တိုက်ဆိုင်တာလား

ဒီနေ့ အိမ်သုံး Gas သွားထုတ်တာ ကံကောင်းသွားတယ်။ဒီနေ့တော့ Gas တစ်အိုးမှ ၆၀၀၀ ကျပ်ပဲပေးရပေမယ့် မနက်ဖန်ကျယင် ၁၅၀၀၀ ကျပ်ဈေးတက်မယ်ဆိုပြီး ဒဂုံက ဆိုင်မှာ ကျောက်သင်ပုန်းမှာ ရေးထားတာတွေ့ခဲ့ရတယ်။
၂၀၀၇ ခုနှစ်တုန်းက လောင်စာဈေးတွေတက်တော့ လမ်းတွေလျှောက်ကြတယ်။
အခုလည်း မနဿတလေးမှာ ဘုန်းကြီးတွေအကြောင်းဖတ်လိုက်ရတယ်။ တကယ်တမ်းဆို ပွင့်လင်းမြင်သာတဲ့ အစိုးရတွေဆို ကုန်ဈေးနှုန်း တစ်ခုတက်မယ်ဆို သေချာကြေငြာသင့်တယ်။အခုတော့ ဘာမှန်းမသိဖူး ဆိုင်ရောက်မှသိရတယ် တကယ်လို့ မနက်ဖန်မှ သွားပြီး ငွေကအတိအကျပဲ ယူသွားခဲ့မယ်ဆိုယင် ဘယ်လိုလုပ်ကြမလဲ။သွားရလာရတာကလည်း အဝေးကြီးတွေ။ ကုန်ဈေးနှန်း တစ်ခု အပြောင်းအလှဲ ဖြစ်တယ်ဆိုယင် အကျိုးသက်ရောက်မှု့ကတော့ အနည်းအများဖြစ်မှာပာပဲ။ အားလုံးကမီးဖိုချောင် စရိတ်တွေတက်လာတော့မယ်။

ဘယ်သူမှတော့ ဒီကိစဿစကို အလေးထားကြမှာမဟုတ်ပာဖူး။ အစိုးရအနေနဲ့ကတော့ ဝင်ငွေတိုးလာမှာပော့ ပြည်သူတွေကတော့

ပြန်လာပြီလား

ဒီတစ်ခါရေးရတဲ့ ပို့စ်က အရမ်းအရသာရှိလို့ရေးလိုက်တာပါ။ အင်တာနက်ကလည်းရန်ကုန်မှာနေယင် မသုံးဖြစ်တာများပါတယ်။
အခုဒီနေ့မှသု့းကြည့်တော့ ဘလော့တွေပွင့်နေတာတွေရပြီး အရမ်းပျော်မိပါတယ်။
ဘလော့ဒေးနေ့က ညနေပိုင်းမှာ ဘလော့ဂါတွေ ပြောချင်ရာပြောကြလို့များလား၊ ပြောကြတာလဲ ကြားယင်တော့မီလွယ်ဖူး။
ဘလော့ဂါတွေလည်း လူနည်းနေပြီလေ။ အသစ်တွေလည်းရောက်မလာ လူဟောင်းတွေကလည်း ပျောက်ကွယ် ထွက်ပြေး။
ရှိတဲ့လူနဲ့ ဖြစ်အောင်စီစဉ်လိုက်တဲ့ မောင်ဂေါက်ကိုတော့ချီးကျူးပါတယ်။ လူမရှိတာထက်ငွေမရှိတာကပိုဆိုးတယ်။ စပွန်တွေကလည်း မဆာကြတော့ဖူး အားလုံးဗိုက်အင့်ပြီး နင်နေကြတယ်ထင်ပါရဲ့။

