arriving at bkk thailand

now mg yaw at bkk thuwanabumie airport.
tomorrow moorning 0715 i will go to jakarta indo with thai airway.
tonight i must stay in air port without money.cannot sleep because i affriate
for late.nextday i will add all image of my travelling experience.
i hope we will meet again online every online friend.
i am very sorry last two month because i cannot open and cannot write in my blog.
comming now siryaw come again to online.

in yangon every news condition anything i dont know
but very very sorry
i can say only words.
you also
because i cut of money in yangon
so i cannot drink beer everyday.
somuch thing about
i am sorrrrrrr..................

netday with myanmar language........

အင်္ဂလန်ငွေသုံးပြီ

ကျွန်တော်မောင်ယော အလုပ်ပြုတ်ပြီး ရန်ကုန်ရောက်တာ တစ်လပြည့်တော့မှာ ဖြစ်လို့ ပိုက်ဆံပြတ်လို့
ကျွန်တော့်ရဲ့ချစ်လှစွာသော လက်တော့လေးကို ရောင်းတော့မယ်။
မောင်ယောတို့ သဘောင်္သားတွေက ပိုက်ဆံ သုံးမျိုးပဲသုံးကြတယ်။
အဲဒါတွေကတော့
ပထမ ပြန်ရောက်ရောက်ခြင်း ဂျပန် ပိုက်ဆံ (ယန်း)ပြီးသုံးတယ်။
နောက်နည်းနည်းလေးကြာလာတော့ အင်္ဂလိပ် ပိုက်ဆံ (ပေါင်) ပြီးသုံးတယ်
ဒါမှ ပြန်မထွက်နိုင်သေးပဲ မခြေအနေ ဆိုးလာယင်တော့ ယိုးဒယား ပိုက်ဆံ (ဘတ်)ပြီး သုံးတယ်။
အခုမောင်ယောကတော့ တခြား နည်းလမ်းတွေ မသုံးနိုင်လို့ ရောင်းပြီး သုံးဖို.ကြိုးစားနေတယ်။
နောက်အလုပ်ကလည်းရတော့ ရနေပါပြီ။နည်းနည်းစောင့်ရမှာ ဆိုတော့ အသုံးစရိတ်လိုတော့လည်း ရောင်းရမှာပေါ့။
ပြီးတော့ ရှိသေးတာက ကျွန်တော်တို့ ဆီမှာက ပိုက်ဆံပေးစရာမလိုဖူးဆိုပြီး ဘယ်လောက်ပဲ ပြောနေပါစေ
နောက်တံခါးတို့ ဟိုစရိတ် ဒီစရိတ် တို့ကတော့ရှိနေတာပဲ။လောလောဆယ် မောင်ယောတို့
သင်္ဘောသားတွေ လည်းစီးပွားရေးကျတဲ့ ဒဏ်ကို အနည်းနှင့် အများတော့ ခံရတာပဲ။
နောက်တစ်ခုက မောင်ယောလည်း အခွန်ဆောင်ရတာ သက်သာအောင်လုပ်မိတာ ဆောင်ရတာတော့ နည်းနည်းလေးသက်သာပါရဲ့
GRT က ၄၉၉ ဖြစ်သွားတော့ နောက်အလုပ်တွေမှာက သိပ်ပြီး အဆင်မပြေတော့ဖူး။
သက်သာအောင်လုပ်တာနှင့် ကုန်တဲ့ ငွေ ဘာမှ မထူးဖူး။

လက်တော့က ဖူဂျစ်ဆု လေးပါ။
Pentium III
ှုဝယ်ချင်တယ်ဆို အမြန်ဆက်သွယ်ပါ။ဦးရာလူရောင်းမည်။
နောက်တစ်ခေါက်မသွားခင်ရောင်းပြီး အားရအောင် သောက်သွားမယ်။
ဒီတစ်ခါက အလုပ်မှာ သောက်လို့ ရမှာမဟုတ်လို့

ပုဆိုးမနိုင် ဘောင်းဘီပါ ကျွှတ်မဲ့ ဘ၀တွေ

အယင်တုန်းက အင်တာနက်သုံးရတာ ဘလော့ရေးရတာ အဆင်မပေဖူးလို့ speak သူတွေကို ၇ီခဲ့တဲ့ မောင်ယော ရေးချင်တာတွေ များပေမယ့်
ရေးဖို့ မဆိုနှင့် ၀င်ဖတ်လို့တောင် မရဖူး။
ဒီနေ့ဆို တစ်နစ် တင်းတင်းရောက် ပီ
နာဂစ်က ပေးခဲ့တဲ့ မျက်ရည်တွေ
ပျက်ခဲ့ရတဲ့ ဘ၀တွေ
ရှင်ကွဲ သေကွဲ တွေ
ရျွေငွေ ပစ္စည်းတွေ
တခုတော့ ရှိတာပေါ့
ဘုရားရှင် ဟောခဲ့သလို
အနိစ္စ သဘောနဲ့ ကျည့်
ဒီလောက မှာဘာမှ ထာဝရ မတည်ရှိဖူ။

ဘလော့တွေ ကို ၀င်ဖို့ က ပုဆိုးတွေ ဘောင်းဘီတွေ ကျွှတ် အောင်ကိုးစားလည်း
ဒီလိုပါပဲ ထိုင်နေယင်းနင့် ငါအရက်ပဲ သောက်တော့မယ်။

