှိမယ်။မန်နေဂျာကတော့ လုပ်ငန်းခွင်တစ်ခုလုံးကို
အဓိကအုပ်ချုပ် ဆုံးဖြတ်သူ။ဒါပေမယ့် မန်နေဂျာအောက်မှာ အလုပ်။အရာရှိနှင့်ဝန်ထမ်း အားလုံး
ကို အုပ်ချုပ်နေသူရှိတယ်။သူကတော့လက်ထောက်မန်နေဂျာဆိုပါတော့။
အားလုံးဗမာလူမျိုးတွေပဲ။ထုံးစံပေါ့ဗမာတွေစုမိယင် ထိန်းရတာခက်တယ်။
တို့မြန်မာ လူမျိုးထုံးစံတစ်ခု ဖြစ်တဲ့
"ကြီးသူကိုရိုသေ" လူငယ်တွေအတွက် အရမ်းအခက်အခဲ တွေတွေ့စေပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ လူငယ်တွေဘက်က လူကြီးတွေကို ရိုသေပါတယ် လေးစားပါတယ်။
ဒါပေသိ ခက်တာက လူကြီးတွေအနေနှင့် ဒါတွေကို အလုပ်ထဲထိသယ်ပြီး ရောချလိုက်ကြတယ်။
နောက်တစ်ခုဆိုးတာက
ကျွန်တော်ဆိုယင် ကျွန်တော့်ထက်ငယ်ပြီး ကိုယ်တိုင်စာသင်ပေးခဲ့ရတဲ့
လူငယ်တွေဆီက ပြန်သင်နေရတယ်
ဘာဖြစ်လို့လဲ ဆိုတော့ သူတို့က ကျွန်တော်ထက် လေ့လာမှုအားကောင်းပြီး
ပိုတတ်သွားလို့လေ။
သူတို့လေးတွေ ကျွန်တော့်ကိုပြန်သင်ပေးတာတွေကို ကျွန်တော်လေ့လာတယ်။
မှန်တယ်ဆိုလက်ခံတယ်။ကျင့်သုံးတယ်။
ပြောယင်းနှင့်ကျွန်တော်ညံ့ကြောင်းတွေရောက်ကုန်ပြီ။
ဆက်ပြောချင်တယ်ခေါင်းစဉ်အကြောင်းအရာကို။





မနက်ကျမဆက်ရေးတော့မယ်။။

မောင်ယောနှင့်ဈေးသည်များ


အချိန်။ ။သကရာဇ် ၁၉၈၉--၁၉၉၀ ဝန်းကျင်

ကျွန်တော်မောင်ယောဆိုတဲ့ကောင်က

တတ်နိုင်သမျှတရားဥပဒေနှင့်အညီ

နေထိုင်ကြောင်းပါ။

(မောင်ယောနှင့်အဆိပ်ငွေ့တတောင့်)

ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ်

အစိုးရမင်း တွေရဲ့အမိန့်တော်တွေကို

လေးစားလိုက်နာခဲ့ကြောင်းပါ။

ဒါပေသည့်ဘုရားဟောတောင်ရှိသေးဒါပဲ။

မသိလို့မှားတာအပြစ်မဟုတ်ပါတဲ့။

ထားတော့အဓိကဇာတ်တော်ဆီသွားကြစို့

အဲဒီတုန်းက

မောင်ယောလည်းကလေးပဲရှိသေးတယ်။

မောင်ယောကရွာမှာနေတာဆိုတော့

ဘာမှမမြင် မသိခဲ့ရဘူ။

ဒါဆိုဘာလို့ရေးနေသေးလဲလို့မေးလာယင်

ဆက်ဖတ်ကြည့်လိုက်။

ဇာတ်လမ်း ကိုစတင်သူက

ကုန်ဈေးနှုန်းပါ

အဲဒီတုန်းက ပစ္စည်းဈေးတွေက

တောက်လျှောက်တက်တာ

ကျွန်တော်တိုဖက်ကဈေးရောင်းတဲ့ပုံစံတွေက

မြိုနယ်မြို့။တိုက်နယ်ကျေးရွာကြီးတွေမှာ

မနက်ပိုင်းရောင်းတဲ့ ဈေးတွေပဲရှိတယ်။

ဟင်းသီးဟင်းရွက်နှင့်အသားငါးပေါ့။

ပတ်ဝန်းကျင်ရွာလေးတွေက

အဲဒီ့ဈေးတွေမှာ သွားဝယ်၇တာ။

ကျန်တဲ့ ဆန်။ဆီ။ဆားနှင့်

အိမ်သုံး။လယ်ယာသုံး ပစည်းတွေကိုတော့

ရွာကြီးတွေက ကုန်စုံဆိုင်တွေမှာရပါတယ်။

နောက်ပြီးအဲဒီတုန်းက

တစ်မြိုနယ်နှင့်တစ်မြို့နယ်

ဘာပစ္စည်းမှသယ်ခွင့်မရှိဘူး

ထုံးစံအတိုင်း လမ်းကြောင်းတော့

ရှိတာပေါ့။လူတစ်နိုင် သယ်လို့ရတယ်။

(ကားအစီးလိုက်လည်း သယ်ချင်သယ်မှာပေါ့။)