ကဲရန်ကုန်မှာတော့ ဘလော့တွေပွင့်ပြီ
ဘော်ဒါတို့ရေ ဘာတွေရေးကြမလဲ။

ဝီလိုရှင်းပြရမည်နည်း

တစ်ရက်တော့ မောင်ယော ရုံးခန်းထဲမှာ Duty စဝင်ပါပြီ။အယင် အရာရှိက တရုပ်သူကသေချာလွဲပေးခဲ့ပါတယ်။
ဘယ်အချိန် ဘယ်သူတွေဘာလုပ်ရမလဲဆိုတာကိုပေါ့။မောင်ယောလည်း သူပြောတာသေချာ မမှတ်တော့ သူ့ဖာသာပဲ ကြော်ငြာ သင်ပုန်းမှာ တရုတ်လို ရေးပြီး Crews တွေ အလုပ်လာမေးယင် ဒါကိုပဲပြလိုက် ဆိုတော့
အဆင်ပြေပြီပေါ့။တရုတ်တွေကလည်း တရုပ်တွေပဲ ဖူကျန်းက တရုတ်တွေလောက် ညံ့တာ ရှိမှာမဟုတ်ဖူး။
You , me, ok,no ok ကလွဲပြီးဘာမှကို နားမလည်တာ။နိုင်ငံတကာသုံးဘာသာဖြစ်တဲ့ လက်ဟန်ခြေဟန် ကို မနားတမ်းသုံးပြီး မနဲရှင်းပြရတယ်။အာလည်းပေါက် လက်လည်းညောင်းတယ်။အလုပ်ခိုင်းယင် တရုပ်အချင်းချင်း သူ့အရာရှိတွေပြောမှ အဆင်ပြေတယ်။အင်္ဂလိပ်လို ပြောလို့ကတော့ရူးသွားမယ်။ညဖက်တစ်ခါတလေ ထမင်းကြော်ကြော်စားတာကို တရုပ်လေးက ညတိုင်းကြော်ကြွေးပါတယ်။သူ့လက်ရာလေးက မဆိုးပါဖူး။စားလို့အဆင်ပြေတယ်။သူကလည်း အလားကားလုပ်ပေးတာမဟုတ်ဖူး ညဖက်တာဝန်ချိန်မှာ ဘာမှမလုပ်ချင်တော့ ဘာစားမလဲ ဘာသောက်မလဲပဲ
မေးနေတာ မစားယင်သူက စိတ်မကောင်းဖူးဆိုပဲ။ တကယ်တော့ သူကထမင်းချက်ခန်းထဲမှာ နားချင်လို့ ကြော်ကြွေးတာ။အဲတစ်ရက်တော့ဗျာ ကိုရွှေတရုပ်က ဘာမှ မချက်ဖူး။ဖြစ်ချင်တော့ အဲဒီ့နေ့ကြမှ ဗိုက်ကဆာတော့ ကိုယ်ကပဲစမေးရတော့တာ့ပေါ့။”You dotay no maekan lar” “Yes me no marken”
ပြီးတော့ သူဆက်ပြောလိုက်တာက လက်ဟန်နှင့် ထမင်းဟင်းချက်တဲ့ပုံ လုပ်ပြပြီး
“Today me no working no working”ဘာလဲပေါ့ Duty လဲဝင်နေတယ် ဘာလို့ No working လို့ပြောတာလဲဆိုပြီးတော်တော်စဉ်းစားလိုက်ရတာ။သူ့လက်ဟန်ခြေဟန်ကို ကြည့်မှပဲ သဘောပေါက်တော့တယ်။သူဒီည ထမင်းမကြော်တော့ဖူးလို့ပြောတာကိုး။ok ဆက်ကြရအောင် သူပဲ တစ်ရက်
ရုံးခန်းထဲမှာ သူ့ကိုမောင်ယောက စာလေးတွေသင်ပေးတာ သူကလည်း အရမ်းကြေနပ်တယ်။ဒါပေမယ့်ခက်တာ
က ဒီနေ့သင်နောက်နေ့မေ့။ကြာတော့ မောင်ယောလည်း စိတ်တိုလာတော့ပြောမိတာပေါ့။
“Your memory no good” သူကလည်းမောင်ယောပြောတဲ့ Memory ဆိုတာဘာမှန်းမသိဖူး။
ပြန်မေးနေတယ် မောင်ယောလည်းနည်းပေါင်းစုံစဉ်းစားပြီးရှင်းပြတာ စိတ်တိုတာတောင်ပျောက်သွားတယ်။
နောက်ဆုံးဘယ်လိုမှ ရှင်းပြလို့မရတော့ သူ့ရဲ့ခေါင်းကို လက်ညှိုးထိုးပြပြီး “Your this one no good “
ဆိုတော့ သူကနားလည်တယ်ဗျာ။”Yes me no good this”သူ့ခေါင်းသူလက်ညှိုးထိုးပြပြီးပြောနေတာ ပြီးတော့ဆက်ရှင်းလိုက်ပါသေးတယ်။အမူအယာလေးနှင့်
“me small small” လှေခါးတက်တဲ့ ပုန်စံလုပ်ပြပြီးတော့ မောင်ယောကို လှည့်မေးလိုက်သေးတယ်။
Small Small ဆိုတာ ငယ်ငယ်တုန်းကကို ဆိုလိုတာပါ။အသက်ကိုပြောတာ။
“You understand Lar”
“Yes I understand go ahead”
သူကဆက်မပြောတတ်တော့လို့ ပက်လက်လှန်ပြတဲ့ ပုံလုပ်ပြပြီး ပြုတ်ကြတယ်ပေါ့ဗျာ။ ပြီးငယ်ထိပ်ပုတ်ပြပြီး
“This no good” ဆက်သေးတယ် နောက်စေ့ကို လည်း”This no good”
မောင်ယောလည်းတော်တော်သဘောပေါက်သွားတယ်။
နောက်တော့သူ့ကို ဘာမှကို ရှင်းမပြတော့ဖူးပြောယင်ခေါင်းညိတ်ပြီး နားထောင်နေတယ် ဘာတွေပြောမှန်းတော့မသိဖူး။
အဲနောက်တစ်ယောက်ကျန်သေးတယ် သူကမှ ပိုဆိုးတယ် ရှေ့မှာရေးခဲ့သလိုပဲ တရုတ်အရာရှိက သူ့လူတွေ ဘာလုပ်ရမလဲဆိုတာ ကြော်ငြာသင်ပုန်းမှာ ရေးထားတာ မောင်ယောလည်းတာဝန်ချိန်ဆိုတော့ ကွန်ပြူတာလေးတွေဖွင့် ပုံလေးတွေခိုးကြည့်နေတုန်း Sir today what I do
“You see this” ကြော်ငြာသင်ပုန်းကိုလက်ညှိုးလေးထိုးပြတော့ အဆင်ပြေပြီထင်တာ။
တရုတ်က ထွက်မသွားသေးပဲ ဖင်ကုတ်ခေါင်းကုတ် မျက်နှာငယ်လေးနှင့်ဘာပြောတယ်မှတ်လည်း
“Sir me no understand this”
“Hay that is Chinese Language me no China me Burma “
သူကဘာဆက်ပြောလည်းဆိုတော့ သူတရုတ်လိုလဲ စာမတတ်ပါဖူးတဲ့ အဲဒီတော့ အင်္ဂလိပ်လိုပြောတတ်တဲ့
မောင်ယောကပဲ တရုပ်အရာရှိကို မေးပြီးသူ့ ကိုရှင်းပြပေးပါဆိုတော့ သူ့ကိုရှင်းပြရမှာကြောက်တာနှင့်ပဲ
မင်းဒီနေ့ သန့်ရှင်းရေးပဲလုပ်တော့ဆိုပြီးခိုင်းလိုက်ရတယ်။သူ့တရုပ်အရာ ရှိလည်းတော်တော် စိတ်ညစ်သွားတယ်
နောက်များမှ ဆက်အုံးမည်။