ရန်ကုန်မှာနေတုန်း ပုဆိုးဝတ်မလို့ ဘလော့ဖတ်တော့ ကျော်ရခွရတာကျွှတ်ကျမှာ စိုးလို့ ဘောင်းဘီဝတ်လည်း အဆင်မပေတော့
နောက်မှေ၇းတော့ ဖတ်တော့မယ်။
လောလောဆယ် ကျောက်ခောတ်လူသားလို ၀တ်ပီး ဘီယာပဲ ထိုင်သောက်နေတော့မယ်။

ဆြာယော အလုပ်ပြုတ်ခြင်း

ဆြာယောရဲ့ အလုပ်က သင်္ဘော အရာရှိ တစ်ယောက်ဖြစ်တဲ့ အတွက် သင်္ဘောလိုက်ရပါတယ်။
အယင် နှစ်ပတ်လောက်က ဆြာယော သင်္ဘောပေါ်မှာ အမှားတစ်ခု ကိုကြူးလွန်ခဲ့ မိပါ တယ်။
အားလုံးပဲ ဝန်းစဉ်းစားပေးကြပါ။ ဆြာယော မှန်သလား မှားသလားဆိုတာ။
သဘောင်္ ကုန်းပတ် ဝန်ထမ်း တစ်ယောက် ဟာ ကုန်းပတ်ပေါ်မှာ တာဝန်ကြ ကြ မကြကြ မိမိသဘောင်္ရဲ့
လုံခြုံရေး။ပစ္စည်းတွေ လုံခြုံရေးကိုပါ တာဝန်ယူရပါတယ်။တခါတလေ သင်္ဘော ကိုလှည့်ပတ် စစ်ဆေးပေးရပါတယ်။
ဒါတွေက ကုန်းပတ်ဝန်ထမ်းတစ်ယောက် အတွက် အရေးပါဆုံးတွေထဲက အခြေခံ အချက်လေးတွေပါ။
ကုန်းပတ်တာဝန်ကျ အရာရှိ တစ်ယောက်ဟာအရမ်းကို ခေါင်းကြီးပါတယ် ကိုယ်ဘာမှ မသိလိုက်ရပဲနှင့်
သူများခိုးရောင်းစားသွားလို့ ထောင်ကျ အလုပ်ပြုတ်တဲ့သူတွေ အများကြီးပါ။မောင်ယောကတော့ တွေ့တာနှင့်
ပြောတာပဲ တားတာပဲ အဲလို အတားကောင်းလို့ အလုပ် ပြုတ်ခဲ့ရပေါင်းလည်းမနည်းဖူး။

အဲဆန်းတာက ဒီတစ်ကြိမ်လုံးဝ ခြားနားတယ်ဗျ။ဘယ်လိုလဲဆိုတော့
မောင်ယောက သင်္ဘောမှာ နေတာ အခန်းထဲမှာ အနေများတယ်။
အခုစီးခဲ့တဲ့သင်္ဘောလေးက ငယ်တော့ တနေ့တနေ့ ဒီလူ ဒီမျက်နှာတွေပဲ မြင်နေရတော့ ရိုးနေတာကိုး
ပြသနာတွေကို မြင်မှာစိုးလို့ ရှောင်တာလဲ ပါတယ်။မြင်လို့ ပြောမိနေယင် ပြသနာတွေဖြစ်မှာစိုးလို့
အဲဖြစ်ချင်တော့ မောင်ယော ကိုင်တဲ့ ဖုန်းက မိချင်တဲ့ အချိန်မိတယ် မမိချင် မမိဖူး
အဲဒီ့နေ့မှာပဲ မောင်ယောသူငယ်ချင်းတစ်ယောက်က မတ်ဆေ့ခ်ျပို့ ထားတာက မနက် ၁၁နာရီ ၄၅ မိနစ်
အဲ တကယ်ရောက်လာတာက ည ၂၃ ၃၀ နာရီ မှာရောက်လာတယ်
အဲ တာဝန်ချိန်ပြီးလို့ အိပ်တော့ မယ်လို့ တယ်လီဖုန် အစစ် မတ်ဆေ့ခ်ျ ပို့ ထားတာ တွေ့တာနှင့်
သူငယ်ချင်းဆီ ဖုန်းပြန်ဆက်ဖို့ သင်္ဘောပတ်ပြီး လိုင်းမိတဲ့ နေရာ လိုက် ရှာ တော့တယ်။
ဖုန်းလိုင်းတော့ မတွေ့ဖူး

ဘာတွေများတွေ့လဲ ဆိုတော့ သင်္ဘောရဲ့ အကြီး ဆုံးဆိုတဲ့ ကပ်ပီတန်ကြီး ဦးဆောင်ပြီး
ဆီခိုးရောင်းနေတာနှင့် တည့်တည့် တိုးပါတော့ တယ်။
အဲဒီ့ ကပ်ပီတန် (Captain ) ကို နာမည်နှင့် တကွရေးချင်ပေမယ့်
သူအမျိုးသမီးက စာပေနယ်က ဖြစ်နေတော့ မရေးတော့ပါဖူး။
မောင်ယောကို တွေ့တော့ အားလုံး ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေတော့ မောင်ယောလည်း
ရူးချင်ယောင်ဆောင်ပြီး ပြန်အိပ်နေခဲ့ပါတယ်။မနက်ကြတော့ မောင်ယောကို ဘာမ သတင်းမပို့ ဖို့မျက်နှာချိုသွေးပြီးလာတောင်းပန်တော့ မောင်ယော ရုံးကို ဘာမှ အသိမပေးတော့ ပါဖူး။

