ဆြာယော အလုပ်ပြုတ်ခြင်း

ဆြာယောရဲ့ အလုပ်က သင်္ဘော အရာရှိ တစ်ယောက်ဖြစ်တဲ့ အတွက် သင်္ဘောလိုက်ရပါတယ်။
အယင် နှစ်ပတ်လောက်က ဆြာယော သင်္ဘောပေါ်မှာ အမှားတစ်ခု ကိုကြူးလွန်ခဲ့ မိပါ တယ်။
အားလုံးပဲ ဝန်းစဉ်းစားပေးကြပါ။ ဆြာယော မှန်သလား မှားသလားဆိုတာ။
သဘောင်္ ကုန်းပတ် ဝန်ထမ်း တစ်ယောက် ဟာ ကုန်းပတ်ပေါ်မှာ တာဝန်ကြ ကြ မကြကြ မိမိသဘောင်္ရဲ့
လုံခြုံရေး။ပစ္စည်းတွေ လုံခြုံရေးကိုပါ တာဝန်ယူရပါတယ်။တခါတလေ သင်္ဘော ကိုလှည့်ပတ် စစ်ဆေးပေးရပါတယ်။
ဒါတွေက ကုန်းပတ်ဝန်ထမ်းတစ်ယောက် အတွက် အရေးပါဆုံးတွေထဲက အခြေခံ အချက်လေးတွေပါ။
ကုန်းပတ်တာဝန်ကျ အရာရှိ တစ်ယောက်ဟာအရမ်းကို ခေါင်းကြီးပါတယ် ကိုယ်ဘာမှ မသိလိုက်ရပဲနှင့်
သူများခိုးရောင်းစားသွားလို့ ထောင်ကျ အလုပ်ပြုတ်တဲ့သူတွေ အများကြီးပါ။မောင်ယောကတော့ တွေ့တာနှင့်
ပြောတာပဲ တားတာပဲ အဲလို အတားကောင်းလို့ အလုပ် ပြုတ်ခဲ့ရပေါင်းလည်းမနည်းဖူး။

အဲဆန်းတာက ဒီတစ်ကြိမ်လုံးဝ ခြားနားတယ်ဗျ။ဘယ်လိုလဲဆိုတော့
မောင်ယောက သင်္ဘောမှာ နေတာ အခန်းထဲမှာ အနေများတယ်။
အခုစီးခဲ့တဲ့သင်္ဘောလေးက ငယ်တော့ တနေ့တနေ့ ဒီလူ ဒီမျက်နှာတွေပဲ မြင်နေရတော့ ရိုးနေတာကိုး
ပြသနာတွေကို မြင်မှာစိုးလို့ ရှောင်တာလဲ ပါတယ်။မြင်လို့ ပြောမိနေယင် ပြသနာတွေဖြစ်မှာစိုးလို့
အဲဖြစ်ချင်တော့ မောင်ယော ကိုင်တဲ့ ဖုန်းက မိချင်တဲ့ အချိန်မိတယ် မမိချင် မမိဖူး
အဲဒီ့နေ့မှာပဲ မောင်ယောသူငယ်ချင်းတစ်ယောက်က မတ်ဆေ့ခ်ျပို့ ထားတာက မနက် ၁၁နာရီ ၄၅ မိနစ်
အဲ တကယ်ရောက်လာတာက ည ၂၃ ၃၀ နာရီ မှာရောက်လာတယ်
အဲ တာဝန်ချိန်ပြီးလို့ အိပ်တော့ မယ်လို့ တယ်လီဖုန် အစစ် မတ်ဆေ့ခ်ျ ပို့ ထားတာ တွေ့တာနှင့်
သူငယ်ချင်းဆီ ဖုန်းပြန်ဆက်ဖို့ သင်္ဘောပတ်ပြီး လိုင်းမိတဲ့ နေရာ လိုက် ရှာ တော့တယ်။
ဖုန်းလိုင်းတော့ မတွေ့ဖူး