Siryaw

ဆြာယာနှင့် မင်းဒသ အတွေး

ခေတ်အဆက်ဆက် မှာ ရာမာရဏ ဇာတ်တော်တွေ ရှိခဲ့ာကတယ်။
ဘယ်နိုင်ငံက ပဲရေးရေး ဇာတ်တော်လာ အဓိက ဇာတ်ဆောင်တွေ သဘောတရားတွေ
မပျောင်းလဲခဲ့ဖူး။သီတာမင်း သမီးနှင့် ရာမမင်းသားကြိုက်မယ်။
ဒသဂီရိက လူကြမ်း ကြားထဲက ကြာကူလီ ရိုက်မယ်။
လက္ခဏာက ရာမညီတော် သီတာဒေ၀ီကို ကြိုက်ပေမယ့် နောင်တော်ကို လေးစားပြီး ရာမကို
ကူညီမယ်။ဗုဒ္ဒဘာသာ အရမ်းထွန်းကားတဲ့ နိုင်ငံဆို ရာမ မင်းသားကို ဘုရား အလောင်းတော် အဖြစ်တင်စားမယ်။
ဒသကို ဒေ၀ဒတ် လုပ်မယ်။သီတာဒေ၀ီကို ယသော်ဒရာ၊လက္ခဏာကို ညီတော် အာနန္ဒာ အဖြစ်
ပုံ၇ိပ်တင်မယ်။ပြီးလို့ ရှိယင် တိုင်းပြည် အုပ်ချုပ်မင်းလုပ်ရတာ ဘုန်းကံကြောင့်တို့ ဘာတို့
မဆိုင်တာတွေ အမွမ်းတင်ကြမယ်။အုပ်ချုပ်တဲ့ ဘုရင်မင်းမြတ် ကိုလဲပဲ ရာမမင်းကဲ့သို့ တော်ကြောင်း
ရာမမင်းနှင့် ညီမျှကြောင်းတွေ ချီးမွှမ်းခန်းတွေ ဖွင့်ကြမယ်။