အဲဖြစ်ချင်တော့ နောက် ၃ ရက် လောက်က စပြီး သူနှင့် အပေါင်းအပါ တချို့ က မောင်ယောကို နည်းမျိုးစုံနှင့်
တိုက်ခိုက်ကြတော့ တခါတလေ မောင်ယောလည်း လူပဲ လေ တခါတလေ အမှားတွေရှိတာပေါ့။
တာတွေ ကို နင်းပြီး ရုံးကို သတင်းပို့ ပြီး မောင်ယောကို ဖြုတ်တော့တာပါပဲ။
အဲပိုဆိုးတာက အဲဒီ့ ကပ်ပီတန်ကြီးက သင်္ဘောမှာ သူ့ရဲ့ ညီ အပါအဝင် အမျိုးအဆွေတွေ အများစု
က သင်္ဘောမှာ ရှိနေမှန်း မောင်ယော နောက်ကြမှ သိလိုက်ရတယ်။
သူမလို့ လုပ်ရက်တယ် သူ့ တပည့်လေးတွေ နေ့ဖက် တနေကုန် ပင်ပင်ပန်းပန်း သံချည်းခေါက်
ည အားလုံးနှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့ အချိန်မှာ ဆီခိုးရောင်း။
ဒါကို ကန့်ကွက်ပြီး ဝေပေးလိုက်ဖို့ ပြောတဲ့ မောင်ယောကို အလုပ်ထုတ် ကျန်တဲ့ လူတွေ ဝင်မရှုပ်နှင့်
သတိထားလို့ ပြောတဲ့ Captain ကြီး စာရေးဆရာမယောင်္ကျားကြီး မင်းလခရဲ့ ဆယ်ပုံတစ်ပုံတောင်
မရတဲ့ သူတွေကို မင်း ဒီလိုပဲ ..........ဆက်လုပ်နိုင်ပါစေလို့။

ပြီးတော့ ဒါက ပညာရှင်တွေ သိတယ်
Captain ကြီးရေ တစ်သက်လုံးမှတ်ထား I.S.O 9002
ဆိုတာ I.S.M နှင့် လားလားမှ မဆိုင်ဖူး ဆိုတာ။

ဆြာယောဆုတောင်း။ ။ နေ့ဖက် သင်္ဘောသားတွေ ကို နင်းကန်ပင်ပမ်းအောင်ခိုင်း ညဖက် သူတို့ တွေ
ကို မူးအောင် သောက်ခိုင်းပြီး ဆီခိုးရောင်းတဲ စက်ချုပ်ကြီးတွေ ကပ်ပီတန်ကြီးတွေ
ရေကြောင်းလောက ကနေ မြန်မြန်ပျောက်ကွယ်ပါစေလို့။

နောက် မောင်ယော ဆုံးဖြတ်ချက် တစ်ခုကိုပြတ်ပြတ်သားသား ချလိုက်တယ် ကိုကတော့ သူအလုပ်ထိခိုက်
မှာစိုးလို့ ဘာမှရုံးကို သတင်း မပို့ ခဲ့ တာ သူကတော့ ညီအကိုတွေ ပေါင်းပြီး အကွက်တွေ ဆင်လိုက်ကြတာ
မောင်ယော ရန်ကုန်ပြန်ရတော့တာပဲ။ဘယ်သူကို မဆို မသနားတော့ဖူး ချွန်တွန်းလုပ်ပြီး အဆင်းဘီးတပ်
ပေးတော့မယ် နောင်များဆို ဘယ်သူကိုမှ မသနားတော့ဖူး။

ဇိုးကြီးကို သနားတယ်


ကြည့်လိုက်ပါ တခါတလေ ဒါလည်း ဆြာယော ဘဝပဲ
အခုဓာတ်ပုံတွေကို ခနနေတင်ါပ့မယ့်
လောလောဆယ် ပါတီ မပြီးသေးလို့ပါ
အသံက ရုပ်ထက်နောက်ကျနေတယ်
ပီဒီယို ဖိုင်တင်တာ မရလို့ နောက်နေ့မှ တင်မယ်။