ဘာတွေများတွေ့လဲ ဆိုတော့ သင်္ဘောရဲ့ အကြီး ဆုံးဆိုတဲ့ ကပ်ပီတန်ကြီး ဦးဆောင်ပြီး
ဆီခိုးရောင်းနေတာနှင့် တည့်တည့် တိုးပါတော့ တယ်။
အဲဒီ့ ကပ်ပီတန် (Captain ) ကို နာမည်နှင့် တကွရေးချင်ပေမယ့်
သူအမျိုးသမီးက စာပေနယ်က ဖြစ်နေတော့ မရေးတော့ပါဖူး။
မောင်ယောကို တွေ့တော့ အားလုံး ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေတော့ မောင်ယောလည်း
ရူးချင်ယောင်ဆောင်ပြီး ပြန်အိပ်နေခဲ့ပါတယ်။မနက်ကြတော့ မောင်ယောကို ဘာမ သတင်းမပို့ ဖို့မျက်နှာချိုသွေးပြီးလာတောင်းပန်တော့ မောင်ယော ရုံးကို ဘာမှ အသိမပေးတော့ ပါဖူး။

အဲဖြစ်ချင်တော့ နောက် ၃ ရက် လောက်က စပြီး သူနှင့် အပေါင်းအပါ တချို့ က မောင်ယောကို နည်းမျိုးစုံနှင့်
တိုက်ခိုက်ကြတော့ တခါတလေ မောင်ယောလည်း လူပဲ လေ တခါတလေ အမှားတွေရှိတာပေါ့။
တာတွေ ကို နင်းပြီး ရုံးကို သတင်းပို့ ပြီး မောင်ယောကို ဖြုတ်တော့တာပါပဲ။
အဲပိုဆိုးတာက အဲဒီ့ ကပ်ပီတန်ကြီးက သင်္ဘောမှာ သူ့ရဲ့ ညီ အပါအဝင် အမျိုးအဆွေတွေ အများစု
က သင်္ဘောမှာ ရှိနေမှန်း မောင်ယော နောက်ကြမှ သိလိုက်ရတယ်။
သူမလို့ လုပ်ရက်တယ် သူ့ တပည့်လေးတွေ နေ့ဖက် တနေကုန် ပင်ပင်ပန်းပန်း သံချည်းခေါက်
ည အားလုံးနှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့ အချိန်မှာ ဆီခိုးရောင်း။
ဒါကို ကန့်ကွက်ပြီး ဝေပေးလိုက်ဖို့ ပြောတဲ့ မောင်ယောကို အလုပ်ထုတ် ကျန်တဲ့ လူတွေ ဝင်မရှုပ်နှင့်
သတိထားလို့ ပြောတဲ့ Captain ကြီး စာရေးဆရာမယောင်္ကျားကြီး မင်းလခရဲ့ ဆယ်ပုံတစ်ပုံတောင်
မရတဲ့ သူတွေကို မင်း ဒီလိုပဲ ..........ဆက်လုပ်နိုင်ပါစေလို့။

ပြီးတော့ ဒါက ပညာရှင်တွေ သိတယ်
Captain ကြီးရေ တစ်သက်လုံးမှတ်ထား I.S.O 9002
ဆိုတာ I.S.M နှင့် လားလားမှ မဆိုင်ဖူး ဆိုတာ။

ဆြာယောဆုတောင်း။ ။ နေ့ဖက် သင်္ဘောသားတွေ ကို နင်းကန်ပင်ပမ်းအောင်ခိုင်း ညဖက် သူတို့ တွေ
ကို မူးအောင် သောက်ခိုင်းပြီး ဆီခိုးရောင်းတဲ စက်ချုပ်ကြီးတွေ ကပ်ပီတန်ကြီးတွေ
ရေကြောင်းလောက ကနေ မြန်မြန်ပျောက်ကွယ်ပါစေလို့။

နောက် မောင်ယော ဆုံးဖြတ်ချက် တစ်ခုကိုပြတ်ပြတ်သားသား ချလိုက်တယ် ကိုကတော့ သူအလုပ်ထိခိုက်
မှာစိုးလို့ ဘာမှရုံးကို သတင်း မပို့ ခဲ့ တာ သူကတော့ ညီအကိုတွေ ပေါင်းပြီး အကွက်တွေ ဆင်လိုက်ကြတာ
မောင်ယော ရန်ကုန်ပြန်ရတော့တာပဲ။ဘယ်သူကို မဆို မသနားတော့ဖူး ချွန်တွန်းလုပ်ပြီး အဆင်းဘီးတပ်
ပေးတော့မယ် နောင်များဆို ဘယ်သူကိုမှ မသနားတော့ဖူး။

14 comments:

Anonymous said...