တကယ်တမ်းတော့ ဇာတ်တော် တစ်ခုရေးတယ်ဆိုတာ အဲဒီ့ခောတ် အဲဒီ့အချိန်တုန်းက ဖြစ်နေတာ
ဖြစ်ချင်တာတွေကို ရေးထားတာလို့ပဲ မောင်ယောမြင်တယ်။
ရေးခိုင်းတဲ့လူကလည်း သူလိုချင်တာ သူဖြစ်ချင်တာရေးခိုင်းမယ်။
ရေးတဲ့ လူကလည်း သူဖြစ်ချင်တာ သူထည့်ရေးချင်တာလေးတွေရေးမယ်။
ကာလဒေသကို လိုက်ပြီးရေးခဲ့ကြတာပဲဖြစ်မယ်လို့ ယူဆပါတယ်။
အမှန်တစ်ကယ်လို့ မောင်ယော မပြောပါဖူး။
တစ်ကယ်တမ်း ဒီ ဇာတ်တော်ဟာ ရှိခဲ့တယ် ဖြစ်ခဲ့တယ် ဆိုယင်တောင်မှ သီတာဒေ၀ီချစ်ခဲ့တာ ဘယ်သူလဲ
လေးတင်ပွဲ ကကော တရားမျှတခဲ့ရဲ့လား။
အစပိုင်းတွေမှာ ပုံဖော်ထားတဲ့ ဒသရဲ့ ခွန်အားဗလတွေက ပိုးဟပ်ဖြူတစ်ကောင်လို
ဘာမှ ပုံမဖော်ထားတဲ့ ဘုန်းတန်ခိုးဆိုတာကိုပဲ ပြသထားတဲ့ ရာမ ဘယ်သူက လက်တွေ့မှာ
ပိုပြီးကြံ့ခိုင်သန်စွမ်းမလဲ
ဒသဆိုတာ ၁၀ ခုကိုကိုယ်စားပြုတာလို့ပဲ ယူဆကြမယ်ဆိုယင်တောင်
၁ ခုထဲ ကို ကိုယ်စားပြုတဲ့ ရာမက ခွန်အားကို အားကိုးခဲ့တဲ့ ခောတ်မှာ ဘာလို့ အနိုင်ရခဲ့တာလဲ။
ရာမဆိုတဲ့ မင်းသားက ညဏ်နီညဏ်နက် သုံးခဲ့လို့လား။
ဘုန်းတံခိုး ဆိုတဲ့ အရာကို အယင်ကရော အခုပါ ယုံကြည်နေရအုံးမှာလား။

တကယ်တမ်းဆိုတာတွေက ဘုရင်တစ်ပါးက ရေးခိုင်းလို့ ခောတ် အဆက်ဆက်က ဇာတ်ညွှန်းရေးဆ၇ာတွေ
ရေးခဲ့ကြရတာထင်ပါတယ်။
တကယ်တမ်းတော့ သီတာမင်းသမီးကလည်း လှချင်မှ လှမှာပါ။
မင်းဒသနယ်ချဲ့ချင်တာလည်းဖြစ်နိုင်ပါတယ်။
လျှောက်ရေးနေယင်ရျည်ပါတယ်။
ကျွန်တော်ဆိုလို ချင်တာက ဒါတွေကို စတင်တော်လှန်ခဲ့တာ စာရေးဆရာ ချစ်ဦးညိုလို့ပဲ ဆိုလိုချင်ပါတယ်။
သူ့လက်ထက်မှာ ဒသဂီ၇ိ ကို စတင်ပြီး အရောင်တင်ပြီး ဘယ်နေရာမဆို ဆန့်ကျင်ဖက်
အတွေးအခေါ် ရှိတယ် ဆိုတာ ချပြခဲ့တယ်။(တခြားသူတွေလည်းရှိမှာပါ)