သီးခံပြီး တွဲကြည့်ပါ

ဧပြီ လက်ဆောင် ဆြာယောရဲ့ ပီယ ဆေးတော်ကြီး

ယနေ့ အခါ သမယသည် လွတ်လပ်သော သူများအတွက် လွတ်လပ်စွာ ရူးကြပျော်ကြသော အချိန်ဖြစ်ပါသည်။
မောင်ယောလည်း နည်းနည်းလောက် ရူးကြည့် အုံးမယ်။ရီးစားကြောက်ရသူတွေ မိန်းမကြောက်ရသူတွေ
မရူးရဲတာ ကို ကျွန်တော် မောင်ယော ရူးကြည့်မယ်။
လာကြည့် သူတွေကို ပီယဆေး စော်ကြည် ဆေး ဖော်စပ်နည်းလေး လက်ဆောင်ပေးမယ်။
ဆေးနည်းလေးကတော့ မောင်ယောရဲ့ ဆရာ ယောဆရာကြီးဖော်စပ်ထားတဲ့ နည်းလေးပါ။
တကယ်အ သုံးဝင်မဝင် ဆိုတာ စမ်းသပ်ကြည့်ပေါ့။မောင်ယောတော့ မစမ်းရသေးဖူး။
ဒါပေမယ့် ဆေးက တကယ် စွမ်းတယ်နော် မောင်ယောကိုပြောပြတဲ့ ပုဂ္ဂိုကြီးလည်း သူကိုယ်တိုင် ဒီဆေးနည်း
သုံးခဲ့လို့ မိန်းမရတာ ဆိုပဲ။ဆေးနည်းလေးမပြောခင် ဆေးနည်းဘယ်လို ရလာလဲဆိုတာ အယင်ပြောပြပါမယ်။
တခါတုန်းက ရွာတစ်ရွာမှာ အရမ်းဆိုး အရမ်းပေ တဲ့ လူတစ်ယောက်ရှိတယ် သူတို့ရွာမှာဆို သူက ရပ်ကြော်ရွာကြော် အော့ကြောလန် အိမ်ရှိပါတယ် ဒါပေမယ့် သူ့ကို ရှာချင်ယင် ရွာထိပ်ကထန်းတောရယ်
ဖဲဝိုင်းရယ် မှာပဲရှိတယ်။သူ့မိဘမပြောနှင့် ရွာဦးဆရာတော်တောင် သူ့ကို ဆုံးမရတာ လက်ညောင်းအာပေါက်ပြီး
လက်မြောက်ထားရလောက်အောင် ကိုဆိုးတာ။အဲဒါပေမယ့် သူကြောက်တဲ့ တစ်ယောက်တော့ရှိတယ်။
ထုံးစံအတိုင်း ရွာ ကွမ်းတောင်ကိုင် ကျောင်းဒကာရဲ့ သမီးအလိမ်မာလေးပါ။ကောင်မလေးကလိမ်မာပြီး
လူကြီးမိဘကို ရိုသေ ဘုရားတရားနှင့်နေတာများတယ်။သူတို့နှစ်ယောက် အကြောင်းကို တစ်ရွာလုံးကလည်း
သိကြပါတယ်။လူပေကြီးကလည်း ကောင်မလေးကို ၅ နှစ် ၅ မိုးတိုင်တိုင် သူလေးမှ သူလေး ချစ်ရေးဆိုနေခဲ့တာ
ကောင်မလေးက လူပေကြီးရဲ့ မိဘတွေ မျက်နှာကြောင့် အိမ်လာလည်ယင် စကားတော့ပြောပါတယ်။
ဒါပေမယ့် သူကလည်း လူပေကြီးကို လုံးဝ ကြည့်မရဖူး မုန်းလည်း မုန်းတယ်။ဘယ်ကြိုက် နိုင်ပါ့မလဲ
ဗြဒါးတစ်လမ်း သံတစ်လမ်းဖြစ်နေတာကိုး။အစကတော့ ကောင်မလေးက စည်းရုံးကြည့်သေးတယ်။
လူပေကြီးကလည်း သူ့လမ်းသူလျှောက်တယ် တနေ့ သူ့ကိုပြန်ချစ်ရမယ်ပေါ့ဆိုပြီး။

အဲတနေ့တော့ လူပေကြီးအတွက် အခွင့်အလမ်းကပေါ်လာပါပြီ။
သူတို့ရွာကို အောက်လမ်းလော အထက်လမ်းလော မသိတဲ့ ဆေးဆရာကြီးတစ်ယောက်ရောက်လာတယ်။
လူပေကြီးလည်း ဆေးဆရာကြီးနှင့် တည့်အောင်ပေါင်းပြီး ပီယဆေးဖော်နည်း တောင်းပါတယ်
နောက်ဆုံး ဆေးဆရာကြီးလည်း နားပူခံရတာ သက်သာအောင်ဆိုပြီး ပီယဆေးဖော်နည်းကို လျှို့ဝှက် နုတ်လုံဖို့
ကတိတွေအထပ်ထပ်တောင်းပြီး ပေးလိုက်ပါတယ်။ဆေးနည်းကတော့

ကိုယ်ကြိုက်နေတဲ့ အပျို လေး ဆီက တစ်ခုရအောင်ယူရပါမယ်။
တောရွာဒီမှာတော့ လွယ်တယ်
ဘာပစ္စည်းလည်းဆိုတော့ ကောင်မလေး မနက်အစောဆုံး ထပြီးသေးပေါက်တာကို စောင့်နေရမယ်
ပြီးတော့ ကောင်မလေး ပေါက်သွားတဲ့ သေးကွက်ကို(မြေကြီးပေါ်မှာ ပေါက်မှရမှာ)တူရွင်းဗျားနှင့်
အတုံးလိုက်ရအောင် ပတ်ပတ်လည်တူးယူရမယ်။ရပြီဆိုတာနှင့် အိမ်ကိုပြန်လာသိမ်းထား
နေ့လည် နေအမြင့်ဆုံးမွန်းတည့်ချိန်ထိ အဝတ်မလှဲပဲ စောင့်နေရမယ် ကြားထဲမှာ မအိပ်ရဖူ။
ပြီးယင် မွန်းတည့်တာနှင့် စောစောကတူးလာတဲ့ မြေကြီးခဲကို အိုးကင်းနှင့် လှော် မြေကြီးခဲတွေပူလာပြီ
ဆိုယင် မီးဖိုပေါ်ကချ စကောထဲထည့် စောစောကိုယ်မှာ ဝတ်ထားတဲ့ အဝတ်အစားတွေကို အကုန်ချွတ်
ကိုယ်လုံးတီးနှင့် မြေပူခဲတွေကို ကိုယ့်ရဲ့ အဝတ်နှင့် မြေမှုန်ဖြစ်သည်အထိ ဖွတ်ရပါမယ်။ဖွတ်တာဆိုတာ
ခြေတာကိုပြောတာ။မြေမှုန်တွေ ရပြီဆိုသိမ်းထားတော့ ပီယဆေး ကတော့ရပြီ အသုံးချဖို့ပဲ လိုတော့တယ်။
ဆေးနည်း ရတောလူပေကြီးလည်း ဆေးရအောင်ဖော်တာပေါ့ ကံကောင်းချင်တော့ ဒီရက်ပိုင်း မှာ လူပေကြီးရဲ့
အိမ်သားတွေအားလုံး ကတခြားရွာကိုသွားနေတော့ အိမ်မှာတစ်ယောက်တည်း အဆင်ပြေစွာနှင့်ဖော်စပ်လို့ပြီးသွားပြီ။အသုံးချနည်းကတော့
ညနေမှာ ကောင်မလေးဆီ အလည်သွား ပုဆိုးဝတ်သွားရမယ် ဘောင်ဘီ မဝတ်ရဖူး
မနက်က ဖော်ထားတဲ့ဆေးကို မသွားခင် တစ်တို့လျှာနဲ့ရက်
ကောင်မလေးအိမ်ရောက်တော့ လည်းဘာမှမပြောရသေးခင် နောက်တစ်တို့
ပြီးယင်ကောင်မလေးနှင့် စကားပြော အောင်မယ် ဒီနေ့တော့ ဆေးတန်ခိုးကြောင့် ထင်တယ်
ကောင်မလေးက စကားကောင်းတွေပြောလို့ လူပေကြီးလည်း စကားပြောလို့ ပြီးပြီ ပြန်တော့မလို့
ပြန်ခါနီးမှာ နောက်တစ်တို့ ရက်ရမှာ ရက်ဆားစားသလိုပေါ့။
ကျန်သွားလို့ ဆေးကို ပဆိုးခပေါင်စထဲ ထည့်ယူသွားရမှာ လက်နှင့်ကိုင်မသွားရဖူး။
ပြီးတော့ လက်ငြိုးလေးနှင့် ရက်ဆားလေးစားသလို တို့ ရမှာ။
ပြန်ဖို့နောက်ဆုံးတစ်တို့ စားအပြီး ကောင်မလေးက
“ကို........မနက်က ကျွန်မသေးပေါက်ထားတဲ့နေရာကို လာတူးတာရှင်မဟုတ်လား”
လူပေကြီးလည်း တချိုးတည်းလစ်ပြေးတော့တာပေါ့။

