အင်္ဂလန်ငွေသုံးပြီ

ကျွန်တော်မောင်ယော အလုပ်ပြုတ်ပြီး ရန်ကုန်ရောက်တာ တစ်လပြည့်တော့မှာ ဖြစ်လို့ ပိုက်ဆံပြတ်လို့
ကျွန်တော့်ရဲ့ချစ်လှစွာသော လက်တော့လေးကို ရောင်းတော့မယ်။
မောင်ယောတို့ သဘောင်္သားတွေက ပိုက်ဆံ သုံးမျိုးပဲသုံးကြတယ်။
အဲဒါတွေကတော့
ပထမ ပြန်ရောက်ရောက်ခြင်း ဂျပန် ပိုက်ဆံ (ယန်း)ပြီးသုံးတယ်။
နောက်နည်းနည်းလေးကြာလာတော့ အင်္ဂလိပ် ပိုက်ဆံ (ပေါင်) ပြီးသုံးတယ်
ဒါမှ ပြန်မထွက်နိုင်သေးပဲ မခြေအနေ ဆိုးလာယင်တော့ ယိုးဒယား ပိုက်ဆံ (ဘတ်)ပြီး သုံးတယ်။
အခုမောင်ယောကတော့ တခြား နည်းလမ်းတွေ မသုံးနိုင်လို့ ရောင်းပြီး သုံးဖို.ကြိုးစားနေတယ်။
နောက်အလုပ်ကလည်းရတော့ ရနေပါပြီ။နည်းနည်းစောင့်ရမှာ ဆိုတော့ အသုံးစရိတ်လိုတော့လည်း ရောင်းရမှာပေါ့။
ပြီးတော့ ရှိသေးတာက ကျွန်တော်တို့ ဆီမှာက ပိုက်ဆံပေးစရာမလိုဖူးဆိုပြီး ဘယ်လောက်ပဲ ပြောနေပါစေ
နောက်တံခါးတို့ ဟိုစရိတ် ဒီစရိတ် တို့ကတော့ရှိနေတာပဲ။လောလောဆယ် မောင်ယောတို့
သင်္ဘောသားတွေ လည်းစီးပွားရေးကျတဲ့ ဒဏ်ကို အနည်းနှင့် အများတော့ ခံရတာပဲ။
နောက်တစ်ခုက မောင်ယောလည်း အခွန်ဆောင်ရတာ သက်သာအောင်လုပ်မိတာ ဆောင်ရတာတော့ နည်းနည်းလေးသက်သာပါရဲ့
GRT က ၄၉၉ ဖြစ်သွားတော့ နောက်အလုပ်တွေမှာက သိပ်ပြီး အဆင်မပြေတော့ဖူး။
သက်သာအောင်လုပ်တာနှင့် ကုန်တဲ့ ငွေ ဘာမှ မထူးဖူး။

လက်တော့က ဖူဂျစ်ဆု လေးပါ။
Pentium III
ှုဝယ်ချင်တယ်ဆို အမြန်ဆက်သွယ်ပါ။ဦးရာလူရောင်းမည်။
နောက်တစ်ခေါက်မသွားခင်ရောင်းပြီး အားရအောင် သောက်သွားမယ်။
ဒီတစ်ခါက အလုပ်မှာ သောက်လို့ ရမှာမဟုတ်လို့

6 comments:

strike said...

၃၀၊၀၀၀ ပေးမယ် ယောရေ၊ရောင်းနိုင်ရင်ရောင်း။မူနေရင်ဈေးထက်ကျမည်

khin oo may said...

ဖတ်သွားသည်။ ဒီမှာလည်း အင်္ဂလိပ်ငွေပါဘဲ။

Sir Yaw said...

strike ရေပြောရက်ပါ့။
ဝယ်တုန်းက ၃၂၀ အခု ၃၀
ဝယ်ပေးတဲ့သူငယ်ချင်းနာမည်ကလည်း
သုံးတာက ၄ လပဲရှိသေးတာ
အရူး(ခ)သူထေး တဲ့ ရောင်းမယ်ပျာ

strike said...

နောက်တာပါဗျာ...heartထိတယ်

ကြည် said...

ရောင်းပြီးအ၀သောက်သွားမယ်တဲ့လား..မဟုတ်တာ။ ရှိပြီးသားပစ္စည်းလေးကို သောက်ဖို့အတွက်မရောင်းပါနဲ့။ (ယန်းသုံးတယ်..ပေါင်သုံးတယ်..ဘတ်သုံးတယ်..ရောင်းသုံးတယ် ...အဲလိုလား..ဟားဟား ..မိုက်ဒယ်)

Anonymous said...

fujitsu are made in japan. last forever. way better than any chinese crap dell hp compaq toshiba or lenovo

Post a Comment