ဆရာချစ်ဦးညိုတို့ ခောတ်မှာ ဆန့်ကျင်ဖက်ကို ချပြခဲ့သလိုပဲ
ကျွန်တော်တို့ လက်ထက်မှာ အကောင်းမြင်ဆန့်ကျင်ဖက်ဆိုတဲ့ အရာကို ပြန်တည့်ပေးကြယင်ကောင်းမယ်ထင်ပါတယ်။

အမှားဖြစ်သွားယင် သီးခံခွင်လွတ်ပေးကြပါခင်ဗျာ။

                     ဆြာယော

ဝိုင်

မောင်ယောတို့ စီးခဲ့တဲ့ သင်္ဘောက အင်ဒိုမှာပဲ ကျောက်ချထားတာ ၁ လကျော် ၂လနီးနီးရှိလာတော့
ပိုက်ဆံတွေ(လခ)ကလည်းမရကြသေးဖူး။ဆိပ်ကမ်းကိုတော့ လှမ်းမြင်နေရပေမယ့် ကမ်းပေါ်ကိုတက်ခွင့်ကမရ။
တက်ခွင့်ရလည်း ဘုတ်ခက(ferry)အသွားအပြန် ၅၀ ဒေါ်လာလောက်ကျတယ်။ကားကလည်း ဘတ်စကားမစီးတတ်
သေးတော့ taxi ကတစ်ခေါက် အသွားအပြန်ဆိုယင် ၂၅ ဒေါ်လာ။ဘယ်လိုမှ မတတ်နိုင်ဖြစ်နေတယ်။
အထူးသဖြင့် အရက်ကဈေးကြီးတော့ မတတ်နိုင်ဖူး ဘီယာက တစ်ဗူးကို ၅ဒေါ်လာဆိုတော့ပိုဆိုးသေးတယ်။
အရက်ဈေးကြီးတဲ့ အကြောင်းကို အယင်ပို့စ်မှာရေးခဲ့ပြီးပါပြီ။
အားလုံးကလည်း အရက်မသောက်တဲ့လူက နှစ်ယောက်လောက်ပဲပါတယ်။
အရက်မသောက်ရယင် အလုပ်တောင်မလုပ်ချင်ကြတော့ဖူး။
ဒီတော့ မောင်ယောအကြံထုတ်ရတော့တာပေါ့။ကံကောင်းချင်တော့သင်္ဘောသားဝါရင့်ကြီး တစ်ယောက်က
ဝိုင်ဖောက်တတ်တယ် လိုအပ်တဲ့ပစ္စည်းတွေ ကလည်းလွယ်ကူနေတော့
အားလုံး Meeting ထိုင်ပြီး ဆွေးနွေးကြတာပေါ့။သင်္ဘောမှာက ထုံးစံလေးတွေရှိတယ်။
မနက်စာ နှင့်ညနေစာ စားပြီးတိုင်းအသီးတစ်မျိုးစားရတယ်။

Meeting မှာလုံစုံပါပြီ။ကဲ ခင်ဗျားတို့ အရက်မသောက်ရတော့ စိတ်ပျော်ရွင်မှု့ မရှိကြဖူး။
အရက်ထွက်ဝယ်ဖို့ကလည်း မတတ်နိုင်ကြဖူး။အခု ကို.......ကအားလုံးအဆင်ပြေပြေသောက်လို့ရအောင်
ဝိုင်ဖောက်ပေးမယ်။ကျွန်တော်တို့က သူလိုအပ်တာလေးတွေ ရအောင်လုပ်ပေးရမယ်။
လိုအပ်တာက လေးဂါလံပုံး၊ရီးစ်ပေါင်ဒါ၊ရေကြက်အေး၊နှင့်အသီးမျိုးစုံ အဓိကပန်းသီး။
လေးဂါလံပုံးလည်းအဆင်ပြေတယ်။ရီးစ်ပေါင်ဒါကတော့ ပလာတာနှင့်မုန့် မလုပ်စားတော့ဖူး။
အားလုံးပဲ ထမင်းစားပြီးတိုင်း အသီးမစားနှင့်တော့ကန့်ကွက်မဲ့သူရှိလားဆိုတော့
အားလုံး တညီတညွတ်ထဲ သဘောတူလိုက်ကြပါတယ်။