အဲနောက်ဆုံးတော့ သူတို့ငြားသွားကြတယ်ဗျ
တစ်ရွာလုံးကတော့ သို့လောသို့လောနှင့် ဘယ်လိုဖြစ်လို့ငြားသွားတာပါလိမ့်ဆိုပြီးစိတ်ဝင်စားနေကြတယ်။
ဒါပေမယ့် ကာယကံရှင် အမျိုးသမီးက ဆေးဆရာကြီး ဆြာယောကို ဘယ်လိုလာပြောလဲ ဆိုတော့

နောက်ထပ် ဘာဆေးမှ မဖေါ်ပါနှင့် တော့ ကျွန်မကို..........ယူချင်လွန်းလို့ ယူတာမဟုတ်ဖူး ဆြာယောရဲ့
ဆေးနည်းနောက်တစ်မျိုးထွက်လာယင် ကျွန်မ မတွေးရဲလို့ပါ
ကို........ကတော့ ပီယဆေးစွမ်းတယ်ဆိုပြီး ဆြာယောကို လေးစားလွန်းလို့ မင်္ဂလာပွဲ မှာတောင် ကန်တော့ခံ
ပု၈္ဂိုအနေနှင့် ဖိတ်လိုက်သေးတယ်။

မယုံတဲ့လူတွေ စမ်းကြည့်ကြပါ။

အကြွေးနှင့် အချစ်

မောင်လေးငယ်
အိမ်မှာ သားယေင်္ကျားလေး အငယ်ဆုံးဖြစ်လို့ သူ့ ကို အမတွေက ချစ်စနိုးနှင့် ခေါ်ရာကနေ ဒီနာမည် တွင်ခဲ့ရတာ။
သူ့မှာ နာမည် အရင်းရှိပေမယ့် အတန်းထဲမှာ ဆရာမက ခေါ်တာက လွဲလို့ အားလုံးက သူ့ကို မောင်လေးငယ်
လို့ပဲ ခေါ်ကြ သိကြတယ်။သူ့ဘဝလေးက အဆင်ပြေတယ်လို့ ဆိုရမယ်။သူနေတဲ့ မြို့ ငယ်လေးမှာ သူတို့မိသားစုက
လူလတ်တန်းစား လို့ ပြောရမယ်။သူ့အဖေက ဆီစက်ငယ်လေးတစ်လုံးနှင့် နေ့တိုင်း အလုပ်ရှုပ်နေတာ။အမေက
အိမ်ရှင်မကောင်းပီသတဲ့ အမေကောင်းတစ်ယောက်။သူ့မှာအကိုတွေမရှိဖူး အမလေးယောက်နှင့် နေရတော့
အငယ်ဆုံးသားလေးဆိုတော့ လိုတိုင်းတ ရမယ်ဆိုတဲ့ မိသားစုရဲ့ အချစ်ဆုံးလေး။ပြီးတော့ သူနေတဲ့ မြို့ငယ်လေးမှာ
သူနှင့် သက်တူရွယ်တူ သူငယ်ချင်းတစ်ယောက် ရှိတယ်။သူအရမ်းခင် အရမ်းချစ်တဲ့ ကောင်မလေးပေါ့။
မောင်ငယ်လေးက မိသားစုထဲမှာ အခွင့်ထူးတွေ ရနေပေမယ့် သူကလိမ်မာတယ်။စာကြိုးစားတယ်။
ယဉ်ကျေးတယ် ပတ်ဝန်းကျင်ကလဲ မောင်ငယ်လေးကို ချစ်ကြတယ်။သူ့ဘဝက ဘယ်လောက်အားကြစ၇ာ
ကောင်းလဲ။ဒါပေမယ့် သူ့ပတ်ဝန်းကျင်မှာ သူတစ်သက်လုံးနေလို့ မရမယ့် ကံသူ့မှာ ပါလာတယ်လို့ပြောရမလား။
သူရွေးချယ် ခဲ့တဲ့လမ်းက သူ့ပတ်ဝန်းကျင်မှာ လုပ်လို့ မရတဲ့ အလုပ်ဖြစ်နေတယ်။သူကျောင်းသွားတက်ရတော့မယ်။သူအားလုံးကို နှုတ်ဆက်ပြီးပေ မယ့်သူနှုတ်ဆက်ချင်တဲ့
တစ်ယောက်ကျန်နေသေးတယ်။ဒီလိုနှင့် သူလည်း မုသားတချို့ကို ဘဝမှာ မိသားစုအပေါ် ပထမဆုံး
သုံးပြီး သူချစ်တဲ့ သူကို သွားနှုတ်ဆက်တယ်။တကယ်တော့ အိမ်ကလည်း သိတာပါပဲ။ဖွင့်မပြောတာပဲရှိတယ်။
မောင်ငယ်လေးကလည်း အ၇မ်းရိုးသားတော့ ဖွင့်မပြောရဲဖူး။
မောင်ငယ်လေးရဲ့ ကောင်မလေးက သူတို့ မြို့လေးမှာ စတိုးဆိုင်လေး ဖွင့်ထားတာ မောင်ငယ်လေးက
လူကြီးတွေ အထူးသဖြင့်သူ့အကို မသိအောင် တွေကြရတာ မြိုလေးက သေးတော့ တွေ့ယင်တောင်