ဖြစ်ရလေ ဆြာယောရယ်...
စိတ်မကောာင်းပါဘူး...
နောက်တခါ ကိုယ်ကသာ ဦးအောင် တိုင်ပေတောာ့...

အောင်သာငယ်

Anonymous said...

တကယ်လား ယောရေ Late April Fool တော့မဟုတ်ပါဘူးနော်...
ဝေးတနေရာက
ကိုကိုstrike

:P said...

အတည်ရေးနေတာလား၊ တကယ်အလုပ်ပြုတ်တာလား...။

Anonymous said...

စိတ်ဝင်စားစရာကောင်းသောသတင်း
mnhy

ဆြာယော said...

အမှန်တကယ် အလုပ်ပြုတ် တာပါ။
ဒီနေ့မှ ထပ်သိရတာက တော့ မောင်ယောနှင့်
ပတ်သက်တဲ့ လုံးဝမှားယွင်းနေတဲ့ သတင်းမှာတွေ
ရုံးမှာ ရောက်နေတာ ဘယ်လို ရှင်းပြပြီး ရေးပြရမယ်မှန်းတောင်
မသိတော့ဖူး။

strike said...

ဟင်း...ဆိုးပါတယ်ကွယ်...ဘာပြောရမှန်းတောင်မသိတော့ပါဘူး..ရန်ကုန်ခဏပြန်ရမယ်ဆိုရင်တော့ ဘိုဖတ်အဖေါ်ရပြန်တာပေါ့...

JulyDream said...

;( ဆိုးလိုက်တာနော်...

ရန်ကုန်က သူငယ်ချင်းတွေနဲ့ ပြန်တွေ့ရတယ်လို့ပဲ သဘောထားလိုက်ပေါ့။
ဘာပဲဖြစ်ဖြစ် ရန်ကုန်ရုံးမှာလည်း ပြဿနာတွေ ပြေလည်သွားပါစေ။ ပြီးတော့ ရှေ့ဆက်တဲ့ခရီးမှာလည်း အဆင်ပြေပါစေဗျာ။

NLS said...

ဖြစ်ရလေသယ်ရင်းရယ်။ နောက်များကြရင် သူတို့ မခိုးနိုင်အောင် မင်းအနစ်နာခံပြီး အရင်သာ ခိုးလိုက်ပေတော့။

strike said...

အကောင်းဆုံးကတော့နောင်သဘောင်္ပေါ်တက်တာနဲ့ဒါမျိုးတွေမကြုံရအောင်
မီးသာရှို့ပစ်လိုက်စမ်းပါ ဆာရော....

khin oo may said...

ဘာပြောရမှန်းတောင်မသိတော့ဘူး အဆင်ပြေပါစေ။

မေ့သမီး said...

တကယ်လား။ စိတ်မကောင်းပါ။ အဆင်ပြေပါစေနော်။

nyimg said...

ဆြာရော ရေ။ စိတ်မကောင်းပါ။ ဒါပေမဲ့ ကံကြမ္မာလှည်းဘီးက တပတ်ပြန်လည်လိမ့်မယ်။ အဲခါကျမှသာ... စုပြုံပြီးခံရလိမ့်မယ်။ အမှန်ကတော့ ကိုယ့်လိပ်ပြာသန့်နေရင်ပီးတာပဲ မဟုတ်လား။ စကားမစပ်.. ကျနော်တို့ ရန်ကုန်က ကျနော့်သူငယ်ချင်းတယောက်ဆို ဆီဆိုင်မှာ ပန့်မင်း လုပ်တာ တနေ့ ၈၀၀ ရတယ်။ အဲဒီတုံးက လန်ဒန်တလိပ် ၇ကျပ်။ ဒါပေမဲ့ ဆီနံ့တွေရှုနေရတော့ လူက ပိန်လှီလို့....

တောင်ပေါ်သား said...

အင်းးးးးးး ဒုက္ခ မှန်တာလုပ်တော့ ဒုက္ခက ရောက်သေး အကိုရေ အစစအရာရာ အဆင်ပြေပါစေဗျာ........

လေးစားလျက်
တောင်ပေါ်သား

နွေစင်မိုး said...

မတရားလိုက်ကြတာ။ :( နောက်တခါ သူတို့ထက်သာသွားအောင် သဘောင်္ပါရောင်းပစ်ခဲ့လေနော်။

Post a Comment