စပါပြီ  ဘယ်လိုလုပ်ရလဲဆိုတော့
ပထမဆုံးေ၇ကြက်အေး ရအောင်လုပ်။ပြီးတော့ ဆပ်ပြာအရည်တွေထည့်တဲ့ ပုံးအကြီးတွေကို သေချာရေဆေး
အားလုံးရပြီဆိုမှ အသီးတွေ ကို အခွံခွာ လက်မလောက် အတုံးတွေစိတ် ရေနှင့်အသီးကို ဆတူလောက် ရောပြီး
ပုံးထဲကိုထည့် လေးဂါလံ တစ်ပုံးမှာ ရေနှင့်အသီးပြီးယင် ရီးစ်ပေါင်ဒါ ထမင်းစားဇွန်းနှင့် တစ်ဇွန်းလောက်ရေပျော်အောင်
ဖျော်ပြီးထည့်ပေး။ပိုပြင်းချင်ယင် ရီးစ်ပေါင်ဒါ နည်းနည်းပိုထည့်။
ပြီးလို့ ရှိယင် အဲဒီ့ပုန်းကို နေပူထဲမှာ ၄ ရက်လောက် အလုံပိတ်ပြီး ထားလိုက်ယင်ရပြီ။
နေမပူလို့ ရှိယင်တခြားပူတဲ့ နေရာမှာထားပေးလိုက်ရတာပဲ။
တစ်ပါတ်လောက် စောင့်ထားယင်တော့ ပိုပြီးပြင်းသလို သောက်ရတာလဲ အရသာ ပိုကောင်းပါတယ်။
အဲဒီ့ဝိုင်က ဖောက်ပြီးယင် ရေစစ်နှင့် သေသေချာချာ စစ်လိုက်ယင် တကယ့်တန်ဖို့ ကြီးWhite wine တွေနှင့်
ယှဉ်လို့ ရလောက်အောင်ကောင်းပါတယ်။
ဒါပေမယ့် မောင်ယောတို့ ကတော့ ပိုပြီးမူးအောင်လို့ အနည်ကို လှုပ်ပြီးသောက်တယ်။
နောက်ပိုင်းသောက်တာများလာတော့ အားလုံးသိပ်မမူးကြတော့ မောင်ယောက အကြံအဖန်ထပ်လုပ်ပါတယ်။
အဲဒါကတော့ ၀ိုင်ဖောက်ချိန်မှာ ဆေးရုံထဲမှာ ရှိတဲ့ အရက်ပြန်၉၉%တွေ နည်းနည်းစီလောက် ထည့်ထည့်ပေးတယ်။
ဆေးရုံထဲမှာက အရက်ပြန်တွေကလည်း စာရင်းပျောက် အများကြီးပို နေတယ်။
စာရင်းပြုစုသူက မောင်ယောလေ အရှည်ကို စဉ်းစားပြီး ကြိုတင်ဖျောက်ထားတာ။

ပုံလေးကတော့ ၀ိုင်ခွက်လေးနှင့် အာလူးကြော်လေးပါ။

ကျွန်တော် နားလည်သော Plan

plan ဆိုတာ ဘယ်နေရာမှာမဆို အင်မတန် အရေးကြီးပါတယ်။
ကျွန်တော့် အထင် ပြောရယင် Plan မကောင်းယင် ဒါမှမဟုတ် Plan အတိုင်း လိုက်နာဆောင်ရွက်နိုင်စွမ်း မရှိယင်
ဘယ်အလုပ်မဆိုအောင်မြင်နိုင်စွမ်းရှိမယ်လို့ မယုံကြည်ဖူး။ကျွန်တော်သိရသလောက် အမေရိကားနိုင်ငံသားတွေဟာ
စာရွက်ကို အားကိုးခဲ့ကြလို့ လက်တွေ့မှာအောင်မြင်ခဲ့တယ်။အခုချိန်ထိလည်း ကမ္ဘာမှာဦးဆောင်သူတွေဖြစ်တာပါ။
မောင်ယောတို့ သင်္ဘောသားလောကမျာဆိုရှိပါတယ်.စာရွက်စာတမ်းလုပ်ရမှာ အရမ်းကြောက်ကြတယ်။
စာရွက်ပေါ်က Plan တွေက လိမ်လို့ ရသလို လိမ်လို့လဲ မရဖူး။ဘာလို့လဲဆိုတော့ မစစ်ဆေးခဲ့ ယင် စာရွက်ကို ကြည့်ပြီး