စကားလေးပြောခွင့်ရယင် ကံကောင်းတယ်။ပြီးတော့ ကောင်မလေးအကိုကလည်း မောင်ငယ်လေးကို
သိပ်မကြည်ဖူး။ကောင်မလေးကလည်း မောင်ငယ်လေးကို ချစ်ရှာပါတယ်။
မောင်ငယ်လေးက ကျောင်းသွားတက်တော့မှာ ဆိုတော့ နှတ်ဆက်ချင်တာပေါ့။
ဒါနှင့်တွေ့ကြပါပြီ။တွေ့တဲ့နေရာက သူတို့မြို့လေးရဲ့ အလှဆုံးဆိုတဲ့ ဆိပ်ကမ်းနားက ဘုရားလေးမှာ။ဘုရားက
သူတို့မြို့လေးရဲ့ အနောက်ဖက် မြို့စွန်နားမှာ။ဘုရားနားက အသုတ်ဆိုင်လေးကတော့ ချစ်သူတွေ စကားပြော
ဆုံတွေ့ကြတဲ့ နေရာလေးပေါ့။
“ဗီးနပ် မနက်ဖြန်ငါ ရန်ကုန်သွားရတော့မယ်”
“ငါသိပြီးပါပြီ”
“ငါကတော့နင့်ကို လွမ်းနေမှာ”
“နင်ကပြောတော့ လွမ်းနေမှာ ငါကတော့ နင့်ကိုစိတ်မချဖူး”
“ဘာဖြစ်လို့လဲ”
“ရန်ကုန်သူတွေက လည်ကလည်နှင့် နင်ငါ့ကို ပြစ်သွားမှာ စိုးတယ်။”
“ငါ့ရင်ထဲမှာ နင်ပဲရှိတာပါဟာ”
ဒီလိုနှင့် အလွမ်းလေးတွေသယ်ပြီး မောင်ငယ်လေးလည်း ရန်ကုန်ရွှေ မြို့တော်ကြီးမှာ စာသင် တစ်နှစ်
ဆယ်ခေါက်လောက် မြိုလေးကို ပြန် အကြောင်းပြချက်ကတော့ အိမ်ကိုလွမ်းလို့ တကယ်တော့
ဗီးနပ် ထက် သူ့ကိုဆွဲဆောင်နိုင်တာ သူတို့မြို့လေးမှာ မရှိပါဖူး။မိသားစုတော့ လွမ်းတာပေါ့။

အဲဒီနှစ်ကတော့ မောင်ငယ်လေးအတွက် ကံကောင်းခြင်းတွေ ပြည့်စုံတယ်လို့ ပြောရမဲ့နှစ်ပါ။
ကံဆိုးတာကတော့ တစ်ခုပါပဲ သူ့အတွက် အိမ်ကပိုက်ဆံမပို့တော့တာပဲ။
သူကခလေးမဟုတ်တော့ဖူး ဘွဲ့ရပြီးအလုပ်တောင်ရနေပြီ ကိုယ်ပိုက်ဆံကိုယ် ရှာတတ်ပြီ
ဒီတော့ “ငါသား မင်းကိုယ့် ဝင်ငွေကိုယ် လောက်အောင်သုံး”ဆိုတဲ့ သူ့စည်းကမ်းကြီးတဲ့ သူ့မိဘရဲ့ မူကြောင့်
သူ့အိမ်ကသူ့ကို ငွေမပို့တော့တာပါ။မပို့လည်း ရပါတယ် ဘာလို့လဲ ဆိုတော့ မောင်ငယ်လေး ရဲ့အလုပ်ကလည်း
ဝင်ငွေကောင်းတယ်လေ ဝင်ငွေ ကောင်းလို့ပဲ သူငယ်ချင်းတွေနှင့် စုပြီး တိုက်ခန်းတောင်ငါးနေလိုက်သေးတယ်
ပိုပြီးဆိုးတာက သူတို့ငါးနေတဲ့ တိုက်ခန်းအောက်တယ်လီဖုန်းဆိုင်က မို့မို့လေးကပါ သူ့ကို စိတ်ဝင်စားနေတယ်
ဒါပေသည့် မောင်ငယ်လေးရဲ့ ရင်ထဲမှာတော့ ဗီးနစ်မှ ဗီးနပ် ပဲ ကျန်တာတွေသူစိတ်မဝင်စားဖူး။
မို့မို့လေးကလည်း ရိုးသားအေးဆေးတဲ့ မောင်ငယ်ကို စိတ်ဝင်စားတာမဆန်းပါဖူး ခက်တာက မောင်ငယ်
ကိုယ်တိုင်က ဗီါ်နပ်ကလွဲပြီး သူ့ရင်ထဲမှာ ဘယ်သူမှ မရှိဖူ။အဲလောက်ထိ အချစ်ကြီးတာ။
အဲဖြစ်ချင်တော့ ဒီနှစ်မှာပဲ ဗီးနပ် တို့ မိသားစုလိုက် ရန်ကုန်ပြောင်းလာကြတယ်။
မောင်ငယ်လေးက ပျော်တာပေါ့ ချစ်သူနှင့် နေ့တိုင်းနီးပါးတွေ့ခွင့်ရတာ။

