ဂျပန်ရောက်တောလား

သက္ကရာဇ် ၂၀၀၀
ဂျပန် ပြည် တိုဘားတားဆိုတဲ့ မြို.ငယ်လေး ရောက်တုန်းကပေါ.
ဂျပန်မှာကဈေး ကြီးတော.ဘာမှမ၀ယ်နိုင် မသွားနိုင် ဆာကေးတောင်နည်းနည်းပဲ
သောက်ဖြစ်တယ်။
ဒါပေမယ့်ရောက်လေရာမှာ ဈေးဝယ်ချင်တဲ့ စိတ်ကမအောင့်နိုင်တော့
သူငယ်ချင်းသုံးရောက်နှင့်အတူ ယန်းတစ်ရာကုန်တိုက်ကို ချီတက်ကြပါတယ်။
ညဘက်ကြီးမှာသွားကြတာပါ။
လေးရောက်လုံးက ဂျပန်ကို ပထမဆုံး ရောက်ဖူးခြင်းပါ။
ဘာတွေဘယ်လိုရှိမှန်း မသိ မြေပုံကြည်.ပြီး စမ်းတ၀ါးဝါး သွားလိုက်တာ
ကုန်တိုက်ကြီးက လေးထပ်လား ငါးထပ်လား မမှတ်မိတော.ပါ။
ရောက်ပြီးမှတော့ ၀ယ်ဝယ် မ၀ယ်ဝယ် အပေါ်ဆုံးထပ်ထိတက်ကြည်.တာပေါ့။
စပါပြီဇာတ်ဆရာရေ
အပေါ်ဆုံးထပ်ရောက်ပြီး ကျွန်တော်က ပစ္စည်းလေး တစ်ခုကို
ကိုင်ကြည်.နေတုန်း ကုန်တိုက်ရဲ. ALARM ကမည်တော.တာပါပဲ။
ဒါမျိုးဆို တိုင်ပင်စရာမလိုတဲ့ သူငယ်ချင်းလေးယောက်သား
ဟေ့ကောင် ယောသားလက်ထဲက ပစ္စည်းကိုထားခဲ့
ပြေး
ဆိုပြီ အောက်ဆုံးထပ်ကိုဆင်းပြေးကြပါတော့တယ်။
အဲဒီမှာ ဂျပန်လုံခြုံရေး ၀န်ထမ်းတွေ က
"ချူနာပါတား ချူနာဘာတား" ဆိုပြီးလိုက်ဖမ်းပါတော့တယ်။
မြေညီထပ်မှာဘဲ ကျွန်တော်တို.လေးယောက်လုံး အဖမ်းခံလိုက်ရပါတယ်။
တာဝန်ရှိတဲ့ အရာရှိ ဆိုသူရောက်လာပြီး
သူဘာမှမမေးရသေးခင် ကျွန်တော်တို.က သူ.ကိုမေးပါတယ်။
ငါတို.ကိုဘာလို.ဖမ်းတာလဲ
သူကပြန်မေးပါတယ်
မင်းတို.ကဘာလို.ပြေးတာလဲ။
ငါတို.ကALARM မည်သံကြားလို.ပြေးတာ။
အဲဒီမှာဂျပန်တွေက၀ိုင်းရီကြတော.တာဘဲ
မေးကြည်.တော.မှ အဲဒီ့ ALARM က
ကုန်တိုက်ပိတ်ခါနီး အချက်ပေးတာပါတဲ့။

တခါတလေတော့လဲ လွဲတာပေါ့နော်။

0 comments:

Post a Comment