ဆုံးဖြတ်ခဲ့ယင် အားလုံးအဆင်ပြေနေမှာပဲ။တကယ်တိုက်ဆိုင်စစ်ဆေးခဲ့ ယင်ဒါဟာ ကိုယ်ပေါင်ကို လှန်ထောင်းသလို
ကိစ္စကြီးဖြစ်နေပြန်တယ်။နေရာတော်တော်များများမှာတော့ စာရွက်ပေါ်မျာ လိမ်နေကြတာပဲ။
ကိုယ်တိုင်လည်းလိမ်ခဲ့ဖူးတာပဲ။အလိမ်လည်းခံခဲ့ရဖူးတာပဲ။

ကျွန်တော်နှင့် တစ်ခါဆုံဖူးတဲ့ အမေရိကား ရေတပ်က လူတွေဆိုယင် သင်္ဘောတစ်စီး ထဲမှာ တာဝန်ထမ်းဆောင်နေတာ
နှစ်ချီနေပြီ။နှစ်ယောက်လုံးက မြန်မာလူမျိုးတွေ တစ်ယောက်နှင့်တစ်ယောက် တစ်ခါမှ စကားမပြောခဲ့ဖူးတဲ့။
သိတောင်မသိခဲ့ဖူးဆိုပဲ။မောင်ယောနှင့် တွေ့မှတာ တစ်ဝိုင်းထဲထိုင်သောက်ခွင့် ရတာဆိုပြီး မောင်ယောကို ကျေးဇူးတွေ
တင်လိုက်ကြတာ။သူတို့ ပြောတာကရှင်းပါတယ် လူချင်းသိနေရင်းနှီးနေတာ က တစ်ပိုင်း ကိုယ်ရဲ့

တာဝန်အတိုင်းဆောင်ရွက်ရမှာက တစ်ပိုင်းတဲ့။မောင်ယောပြောပြချင်တာက Plan ကို လေးစားပြီးတိတိကျကျ
ဆောင်ရွက်နိုင်တာကိုပါ။ကျွန်တော်လည်းမလုပ်နိုင်ခဲပါဖူး။ကြိုးစားဆဲပါ။

တကယ်တမ်းတော့ စာရွက်ပေါ်မှာရေးဆွဲ ထားတဲ့ အကြာင်းအရာဟာ အရမ်းကောင်းနေလိမ့်မယ်။
ဒါပေမယ့် လက်တွေ့မှာတော့ စာရွက်ပေါ်က Plan အတိုင်းလိုက်လုပ်ဖို့ ဆိုတာ ဘယ်နေရာမှာမှ ကိုက်ညီဖို့ မလွယ်ပါဖူး။
တတ်နိုင်သလောက်တော့ တူညီအောင် ဆောင်ရွက်ကြရတာပါပဲ။
အနီးစပ်ဆုံးဖြစ်ခဲ့ ယင် ပဲကြေနပ်ကြရမှာပါ။
နောက်တစ်ခုရှိသေးတာက Plan ကိုနားလည် သဘော မပေါက်ခဲ့ယင်လည်း Plan အတိုင်း လိုက်နာဆောင်ရွက်ဖို့
မဖြစ်နိုင်ပါဖူး။နားလည်သဘော ပေါက်အောင်ရှင်းပြရမှာက Plan ကို ရေးဆွဲသူမဟုတ်ပါဖူး။
Plan ကို အသုံးချဆောင်ရွက်သူလို့ မောင်ယော ထင်ပါတယ်။

အမှားပါယင် သီးခံပေးကြပါ။

Barcamp Yangon

အခု ဒီနေ့နံနက် ၁၀ နာရီကနေ ၁၁နာရီ ၃၀ မိနစ် အထိ Barcamp Yangon နှင့်ပတ်သက်တဲ့ စာနယ်ဇင်းပွဲ ဖိတ်စာ
လေးပါ စိတ်ဝင်စားတဲ့သူတွေ ကြည့်လို့ရအောင်လို့ပါ။
မနက်ဖြန်အကြောင်းအရာတွေကို နောက်နေ့မှာချက်ချင်းရေးနိုင်အောင် ကြိုးစားပေးပါမယ်။

ဖိတ်စာကို Attach File နှင့်ပို့တာ မရောက်လို့ နောက်တစ်ခါပြန်တင်ကြည့်တာပါ။
လိုအပ်ချက်လေးတွေကို နားလည်ပေးကြပါခင်ဗျာ။


                    ဆြာယော