ကဗျာ လို့ထင်တာပဲ

ဒါ....ကဗျာလား


--- ကောင်းကင်မှာ
တိမ်သားတွေ ရွေ့လျှားနေ
ငှက်ကလေး တွေ တေးဆိုကာငိုကျွေး
လေအစုံမှာ ဝေ့ကာဝဲ ငါမြင်ရတဲ့(ခဏ)
ဒါ ကဗျာလား။
---ရေပြင်မှာ လှိုင်းကလေးတွေ
ပလုံစီကာ ဆော့ကစားနေ
ငါ့နားထဲ သာယာတဲ့ သံစဉ်တစ်ခုလို့
ထင်မိတဲ့ (ခဏ)
ဒါ ကဗျာလား။။
---ငါ့နားထဲ သံဇဉ်တွေ စီးဝင်နေ
ရင်ထဲမှာလှိုက်တာ ဂီတရဲ့စွမ်းအားတစ်ခုအလား
နူးညံ့တဲ့အရာတစ်ခုနှင့် ဝင်တိုက်တဲ့အခါ
အရာအားလုံးကို ငါမေ့မိတဲ့(ခဏ)
ဒါ ကဗျာတဲ့လား။
---စကားလုံးတွေ စုကာစဉ်းစား
အလှအပတွေ တွေးကာရေးတဲ့(ခဏ)
ဒါ ကဗျာတဲ့လား။ ။

2 comments:

MANORHARY said...

ဆြာလင်းဆက် မေးနေတယ်
ဒါကဗျာလားတဲ့ သုံးပုံနှစ်ပုံထဲမှာထားမလား
တစ်ပုံထဲမှာထားမလား..း)

Anonymous said...

ဘယ်ပြောကောင်းမလဲ နှစ်ပုံမှာ မှတ်ချက်နဲ့ထားမယ်။ :D

Post a Comment