ပစ္စည်းဈေးတွေတက်

ဆန်တွေရှားကုန်တော့

ပြည်သူလူထုသက်သာချောင်(ချိ့)အောင်လို့

ကောင်းမွန်သင့်တော်လှသော

အစီအစဉ်ကိုဆွဲပြီး သကာလ

အတိအကျ လိုက်နာရန်ဆိုသော

အမိန့်တော်ကြီးထုတ်လိုက်ကြောင်းပါ။

အမိန့်။ ။ဆန်တစ်ပြည်=-------

ဆီတစ်ဗိသာ =------

ဝက်သား တစ်ပိသာ =------

ကြက်သား တစ်ပိသာ =------



အထက်ပါသတ်မှတ်ဈေးအတိုင်း

ရောင်းရန်။ဈေးနှုန်းတင်ရောင်းသူအား

ပြင်းထန်ထိရောက်စွာအရေးယူမည်။


ဟာဘယ်ပြောကောင်းမလဲပြည်သူတွေ

ဈေးသက်သက်သာသာနှင့်ဈေးဝယ်ပြီး

စိတ်ချမ်းသာနေပြီပေါ့။

အစိုးရ ဝန်ထမ်းအပေါင်းကလည်း

မှန်တယ်ဆိုပြီး

လက်ခုပ်တွေတီး ထောက်ခံနေကြတာ။


မှန်တာပြောရယင်

မောင်ယောတို့ဒေသမှာ

စီးပွားရေးသမား ဈေးသည်လူတန်းစားတွေဟာ

၁% နှုန်းတောင် မရှိဘူး။

မောင်ယောကိုယ်တိုင်တောင်မှ

လယ်ထွန်။ယာခုတ် ယင်းနှင့်ကျောင်းတက်ပြီး

ဆယ်တန်းအောင်ခဲ့တာ။

ဈေးတွေမှာ ဈေးရောင်းကြတဲ့

အသီးအရွက်။

အသားငါး။ကြက်။ဝက် တွေဆိုတာ

ကိုယ့်ခြံထွက်ပစ္စည်းကို

ကိုယ်တိုင်လာ ရောင်းလိုတာလေးတွေဝယ်။

ဆန်ဆိုယင်လည်းအိမ်မှာရှိကြတယ်။

ကိုယ်ပိုင်ခြံ မရှိတဲ့လူတွေဘဲအကျိုးရှိတော့

ကိုယ်ပိုင်ခြံ ဆိုတာလူတိုင်းရှိတဲ့

မောင်ယောတို့ယောသားတွေကောင်းကောင်း
ဒုက္ခရောက်ကြတာပေါ့။
ဟေ့ မတရားမှုဆို နည်းနည်းမှကြည့်မရတဲ့

မောင်ယောတို့ယောသားတွေ

ဘယ်လိုပညာပြန်ပြကြတယ်ထင်လဲ


စောင့်ကြည့်လိုက်


ယောသူယောသား မှလွဲပြီး

ပစ္စည်းတွေကို ဘာတာစနစ်သစ်နှင့်ရောင်းသည်။

ယောနယ်သားတွေ ဘယ်သူလာယူယူ

အလားကား အလှူလုပ်နေသည်။

စေတနာအလူငွေထည့်ခဲ့ပါ။

(အားလုံးသောဈေးဆိုင်စတိုးဆိုင်များ)

ဝန်ထမ်း(လခစား)များမပါ။

ဈေးများတွင် မနက်တိုင်းရောင်းပါပြီ။

ကျွန်တော် ကျွန်မတို့ တောသားတွေက

အလေးချိန်ခွင်တွေနားမလည်လို့

အပုံလိုက်ရောင်းနေပါသည်။

(ယောနယ်သားများမပါ)

တရားဥပဒေကိုလိုက်နာပါသည်။

အလေးချိန်ခွင်လည်းမခိုးပါ။

(နောင်သံသရာကိုကြောက်ကြသည်)



ယခုတော့မည်ကဲ့သို့ဖြစ်နေသည်မသိပါ။

လွန်ခဲ့သောနှစ်(၂၀)ခန့်ကဖြစ်ပါသည်။