အဲခက်တာက ဗီးနပ်က မောင်ငယ်လေးကို မို့မို့ လေးနှင့် မသင်္ကာဖူးဖြစ်လာပြီး နေရာပြောင်းဖို့ပြောတယ်။
ဒါပေမယ့်မောင်ငယ်လေးက သူငယ်ချင်းတွေပေါ် ခင်မင်မှု့နှင့် နေရာမပြောင်းပဲ ဆက်နေတယ်။
“ဗီးနပ်ရယ် ငါနင်တစ်ယောက်ထဲကိုပဲ ချစ်တာပါ”
“ဒါဆိုနင် ငါ့စကားကိုဘာလို့ နားနထောင်တာလဲ”
“သြော် သူငယ်ချင်းတွေ ကြောင့်ပါ ပြီးတော့ အခန်းကလည်း ငါးထားတာ မပြည့်သေးဖူး”

မောင်ငယ်လေး အကြောင်းပြလို့ ကောင်းနေတုန်း မောင်ငယ်လေးအလုပ်က ရုတ်တရက် အနားပေးခံရပါတော့တယ်။တကယ်တော့ သူမလုပ်တဲ့ အပြစ်တစ်ခုကို သူကကြားဝင် တာဝန်ယူတော့
သူ့ပဲ အရေးယူခံရတာပေါ့။အလုပ်မလုပ် ရတော့ လခမရတော့ဖူး။လခမရတော့ စားသောက်နေထိုင် စရိန်ကြီးတဲ့
ရန်ကုန်မှာ မောင်ငယ်လေးဘယ်လိုနေမလဲ။အသိသကြွမ်း မိတ်ဆွေကလည်းနည်း အိမ်ကလည်း မပို့တော့။
နောက်ဆုံး မောင်ငယ်လေး မိသားစုဆီကလည်း ပြန်မတောင်းချင်တော့ ဗီးနပ်ကို အပူကပ်မိတယ်။
ဗီးနပ်ကလည်း ကူညီချင်ပါတယ် ဒါပေမယ့် မောင်ငယ်လေးကို မကျေနပ်ဖူး မို့မို့ လေးနှင့်ဝေးအောင်နေဆိုလည်း
မနေဖူး ပြီးတော့ ဖြစ်တဲ့ဟာကလည်း သူများအစား ဝင်ပြီးသူတော်ကောင်းလုပ်တာ။
“ဗီးနပ်ရေ ငါ့ကို ပိုက်ဆံ တစ်သောင်းလောက် ခဏချေးပါဟာ”
“နင်ဘယ်တော့ ပြန်ပေးမှာလဲ”
“ငါနောက် လကြယင်ပြန်ပေးပါ့မယ်”
“တကယ်နော်”
“တကယ်ပါ နင်ကလည်း ငါတို့ ရီးစားဖြစ်လာတာလည်းကြာပြီ နောက်ဆို ငါရှာသမျှ နင့်ကိုအပ်ရမှာပဲဟာ”
“ပြီးရော နောက်လပြန်မပေးလို့ကတော့ တွေ့မယ်”

ဒီလိုနှင့် မောင်ငယ်လေးလည်း ဗီးနပ်ဆီက ငွေတစ်သောင်း ခဏချည်းပြီး အလုပ်သစ် လိုက်ရှာတာ လူသာမောတယ် အလုပ်က မရ ဒီကြားထဲ အဖေ့ ဆီကများ အကူအညီ ရမလားဆိုပြီး တောင်းကြည့်တယ်
မရတဲ့အပြင် အကြီမ်းတောင်ခံရသေးတယ်။အဖေက အလုပ်နားရတာ မသိသေးဖူးကိုး။
၂ လလောက်ကြာတော့ ဗီးနပ်က လာပြီ ပြောပြီ
“နင်ငါ့ ပိုက်ဆံ ပြန်ပေးတော့လေ”
“အေးပါ တစ်ပါတ်လောက်စောင့်ပါအုံး”
“တာနှင့်နင် ဟိုဖုန်းဆိုင်က ကောင်မလေးနှင့် တော်တော် တွေ့နေတယ်ဆို”
“နင်မသိပါဖူးဟာ”
“ဘာ၇ယ်”
“ဘာမှ မဟုတ်ဖူး ငါပြန်တော့မယ်”
“နင်နောက်တစ်ယောက် ရှိနေပြီဆို ငါ့ဆီလာမနေနဲ့”

ဟူး........အလုပ်ကလည်း မ၇သေး ချစ်သူဆီက ယူထားတဲ့ အကြွေးတစ်သောင်း ဘယ်လိုဆပ်ရမလဲ။
ဒီလိုနှင့် မောင်ငယ်လေးလည်း အကြွေးမဆပ် နိုင်သေးတော့ ကောင်မလေးကို ရှောင်
နောက်ပြီး ဖုန်းဆိုင်မှာ အကြွေး ဆက်နေရတော့ မို့မို့လေး ကြေနပ်အောင် စကားတွေ ထိုင်ပြော
ရီမောနေတုန်း ဗီးနပ်က တွေ့ အကြွေးပေးရမှာ မပေးနိုင်သေးတော့ ပြေး
တစ်ကြိမ် ။နှစ်ကြီမ် ။
လေးငါးကြိမ်လောက် ရှိတော့ ဗီးနပ် လေးလည်းပေါ်မလာတော့ ဖူး။

ဝူးအခုမှပဲ နည်းနည်းစိတ်အေးရတော့တယ်။
ချစ်သူကိုတွေ့ချင်ပေမယ့်လည်း အကြွေး တစ်သောင်း
ဟင်း.............
သက်ပြင်းရှည်လေးချပြီးတော့ နေတဲ့ မောင်ငယ်လေးရဲ့ ဘဝ
တစ်ရက်တော့ အမကအလုပ်နားရတာသိပြီး ပိုက်ဆံပို့ လိုက်မယ်ဆိုပြီးဖုန်းဆက်တော့ ပျော်လိုက်တာ။
နောက်နေ့ကြတော့ မနက် ၁၀ နာရီလောက် သူငယ်ချင်းတွေအားလုံး အလုပ်သွားကြပြီ
အိမ်မှာ မောင်ငယ်လေး တစ်ယောက်ပဲရှိနေတုန်း စာပို့သမားက ခေါင်းလောင်းကြိုးလာဆွဲတော့ ပျော်သွားတာပေါ့။ပိုက်ဆံရပြီ အယင်ဆုံးချစ်သူကို အကြွေးဆပ်ပြီး သေချာတောင်းပန်၇မယ်။
ခေါင်းလောင်းကြိုးကို ဆွဲယူတော့ စာက သုံးဆောင်ဖြစ်နေတယ်။ပထမ တစ်ဆောင်ဖောက်ကြည့်တော့
အမဆီက ငွေပို့တဲ့စာ OK သွားထုတ်ပြီး ဒီနေ့ ဗီးနပ်နှင့် တွေ့မယ်ပေါ့။

ဒါနှင့် နောက်တစ်စောင် ကြည့်လိုက်တော့ ရုံးက အလုပ်ပြန်ဆင်းခိုင်းတဲ့စာ မောင်ငယ်လေးမှာ အပြစ်မရှိဖူးဆိုတာ အားလုံးကသိသွားကြပြီးပြန်ခေါ်တဲ့စာ။ဒီနေ့တော့ မောင်ငယ်လေးတို့ ထီပေါက်ပြီ။
မတွေ့ရတာ ၆ လလောက် ရှိပြီ ဖြစ်တဲ့ ဗီးနပ်လေးနှင့် လည်းတွေ့ရတော့မယ်
အလုပ်ကလည်း ပြန်ခေါ်နေပြီ
ငါကွ

ဝမ်းသာအားရနှင့် နောက်ဆုံးတစ်စောင်ကို ဖွင့်ကြည့်တော့
အောင်မယ်သူက နည်းနည်းထူတယ် ကြည့်ရတာ လက်ဆောင်ပစ္စည်းတွေထင်တယ်
ဖွင့်လိုက်တော့

သို့// ကို ငယ်

ဗီးနပ် ကိုငယ့်ကို အရမ်းစိတ်နာတယ်။ဒီက ကိုငယ်အလုပ်နားနေရလို့ လာကြည့်တာတောင်
အတွေ့ မခံဖူး ပြီးတော့ မို့မို့နှင့် ကြတော့ ပျော်လို့ ရီလို့ ၆ လဆိုတဲ့ အချိန်က ကျွန်မကို အသိတွေ အများကြီး
ပေးခဲ့တယ် နာကြင်မှုတွေ အများကြီးပဲ။ကိုငယ် ဗီးနပ်ကို မချစ်တော့ယင်လည်း ဖွင့်ပြောသင့်တယ်။
အခုဗီးနပ်ရဲ့ အချစ်ကို ဖိတ်စာနှင့် အတူ ပြန်ပို့လိုက်တယ်။

ကိုငယ့် ဘဝပျော်ရွင်ပါစေ။
ပုံ
ဗီးနပ်
မှတ်ချက် အကြွေးတစ်သောင်း ကို မင်္ဂလာပွဲ မတိုင်ခင်လာဆပ်ပါ။


လုပ်ရက်ပါပေ့ အချစ်ရေ စောစောက ပျော်နေတာလေးတွေတောင် ဘယ်ရောက်သွားမှန်း မသိတော့ဖူး
အလုပ်လည်း ရပြီ ပိုက်ဆံလည်း ရပြီ
ချစ်သူကိုတော့ လွတ်ကျရပြီ

သြော် အကြွေးတစ်သောင်းနှင့် မောင့်အချစ်ကို တန်ဖိုးဖြတ်ရက်လေတယ်ကွယ်။